ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, April 21, 2010

ပြည်သူ့ရှုထောင့်

> မြန်မာနိုင်ငံမှာ အရပ်သားအုပ်ချုပ်ရေးစနစ် နဲ့ အရပ်သားအစိုးရတစ်ရပ်ပေါ်ပေါက်ရေးအတွက် အားလုံးတတ်နိုင် သလောက် ဘက်ပေါင်းစုံက ၀ိုင်းဝန်းကျိုးပမ်းနေကြတာ နှစ်ပေါင်း နှစ်ဆယ်ရှိလာခဲ့ပါပြီ။ စစ်အစိုးရ တွေကလဲ ဒီမိုကရေစီ အရပ်သားအစိုးရ တစ်ရပ် ပေါ်လာရေးအတွက် သူဖယ်ပေးရမလို ဖြစ်နေုတော့ အကြောက်အကန် တင်းခံပါတယ်။
၁၉၈၈ အရေးအခင်းအပြီး တက်လာတဲ့ စစ်အစိုးရက တကယ်စိတ်မပါပေမဲ့ မကောင်းတတ်လို့ ပြည်သူတွေ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် တောင်းဆိုတာကို အသိအမှတ်ပြုတယ် ပေးမယ်ပြောပြီးမှ တဖြေးဖြေး ဒီမိုကရေစီဘက် သွားမဲ့ လမ်းတွေ အတွေးအခေါ်တွေကို ပိတ်ဆို့လာခဲ့ပါတယ်။ ၁၉၉၀ နောက်ပိုင်းတကယ် အာဏာလွှဲရမယ်လဲ ဆိုရော နောက်တွန့်သွားပြီး ဒို့မဖယ် ပေးဘဲ ဒို့သြဇာညောင်းတဲ့ အရပ်သားအစိုးရ တင်ပြီး ဒီမိုကရေစီ အစိုးရပါဘဲလို့ လုပ်ရင် ဖြစ်တယ်ထင်ပြီး မဆွဲဘူးပြောခဲ့တဲ့ အခြေခံ ဥပဒေအသစ် ဆွဲပြီး အခု၂၀၁၀ ရွေးကောက်ပွဲ ထ လုပ်တော့တာပါဘဲ။ ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်ပြောင်းဘို့ တောင်းဆိုသူတွေ ကိုတော့ လက်မတွဲဘဲ ရန်သူလို သဘောထားပြီး တစ်ယောက်မကျန် ထောင်ထဲ ထည့်ထား လိုက်ပါတယ်။ ပြည်သူအတွက် အသက်ပေးမယ် ဆိုခဲ့ပေမဲ့ အာဏာတော့ မပေးနိုင်တာ စိတ်ရင်းစေတနာ မမှန်ခဲ့လို့ပါ။
သတိထားမိ သလောက် သက္ကရစ် ၂၀၀၀ နောက်ပိုင်းမှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ခေါင်းဆောင်တဲ့ နအဖအစိုးရနဲ့ ဒေါ်အောင်ဆန်း စုကြည် ခေါင်းဆောင်တဲ့ ဒီမိုကရေစီ တောင်းဆိုသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တို့ရဲ့ ကွာဟချက်ထဲမှာ ကြားနေလိုလို ဘာလိုလို ၀င်လုပ်လာတဲ့ အုပ်စုတွေကို နအဖက ကြိုဆို လက်သတ်မွေး လာတာ တွေ့ရပါတယ်။ ၂၀၁၀ မတ်လကုန် မှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နအဖလုပ်ပေးမဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ တရားမျှတမှု မရှိဘူး၊ ဒီမိုကရေစီနည်းလမ်း မကျဘူး ဆိုပြီး ရွေးကောက်ပွဲ မ၀င်ဘူး အသိအမှတ်လဲ မပြုဘူး လို့ ကြေညာလိုက်ပါတယ်။ စောစောက ကြား (ကွာဟချက်) ဟာ သိပ်ကြီးမား သွားပါတယ်။ ထင်ထားကြတဲ့ အတိုင်းပါဘဲ ဒီမောင်တွေ ကြားနေစရာ မရှိတော့လို့ အားလုံး နအဖ ဘက်ကို ပြေးကပ် သွားကြပါတယ်။

ယုံကြည်သူ နောက်လိုက် အင်အား မရှိဘဲ ကိုယ့်ဟာကိုယ် အာကြယ် လေးတွေ လုပ်နေတာ ဘာမှမပြောလိုပါ။ ညစ်ကြယ်ကြယ်နဲ့ အခွင့်အရေး ရရင်ရသလို လက်တွေ့ အပင်ပမ်း အဆင်းရဲခံ လုပ်နေသူ တွေကို နောက်က လုံချည်စ လိုက်တက်နင်း နေတာက ဆိုးပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ဟာ စစ်တပ်ကို မကိုင်တွယ်တတ်ဘူး၊ နိုင်ငံရေး မကစားတတ်ဘူး၊ ဦးနှောက်မပါဘူး။ ဥဏ်မရှိဘူး၊ ခံစားချက် သက်သက်နဲ့ လုပ်နေတယ်။ နိုင်ငံရေးမှာ ကျားကစားသလို တစ်ကောင်ကြွေးပြီး နှစ်ကောင်စား ကင်းဝင် လုပ်တတ်ရမယ်။ လွှတ်တော်ထဲ အရင်ရောက်အောင် လုပ်ပြီးမှ စစ်အုပ်စုနဲ့ပြိုင် ဉာဏ်ကစား နိုင်ရမယ်” တဲ့၊ မိုးလုံး လေလုံး ကတော့ နားထောင်ရတာ တကယ့် နိုင်ငံရေး “ဖျံ” တွေ “ကျား” တွေဘဲ။
သူတို့ အဆိုအရ - မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်ပြောင်းဘို့ မှာ စစ်တပ်က တင်းခံနေတာ၊ စစ်တပ်ကို ရန်မူနေတဲ့ နိုင်ငံရေး သမားတွေ မရှိတော့မှပဲ ဖြစ်လာမှာ၊ အတိုက်အခံတွေရဲ့ တောင်းပွဲတိုက်ပွဲတွေ ရှိနေသရွှေ့ စစ်တပ်က အလျှော့ပေးမှာ မဟုတ်တဲ့ အကြောင်း၊ စစ်တပ်ကို ဘယ်သူကမှ မလွန်ဆန်နိုင်ဘူး။ မယှဉ်နိုင်ဘူး၊ စစ်တပ်က မလေ၊ျှာ့ပေးသ၍ မြန်မာနိုင်ငံမှာ ဘာဒီမိုကရေစီ ပြောင်းလဲမှုမှ မဖြစ်နိုင်ဘူး... တဲ့။ ဒီ သဘောတရား ကို အသေထားပြီး တွက်ပါတယ်။ ဒါကိုဘဲ မိုးကုတ် စက်ဝိုင်းလို သဘောထား စဉ်းစားတာမို့ ဒီထက်ပို ဝေးဝေး မမြင်နိုင်တော့ဘူး။ စစ်တပ်ကို သိပ်အထင်ကြီး အားကိုးလွန်းနေတယ်။ ပြည်သူနဲ့ ဝေးလွန်းတယ်။
