ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, April 21, 2010

နယ်ခြားစောင့် အသွင်ပြောင်းသည့် ကိစ္စနှင့်ပတ်သက်ပြီး ဒီကေဘီအေအတွင်း သဘောထားကွဲပြားနေ

> နအဖ ဒီကိစ္စကို ကောင်းကောင်းသိတာပေါ့။ ဒါကြောင့် တရားဝင်ပြောင်းဖို့အတွက် ဖိအားမပေးသေးဘဲ ကြိုးရှည်ရှည်နဲ့ လှန်ထားတာလေ။ နအဖ ဒီကေဘီအေကို ဝ တို့ ကချင်တို့လို ဖိအားပေးပြီး တရားဝင် အခမ်းအနားနဲ့ပြောင်းခိုင်းပါစေလို့ ကျွန်တော်ကြိတ်ပြီးဆုတောင်နေတာကြာပြီး။ နယ်ခြားစောင့်တပ် ပြောင်းမဲ့ကိစ္စကို ဒီကေဘီအေတပ်ဖွဲ့ဝင် အများစုကလက်မခံဘူး ဆိုတဲ့သတင်းကိုသိခဲ့တာကြာပါပြီ။ နအဖ နဲ့ ပေါင်းပြီး မှောင်ခို လုပ်နေတဲ့ ချစ်သူတို့လို ကိုယ်ကျိုးသမားတွေ ဘဲ နယ်ခြားစောင့်တပ်ကို လက်ခံတဲ့တာဖြစ်ပါတယ်။ ဒီကေဘီအေက ညီအစ်ကိုတို့ရေ မင်းတို့ကို အမြဲတမ်းကြိုဆိုနေပါတယ်။ ဒီကေဘီအေမှာ ရှိတဲ့ ရာထူးတောင် ပြန်ပေးမယ်လို့ မိခင် KUN က ကျေငြာခဲ့ဖူးပါတယ်။ ကိုယ့်လူမျိုးအပေါ်မှာတောင် သစ္စာမရှိတဲ့ ကိုယ်ကျိုးသမားတွေ နအဖ ယုံတယ်မထင်နဲ့ လုံးဝမယုံးဘူး။ သူတို့အချင်းချင်းဖြစ်တဲ့ မယာများတဲ့ မိခင်ညွှန့် ဘဝတောင် အခု ဘယ်လိုဖြစ်နေလဲတွေကြတယ်နော်....။
နအဖစစ်အစိုးရ၏ ငြိမ်းချမ်းရေးယူထားသည့် တိုင်းရင်းသား လက်နက်ကိုင်အ ဖွဲ့များအပေါ် နယ်ခြားစောင့်အသွင်ပြောင်းမည့် ကိစ္စနှင့် ပတ်သက်ပြီး ဒီကေဘီအေ အဖွဲ့အတွင်း သဘောထားကွဲပြားမှုများ ရှိသည်။
ထိုသို့သဘောထားကွဲပြားရာတွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ဆန့်ကျင်သည့် ဒီကေဘီအေ နာယကဆရာတော်ဦးသုဇနနှင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကို လိုလားသည့် ဒီကေဘီအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကျော်သန်းတို့အကြား သဘောထားများ ကွဲပြားခဲ့ကြခြင်း ဖြစ်သည်။

ဒီကေဘီအေ ဗဟိုကော်မတီဝင် စောသံမဏိမင်းဒင်၊ ဗိုလ်ချုပ်စောထွန်းကြိုင်နှင့် ကလိုထူးဘောစစ်ဆင်ရေးမှူး ဗိုလ်မုတ်သုံအပါအ၀င် ထိပ်ပိုင်းတပ်ဗိုလ်တပ်မှူးတချို့မှ မြိုင်ကြီးငူဆရာတော်၏ သဘောထားကို ထောက်ခံကြပြီး ဥက္ကဌ စောသာထူးကျော်နှင့် ဗိုလ်ချစ်သူနှင့် အခြားသော ဒီကေဘီအေ တပ်ဗိုလ်တပ်မှူးအချို့က ဗိုလ်ကျော်သန်း၏ သဘောထားကို ထောက်ခံခဲ့ကြသည်ဟု သိရသည်။