ဒီမိုကရေစီ တောင်းဆိုသူတွေ လုပ်သမျှကို အခု ဗကပ မော်စီတုံး ကွန်မြူနစ်နည်းလို့ သမုတ်လိုက်၊ တော်ကြာ အနောက်သံရုံး ကတဆင့် တလကို ၆၈ ကြိမ် လျှို့ဝှက်ညွှန်ကြားချက် ယူတယ် လုပ်လိုက်၊ CIA က နိုဘယ်ဆုတွေ ပေးထားတယ် လုပ်လိုက်၊ တခါတလေ နအဖ လုပ်တာ နိုင်ငံတကာ ဥပဒေနဲ့ ညီညွတ်တယ် ရေးလိုက် မညီနိုင်ပြန်တော့လဲ တည်ဆဲ အစိုးရမို့ လိုအပ်သလို အရေးယူတာ၊ သူများနိုင်ငံတွေလဲ ဒီလိုဘဲလုပ်တာဘဲ၊ တည့်တည့်ပြစ်တာ ဘာဖြစ်လဲ ရေးလိုက်။ စစ်တပ်က ဖိနှိပ်လို့ လူထုက အုံကြွတာလား၊ လူထုက အုံကြွလို့ စစ်တပ်က ဖိနှိပ်တာလား သူတို့ မကွဲဘူး။
ရှစ်ခိုးတောင်းပန် မေတ္တာပို့နေတဲ့ လက်နက်မဲ့ ဆန္ဒပြပြည်သူကို အစိုးရက အကြမ်းဖက် နှိမ်နင်းတာကို ဘာမှမခံစား ရသလို သဘောထားပြီး ဒါသဘာဝဘဲလေ၊ သူတို့ကို ဆန့်ကျင်မှတော့ စစ်အစိုးရပါဆိုမှ သေနတ်နဲ့ ပြစ်မှာပေါ့လို့ ခပ်ပေါ့ပေါ့ ပြောနိုင်တဲ့ သူတွေဘဲ၊ ပြည်သူကို မိဘလိုသဘောထား ကြပါ၊ အကြမ်းမဖက် ဆန္ဒပြပွဲတွေကို စစ်အင်အား အသုံးပြုပြီး အကြမ်းဖက် နှိမ်နင်း တာမျိုး မလုပ်ပါနဲ့ လို့ နအဖအစိုးရကို တားတဲ့သူတွေနဲ့ မောင်ရင်တို့နဲ့ အတွေးအခေါ် ခံစားချက်ချင်း မတူတော့ပါ။ တွက်နည်းလဲ မတူနိုင်ပါဘူး။ ပြည်သူ့ထောက်ခံမှု ရတာခြင်းလဲ တခြားစီပါဘဲ။ ပြည်သူတွေက ပါးစပ်ဟ လိုက်တာနဲ့ ဘယ်သူဟာ ငါတို့အပေါ် မိဘလို ကောင်းမဲ့လူ ဘယ်သူဟာဖြင့် စိတ်ရင်းစေတနာ မပါသူ၊ ငါတို့အပေါ် စိတ်ကောင်း မထားသူလဲ သိတာပေါ့။
နအဖက သေနတ်နဲ့ပြစ်။ ဒုတ်နဲ့ရိုက်နှက် ဖမ်းပြီးထောင်ဒါဏ် နှစ်ရှည်တွေချတာ ပြည်သူတွေ သံဃာတွေကိုလို့ မပြောပါနဲ့တဲ့။ “နအဖကို ဆန့်ကျင်တော်လှန် ဆန္ဒပြနေသူတွေ” လို့ပြောပါ၊ သူတို့ကိုသာ နအဖက လုပ်တာတဲ့၊ ရှေ့နေလိုက်ပေးတာ၊ ဒီလောက်မှ နားမလည်ဘဲ နိုင်ငံရေး လုပ်ချင်သေးတယ်။ နအဖအစိုးရ ကိုဆန့်ကျင်လို့၊ နအဖဘက် မပါလို့ ပါ။ နအဖကို မဲ မပေးလို့ ပြည်သူ့အခွင့်အရေး အပြည့်အ၀ မရ ရတော့ဘူးလား။ အားလုံး တင်းပြည့်ကျပ်ပြည့် ပြည်သူပါ။ သေနတ်ကိုင် မထားသမျှ ကိုယ့်ကို ရန်မပြုသမျှ ကိုယ့် မိဘလို ဆက်ဆံရမှာပါ။ ဒီလောက်တော့ ခဏခဏ မပြောပါရစေနဲ့။ နားလည်ပါ။