ဗိုလ်ချုပ်ကျော်သန်းသည် မြိုင်ကြီးငူဆရာတော်ကို အလွန်လေးစားကြည်ညို သူတဦးဖြစ်သော်လည်း ကရင်လူမျိုးမဟုတ်သည့် ၄င်း၏ဇနီး(ဗမာလူမျိုး)ကို မြိုင်ကြီးငူဆရာတော်ထက်ပင် လွန်ဆန်နိုင်ခြင်း မရှိဟု အရပ်စကားများအရ သိရသည်။
သင်္ကြန်မတိုင်ခင် ဖားအံမြို့ကို ရောက်ရှိသီတင်းသုံးနေသည့် မြိုင်ကြီးငူဆရာတော်ကို ဗိုလ်ချုပ်ကျော်သန်းမှ ၄င်း၏နေအိမ်တွင် ဆွမ်းစားပင့်ဖိတ်သော်လည်း မြိုင်ကြီးငူဆရာတော်မှ ကြွရောက်ခြင်းမရှိပဲ ဖားအံ ကမ်းနားရှိ ဓမ္မပီယကျောင်း(ဒီကေဘီအေကျောင်း) ကျောင်းတွင်သာ သီတင်းသုံးနေခဲ့သည်အထိ တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဖားအံမြို့ခံများက ပြောဆိုသည်။
ထို့သို့ အခြေအနေဖြစ်ပေါ်လာသည့်အပေါ် ဗိုလ်ချုပ်ကျော်သန်းနှင့် ဖားအံမြို့ခံ မဆလဟောင်း(ပါတီယူနစ်ဥက္ကဌ စောဘိုးနီ)နှင့် ကရင်လူကြီးအချို့မှ မြိုင်ကြီးငူဆရာတော်ကို ဖြောင်းဖျလျှောက်တင်ရန် နာမည်ကြီး ကရင်ဘုန်းကြီး တောင်ကလေးဆရာတော် ဦးပညာသာမိကို ချည်းကပ်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။
ထိုသို့ ဒီကေဘီအေအတွင်း သူ့ဘက်ကိုယ့်ဘက် သဘောထားများ သိသိသာ ကွဲပြားကြသော်လည်း တပ်မှူးအချို့မှာမူ မည်သူ့ဘက်မှ လိုက်ပါခြင်းမရှိပဲ ကြားခံနေခဲ့ကြသည်မှာလည်း ထူးခြားချက်တရပ်ပင် ဖြစ်ပါသည်။
အဆိုပါတပ်မှူးများမှာ ဒီကေဘီအေ ၉၉၉ တပ်မဟာမှူး ဗိုလ်ချုပ်စောဖားနွီးနှင့် တပ်မဟာ ၅၅၅မှူး ဗိုလ်နှုတ်ခမ်းမွေးတို့ ဖြစ်ကာ အဆိုပါ တပ်မဟာ ၂ခုစလုံးသည် ဒီကေဘီအေအဖွဲ့တွင် အင်အားတောင့်တင်းသည့် တပ်မဟာများလည်း ဖြစ်သည်။
ထို့အပြင် ထိုင်းနယ်စပ်တွင် နာမည်ကြီးသည့် ဒီကေဘီအေ ဗိုလ်ချစ်သူသည် ဗိုလ်ချုပ်ဖားနွီး၏ လက်အောက်မှ ဗျူဟာမှူးဖြစ်ပြီး အခြားနာမည်ကြီး ဗိုလ်မုတ်သုံမှာမူ ဗိုလ်နှုတ်ခမ်းမွေး လက်အောက်ရှိ ကလိုထူးဘော စစ်ဆင်ရေးမှူး တဦးလည်း ဖြစ်သည်။
ဒီကေဘီအေနှင့် နီးစပ်သူများ၏ ပြောဆိုချက်များအရ ဥက္ကဌ စောသာထူးကျော်နှင့် ဗိုလ်ချုပ်ကျော်သန်းတို့၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းမှု လက်ခံသူတပ်ဗိုလ်အများစုသည် ဒီကေဘီအေ မပေါ်ပေါက်ခင် ကေအဲန်ယူတွင် လက်နက်ကိုင်ခဲ့ဖူးသူများ မဟုတ်ပဲ နောက်ပိုင်းမှ ဒီကေဘီအေတွင် ၀င်ရောက်လာခဲ့သူများ ဖြစ်သည်ဟု ဆိုသည်။
အများစုတပ်ဗိုလ်များသည် မြန်မာပြည်တွင် ဆယ်တန်းအောင်၊ ဘွဲ့ရပြီး ဒီကေဘီအေအဖွဲ့တွင် ၀င်ရောက်လာခဲ့သူများဖြစ်သော်လည်း နိုင်ငံရေးနှင့် ကရင့်အရေးကို စိတ်ပါဝင်စားခြင်းမရှိကြပဲ ကိုယ်ကျိုးအတွက်သာ စိတ်ဝင်စားသူများ ဖြစ်သည်။
လွန်ခဲ့သည့် မတ်လ လကုန်ပိုင်းက နယ်ခြားစောင့်တပ်အသွင်းပြောင်းမှုကို လိုလားသူ ဗိုလ်ချစ်သူနှင့် ၉၉၉လက်အောက်ခံ တပ်ရင်း၎မှူး ဗိုလ်ကြာအင်းတို့က နောင်လုံဒီကေဘီအေတပ်ရင်း ၄ရှိ အစည်းအဝေးခန်းမတွင် အဆိုပါတပ်ရင်းရှိ အရာရှိအရာခံ တပ်ဖွဲ့ဝင်များနှင့် အိမ်ထောင်သည်မိသားစုများကို ခေါ်ယူကာ နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့် ကိစ္စနှင့် ပတ်သက်ပြီး ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်ဟု သိရသည်။
အတည်မပြုနိုင်သည့် သတင်းတခုအရ နယ်ခြားစောင့်တပ်လက်မခံလိုသည့် ဒီကေဘီအေ တပ်မှူးအချို့ကို ကေအဲန်ယူနှင့် နားလည်မှုယူလွန်းသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ဗိုလ်ကျော်သန်းအမာခံလူများက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်။
အဆိုပါ တပ်ရင်းမှူးများမှာ ခလယ်တံခွန်တိုင်အခြေစိုက် တပ်မဟာ ၅၅၅လက်အောက်ခံ ၉၀၁တပ်ရင်းမှူး ဗိုလ်ဥာဏ်မင်း၊ ပိုင်ကျုံအခြေစိုက် တပ်ရင်း၂တပ်ရင်းမှူး၊ အထူးတပ်ရင်းမှ ပဒိုမန်းခင်အောင်နှင့် ဗိုလ်စောသန်းကျော်ဦးတို့ဖြစ်ပြီး မြိုင်ကြီးငူတွင် ဆင့်ခေါ်ကာ စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။
နောက်ဆုံးသတင်းအရ ဒီကေဘီအေအဖွဲ့မှ တပ်မှူးတပ်ဗိုလ်အားလုံး စုံစုံညီညီဖြင့် ဗဟိုတွင် အစည်းအဝေးကြီးတရပ်ကို ကျင်းပသွားမည်ဖြစ်ကာ ယခုလ ကုန်ပိုင်းနှင့် မေလဆန်းပိုင်းတွင် ကျင်းပဖြစ်မည်ဟု သိရသည်။

*(အီးမေလ်းမှ ပေးပို့သော စောထူးလိန့်အွာ ကို အထူးကျေးဇူးတင်ရှိပါတယ်။)*