နအဖ စစ်တပ်က စစ်သား ငါးသိန်းကို ပြည်သူ သန်းငါးဆယ်က မနိုင်ဘူးလားတဲ့။ အရှိန်လွန်ပြီး လက်နက်မဲ့ သားသည်အမေ၊ ကလေးငယ်၊ မိအိုဖအိုတွေ ပါတဲ့ ပြည်သူတွေက ကျွေးတဲ့ ထမင်းစားပြီး အသားလွတ် ချဲလင်း ခေါ်နေပုံကို ကြည့်ဦး၊ ဘယ်လောက် ကျေးဇူးကန်းတဲ့ ဦးနှောက်တွေလဲ ဆိုတာ။ မကြေနပ်လို့ လမ်းပေါ်ထွက် ဆန္ဒပြမယ်ဆိုရင် စစ်တပ်က သေနတ် ကိုင်ပြီး ပြုံးကြည့် နေမှာပေါ့၊ ရုရှားက ၀ယ်ထားတဲ့ အမ်အိုင်ဂျီ တိုက်လေယဉ် အသစ်ကလေးတွေနဲ့ လက်စွမ်းပြလိုက်မှာပေါ့ ဆိုဒါမျိုး ပြည်သူတွေ သေကျေပျက်စီး ရမှာကို ခတ်လွယ်လွယ် ပြောထွက်တဲ့ ပုဂ္ဂိုလ်လေးတွေ။
ဘာဥပဒေ ဘာစည်းမျဉ်းမှ မလိုက်နာဘဲ ဒါ ပြည်တွင်းရေးကိစ္စ ဘယ်သူမှ ၀င်မပြောနဲ့ ဆိုပြီး ကိုယ့်အိမ်မှာ ကိုယ့်နှမ၊ ကိုယ့်မိဘ၊ ကိုယ့်ပြည်သူကို ကိုယ်တိုင် မတရားကျင့် နေတာ။ ကုလကော ဘာကော တကမ္ဘာလုံးက မသင့်တော်ပါဘူး၊ မျက်နှာချင်းဆိုင် ဆွေးနွေး အဖြေရှာကြပါလို့ ၀ိုင်းတားနေတာ မရဘူး။ ကိုယ့်သားချင်းတွေကို လက်စွမ်းပြ နေတာ။ ဒါကို သူတို့က နအဖ နဲ့ NLD ရဲ့ ကြိုးဝိုင်းထဲက လက်ဝှေ့ပွဲပါတဲ့။ ဒိုင်က ဘန်ကီမွန်း ဆိုလားဘဲ။ မင်းတို့မို့ ပြောထွက်တယ်ကွာ။
အတိုက်အခံတွေက စည်းကမ်းမရှိဘူး၊ စစ်တပ်က စစ်စည်းကမ်းရှိလို့ တိုင်းပြည် အုပ်ချုပ်သင့်တယ်၊ ဆိုတာလဲ ပါသေး၊ တိုင်းပြည်မှာ စည်းကမ်း တင်းကျပ်လွန်းရင် လွတ်လပ်ပွင့်လင်းမှု မရှိရင် အညွန့်ချိုး သလိုဘဲ တိုင်းပြည်တိုးတက်မှု မရှိနိုင်ဘူး၊ ဟန့်တားတယ် ဆိုတာလဲ နားမလည်ဘူး။ ဒါဖြင့် ဘုန်းကြီးရဟန်း ၀ိနည်းတော်တွေက ပိုတောင် စည်းကမ်း ကြီးသေးတယ်။ ဒီလို စည်းကမ်းကြီးတိုင်း တိုင်းပြည် အုပ်ချုပ်ချင်လို့ ရပါ့မလား။ သဘာဝခြင်း မတူမှန်းလဲ မောင်ရင်တို့ မသိ။ မင်းတို့တော့ ဆလံပါဘဲ။