--
**ရွှေနန္ဒ shwenanda**
http://www.shwenanda.com/

နအဖ ဒီကိစ္စကို ကောင်းကောင်းသိတာပေါ့။ ဒါကြောင့် တရားဝင်ပြောင်းဖို့အတွက် ဖိအားမပေးသေးဘဲ ကြိုးရှည်ရှည်နဲ့ လှန်ထားတာလေ။ နအဖ ဒီကေဘီအေကို ဝ တို့ ကချင်တို့လို ဖိအားပေးပြီး တရားဝင် အခမ်းအနားနဲ့ပြောင်းခိုင်းပါစေလို့ ကျွန်တော်ကြိတ်ပြီးဆုတောင်နေတာကြာပြီး။ နယ်ခြားစောင့်တပ် ပြောင်းမဲ့ကိစ္စကို ဒီကေဘီအေတပ်ဖွဲ့ဝင် အများစုကလက်မခံဘူး ဆိုတဲ့သတင်းကိုသိခဲ့တာကြာပါပြီ။ နအဖ နဲ့ ပေါင်းပြီး မှောင်ခို လုပ်နေတဲ့ ချစ်သူတို့လို ကိုယ်ကျိုးသမားတွေ ဘဲ နယ်ခြားစောင့်တပ်ကို လက်ခံတဲ့တာဖြစ်ပါတယ်။ ဒီကေဘီအေက ညီအစ်ကိုတို့ရေ မင်းတို့ကို အမြဲတမ်းကြိုဆိုနေပါတယ်။ ဒီကေဘီအေမှာ ရှိတဲ့ ရာထူးတောင် ပြန်ပေးမယ်လို့ မိခင် KUN က ကျေငြာခဲ့ဖူးပါတယ်။ ကိုယ့်လူမျိုးအပေါ်မှာတောင် သစ္စာမရှိတဲ့ ကိုယ်ကျိုးသမားတွေ နအဖ ယုံတယ်မထင်နဲ့ လုံးဝမယုံးဘူး။ သူတို့အချင်းချင်းဖြစ်တဲ့ မယာများတဲ့ မိခင်ညွှန့် ဘဝတောင် အခု ဘယ်လိုဖြစ်နေလဲတွေကြတယ်နော်....။
နအဖစစ်အစိုးရ၏ ငြိမ်းချမ်းရေးယူထားသည့် တိုင်းရင်းသား လက်နက်ကိုင်အ ဖွဲ့များအပေါ် နယ်ခြားစောင့်အသွင်ပြောင်းမည့် ကိစ္စနှင့် ပတ်သက်ပြီး ဒီကေဘီအေ အဖွဲ့အတွင်း သဘောထားကွဲပြားမှုများ ရှိသည်။
ထိုသို့သဘောထားကွဲပြားရာတွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ဆန့်ကျင်သည့် ဒီကေဘီအေ နာယကဆရာတော်ဦးသုဇနနှင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကို လိုလားသည့် ဒီကေဘီအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကျော်သန်းတို့အကြား သဘောထားများ ကွဲပြားခဲ့ကြခြင်း ဖြစ်သည်။

ဒီကေဘီအေ ဗဟိုကော်မတီဝင် စောသံမဏိမင်းဒင်၊ ဗိုလ်ချုပ်စောထွန်းကြိုင်နှင့် ကလိုထူးဘောစစ်ဆင်ရေးမှူး ဗိုလ်မုတ်သုံအပါအ၀င် ထိပ်ပိုင်းတပ်ဗိုလ်တပ်မှူးတချို့မှ မြိုင်ကြီးငူဆရာတော်၏ သဘောထားကို ထောက်ခံကြပြီး ဥက္ကဌ စောသာထူးကျော်နှင့် ဗိုလ်ချစ်သူနှင့် အခြားသော ဒီကေဘီအေ တပ်ဗိုလ်တပ်မှူးအချို့က ဗိုလ်ကျော်သန်း၏ သဘောထားကို ထောက်ခံခဲ့ကြသည်ဟု သိရသည်။