နအဖ အသုံးမကျတာ ငြင်းမရလို့ ၀န်ခံရတော့မယ်ဆို အနည်းဆုံး အားလုံး တူတူပါဘဲ၊ နအဖအသုံးမကျသလို NLD ကကော ဘာအသုံးကျလို့လဲ၊ စစ်တပ်က တိုင်းပြည်ကို စစ်အာဏာရှင် လုပ်သလို ဒေါ်စုလဲ ပါတီတွင်း အာဏာရှင် လုပ်တာပါဘဲ၊ နအဖ = NLD ဘဲ၊ ဦးသန်းရွှေ (စစ်အာဏာရှင်) = ဒေါ်စု (ဒီမိုအမည်ခံ အာဏာရှင်) လို့ ညီမျှခြင်း ချရေး လိုက်နိုင်ရင် မောင်ရင်တို့က နေ့တွက်စီတယ် ထင်နေသကိုး။
နအဖနဲ့ NLD မတူပါဘူး ဆိုတာ ရေးပြတော့လဲ ဟိုးအဝေးကြီးက ဘာမှမဆိုင်တဲ့ ဒေါ်စု နိုဘယ်ဆုရတိုင်း အထင်ကြီး စရာလား၊ CIA အမေရိကန်၊ အနောက်အုပ်စုက ခိုင်းစားမလို့ ဒေါ်စုကို လူမွေးတာ ဆိုတဲ့ သူငယ်နပ်စား စကားတွေ ထွက်လာတော့ ဆက်ပြောရတာ အချိန်ကုန်ပါတယ်။ ခေါင်းဆောင်လုပ်ပြီး လုပ်ပိုင်ခွင့် အာဏာယူ၊ ရာထူးယူ၊ တိုင်းပြည်ကပေးတဲ့ လခယူထား သူက သာမန်လူလို အသုံးမကျလို့ မဖြစ်ဘူး။ အသုံးမကျဘဲ ဒါတွေယူထားတော့ ပြည်သူက ဆင်းပါတော့လို့ အော်တာ မလွန်ပါဘူး။
ဒါမျိုးကျ System Change ဘဲတောင်းပါ Regime Change မတောင်းပါနဲ့တဲ့။ တယ်လဲ အချို ကြိုက်တတ်သကိုး။
နောက်ဆုံး မရရင် ဒေါ်စု အဖေသတ်တဲ့ အင်္ဂလိပ်နဲ့ ညားတယ်၊ မျိုးမစစ် ကပြားကလေး နှစ်ယောက်ရှိတယ်၊ ပိတ်ဆို့ခိုင်းတယ်၊ ဂျွန်ယက်တောကို တိတ်တိတ်ပုံး ချိန်းတွေ့တယ်နဲ့ မဟုတ်တာ များများ ရောသမမွှေပြီး နာလှချည်ရဲ့၊ ဒေါ်စု တိုင်းပြည် ခေါင်းဆောင် မဖြစ်သင့်ဘူး၊ ပြည်သူ ကဒါတွေမသိလို့ ၁၉၉၀ တုန်းက မဲပေးခဲ့တာ၊ အသိပေးရမယ်၊ ထလုပ်တော့တာဘဲ။ ပြည်သူက အချင်မဟုတ် အကုန်သိပါတယ်၊ တိုင်းပြည် ခေါင်းဆောင် ဘယ်သူ ဖြစ်ရမယ်ဆိုတာ ပြည်သူ ဆုံးဖြတ်ပါ လိမ့်မယ်။ မောင်ရင်တို့ ကိုယ်တို့ အလုပ်မဟုတ်ပါ။
မောင်ရင်တို့ တွေးခေါ်ပြုမူ ပြောဆိုပုံတွေက စစ်တပ်ကို ဗဟိုပြု၊ ကိုယ်စားပြုတဲ့ တွေးခေါ် ပြောဆိုပုံတွေပါ။ ပြည်သူတွေ နာချင်နာ စစ်တပ်မနာအောင် တွေးခေါ် ပြောဆိုပါတယ်။ ပြည်သူကို အခြေမခံပါဘူး။ ကိုယ်စားမပြုဘူး၊ ကြင်နာမှု မပြဘူး ဆိုတော့ ပြည်သူတွေနဲ့ ရှုထောင့်ချင်း မတူတော့ဘူး၊ ဒီလို စိတ်ရင်းစေတနာ မပါတဲ့ အတွေးအခေါ်မျိုးနဲ့ ပြည်သူထောက်ခံမှု မရနိုင်ပါ။ စစ်အစိုးရတွေ အဆက်ဆက် ပြည်သူထောက်ခံမှု