ဗိုလ်ချုပ်ကျော်သန်းသည် မြိုင်ကြီးငူဆရာတော်ကို အလွန်လေးစားကြည်ညို သူတဦးဖြစ်သော်လည်း ကရင်လူမျိုးမဟုတ်သည့် ၄င်း၏ဇနီး(ဗမာလူမျိုး)ကို မြိုင်ကြီးငူဆရာတော်ထက်ပင် လွန်ဆန်နိုင်ခြင်း မရှိဟု အရပ်စကားများအရ သိရသည်။
သင်္ကြန်မတိုင်ခင် ဖားအံမြို့ကို ရောက်ရှိသီတင်းသုံးနေသည့် မြိုင်ကြီးငူဆရာတော်ကို ဗိုလ်ချုပ်ကျော်သန်းမှ ၄င်း၏နေအိမ်တွင် ဆွမ်းစားပင့်ဖိတ်သော်လည်း မြိုင်ကြီးငူဆရာတော်မှ ကြွရောက်ခြင်းမရှိပဲ ဖားအံ ကမ်းနားရှိ ဓမ္မပီယကျောင်း(ဒီကေဘီအေကျောင်း) ကျောင်းတွင်သာ သီတင်းသုံးနေခဲ့သည်အထိ တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဖားအံမြို့ခံများက ပြောဆိုသည်။
ထို့သို့ အခြေအနေဖြစ်ပေါ်လာသည့်အပေါ် ဗိုလ်ချုပ်ကျော်သန်းနှင့် ဖားအံမြို့ခံ မဆလဟောင်း(ပါတီယူနစ်ဥက္ကဌ စောဘိုးနီ)နှင့် ကရင်လူကြီးအချို့မှ မြိုင်ကြီးငူဆရာတော်ကို ဖြောင်းဖျလျှောက်တင်ရန် နာမည်ကြီး ကရင်ဘုန်းကြီး တောင်ကလေးဆရာတော် ဦးပညာသာမိကို ချည်းကပ်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။
ထိုသို့ ဒီကေဘီအေအတွင်း သူ့ဘက်ကိုယ့်ဘက် သဘောထားများ သိသိသာ ကွဲပြားကြသော်လည်း တပ်မှူးအချို့မှာမူ မည်သူ့ဘက်မှ လိုက်ပါခြင်းမရှိပဲ ကြားခံနေခဲ့ကြသည်မှာလည်း ထူးခြားချက်တရပ်ပင် ဖြစ်ပါသည်။
အဆိုပါတပ်မှူးများမှာ ဒီကေဘီအေ ၉၉၉ တပ်မဟာမှူး ဗိုလ်ချုပ်စောဖားနွီးနှင့် တပ်မဟာ ၅၅၅မှူး ဗိုလ်နှုတ်ခမ်းမွေးတို့ ဖြစ်ကာ အဆိုပါ တပ်မဟာ ၂ခုစလုံးသည် ဒီကေဘီအေအဖွဲ့တွင် အင်အားတောင့်တင်းသည့် တပ်မဟာများလည်း ဖြစ်သည်။
ထို့အပြင် ထိုင်းနယ်စပ်တွင် နာမည်ကြီးသည့် ဒီကေဘီအေ ဗိုလ်ချစ်သူသည် ဗိုလ်ချုပ်ဖားနွီး၏ လက်အောက်မှ ဗျူဟာမှူးဖြစ်ပြီး အခြားနာမည်ကြီး ဗိုလ်မုတ်သုံမှာမူ ဗိုလ်နှုတ်ခမ်းမွေး လက်အောက်ရှိ ကလိုထူးဘော စစ်ဆင်ရေးမှူး တဦးလည်း ဖြစ်သည်။
ဒီကေဘီအေနှင့် နီးစပ်သူများ၏ ပြောဆိုချက်များအရ ဥက္ကဌ စောသာထူးကျော်နှင့် ဗိုလ်ချုပ်ကျော်သန်းတို့၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းမှု လက်ခံသူတပ်ဗိုလ်အများစုသည် ဒီကေဘီအေ မပေါ်ပေါက်ခင် ကေအဲန်ယူတွင် လက်နက်ကိုင်ခဲ့ဖူးသူများ မဟုတ်ပဲ နောက်ပိုင်းမှ ဒီကေဘီအေတွင် ၀င်ရောက်လာခဲ့သူများ ဖြစ်သည်ဟု ဆိုသည်။
အများစုတပ်ဗိုလ်များသည် မြန်မာပြည်တွင် ဆယ်တန်းအောင်၊ ဘွဲ့ရပြီး ဒီကေဘီအေအဖွဲ့တွင် ၀င်ရောက်လာခဲ့သူများဖြစ်သော်လည်း နိုင်ငံရေးနှင့် ကရင့်အရေးကို စိတ်ပါဝင်စားခြင်းမရှိကြပဲ ကိုယ်ကျိုးအတွက်သာ စိတ်ဝင်စားသူများ ဖြစ်သည်။
လွန်ခဲ့သည့် မတ်လ လကုန်ပိုင်းက နယ်ခြားစောင့်တပ်အသွင်းပြောင်းမှုကို လိုလားသူ ဗိုလ်ချစ်သူနှင့် ၉၉၉လက်အောက်ခံ တပ်ရင်း၎မှူး ဗိုလ်ကြာအင်းတို့က နောင်လုံဒီကေဘီအေတပ်ရင်း ၄ရှိ အစည်းအဝေးခန်းမတွင် အဆိုပါတပ်ရင်းရှိ အရာရှိအရာခံ တပ်ဖွဲ့ဝင်များနှင့် အိမ်ထောင်သည်မိသားစုများကို ခေါ်ယူကာ နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့် ကိစ္စနှင့် ပတ်သက်ပြီး ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်ဟု သိရသည်။
အတည်မပြုနိုင်သည့် သတင်းတခုအရ နယ်ခြားစောင့်တပ်လက်မခံလိုသည့် ဒီကေဘီအေ တပ်မှူးအချို့ကို ကေအဲန်ယူနှင့် နားလည်မှုယူလွန်းသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ဗိုလ်ကျော်သန်းအမာခံလူများက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်။
အဆိုပါ တပ်ရင်းမှူးများမှာ ခလယ်တံခွန်တိုင်အခြေစိုက် တပ်မဟာ ၅၅၅လက်အောက်ခံ ၉၀၁တပ်ရင်းမှူး ဗိုလ်ဥာဏ်မင်း၊ ပိုင်ကျုံအခြေစိုက် တပ်ရင်း၂တပ်ရင်းမှူး၊ အထူးတပ်ရင်းမှ ပဒိုမန်းခင်အောင်နှင့် ဗိုလ်စောသန်းကျော်ဦးတို့ဖြစ်ပြီး မြိုင်ကြီးငူတွင် ဆင့်ခေါ်ကာ စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။
နောက်ဆုံးသတင်းအရ ဒီကေဘီအေအဖွဲ့မှ တပ်မှူးတပ်ဗိုလ်အားလုံး စုံစုံညီညီဖြင့် ဗဟိုတွင် အစည်းအဝေးကြီးတရပ်ကို ကျင်းပသွားမည်ဖြစ်ကာ ယခုလ ကုန်ပိုင်းနှင့် မေလဆန်းပိုင်းတွင် ကျင်းပဖြစ်မည်ဟု သိရသည်။

*(အီးမေလ်းမှ ပေးပို့သော စောထူးလိန့်အွာ ကို အထူးကျေးဇူးတင်ရှိပါတယ်။)*

--
**ရွှေနန္ဒ shwenanda**
http://www.shwenanda.com/

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)