မရ မအောင်မြင် ကျရှုံးခဲ့ကြတာ ဘာကြောင့်လဲ၊ အဲဒီအတွေးအခေါ် ကြောင့်ပါဘဲ။ မယုံရင် မောင်ရင်တို့ ပြောပြောနေတဲ့ စစ်တပ်နဲ့ ဉာဏ်ကစားနည်း၊ နိုင်ငံရေး ဖျံကျနည်းတွေနဲ့ ပြည်သူတွေကြားမှာ ချပြ စည်းရုံးကြည့်ပါ။ ကိုယ့်ဘက် ပြည်သူ ဘယ်လောက် ပါလာသလဲ တွေ့ပါလိမ့်မယ်။
ဒီမိုကရေစီ ဘက်သားတွေက ပြည်သူဘက်က ကြည့်ပါတယ်။ ပြည်သူကိုအားကိုး ပါတယ်။ ပြည်သူ့အားကို ဘယ်သူကမှ မလွန်ဆန် နိုင်ဘူးလို့ အခြေခံတွက်တာပါ။ ပြည်သူအပေါ် စေတနာထားတယ်။ ပြည်သူနဲ့ တသားထဲကျလို့ ခုထိသူတို့ကို ထောက်ခံ နေကြတာ။ ကြိုက်တဲ့ နအဖ သူရဲကောင်း အမတ်လောင်းထွက်ခဲ့၊ ကြိုက်သလောက်ငွေသုံး မဲဆွယ်ပြီး ထောင်ထဲ ရောက်နေတဲ့ ဘာရာထူးမှမရှိတဲ့ ဒီမိုကရေစီသမား ဇာဂနာတို့ မင်းကိုနိုင်တို့ ဌေးကြွယ်တို့နဲ့ သာတူညီမျှ ပြိုင်အရွေးခံရဲလား၊ ၀က်ဝက်မကွဲရင် ကြိုက်သလို ပြော။ စစ်ဗိုလ်ကြီးတွေ ဒါကိုသိလို့လဲ ၀င်အရွေး မခံနိုင်အောင် လုပ်ထားတယ် ထင်ပါတယ်။
ပိတောက်မြေမှာ ဦးပဉ္စင်းတပါးက မိန့်ဘူးတာ မှတ်မိတယ်။ ဒကာကြီးတို့က စစ်အာဏာရှင် စနစ်ကို ကိုယ်ရောစိတ်ပါ အူလှိုက် သဲလှိုက် ကြိုက်နေပါရက်နဲ့ စစ်အာဏာရှင်ကို မကြိုက်ပါဘူး၊ ဒီမိုကရေစီ စနစ်ကို ကြိုက်ပါတယ်၊ ဒီမိုကရေစီ ဘက်တော်သားပါလို့ ဒီမှာလာ လိမ်ပြောနေတာ ဒကာကြီးတို့ ရေးတဲ့ စာတွေဖတ်ကြည့်ရင် မဟုတ်မှန်း သိသာပါတယ်။ မဟုတ်ဘဲနဲ့ လိမ်ပြောနေတာလဲ အင်မတန် အပြစ်ကြီး ပါတယ်တဲ့။ ဦးပဉ္စင်းတို့ ပြည်သူတွေကို သူငယ်နပ်စားလေးတွေ မထင်ပါနဲ့တဲ့။ မှန်လိုက်တာဗျာ။

စေတနာဖြင့်၊
**ကိုဂျူး**

မြန်မာနိုင်ငံမှာ အရပ်သားအုပ်ချုပ်ရေးစနစ် နဲ့ အရပ်သားအစိုးရတစ်ရပ်ပေါ်ပေါက်ရေးအတွက် အားလုံးတတ်နိုင် သလောက် ဘက်ပေါင်းစုံက ၀ိုင်းဝန်းကျိုးပမ်းနေကြတာ နှစ်ပေါင်း နှစ်ဆယ်ရှိလာခဲ့ပါပြီ။ စစ်အစိုးရ တွေကလဲ ဒီမိုကရေစီ အရပ်သားအစိုးရ တစ်ရပ် ပေါ်လာရေးအတွက် သူဖယ်ပေးရမလို ဖြစ်နေုတော့ အကြောက်အကန် တင်းခံပါတယ်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)