မလေးရှားနိုင်ငံကလန်တန်းပြည်နယ် တန္တာမေရှစခန်းထဲတွင်ဖမ်းဆီးထိမ်းသိမ်းခံနေဆဲဖြစ်သော မြန်မာ ကလေးငယ် ၆ဦးတို့ အား လူကုန်ကူးသူများက ခြိမ်းခြောက်ပြောဆိုသလို ချော့မော့ပြောဆိုခြင်းရှိေ နကြောင်းသိ ရှိရသည်။ ယမန်နေ့ က ဖမ်းဆီးထိမ်းသိမ်းခံထားရသူများအနက် အသက်အကြီး ဆုံးဖြစ်သည့် ၁၄-နှစ် အရွယ် မင်းယုစန်းအား မလေးရှားမှ လူကုန်ကူးသူများက ဖုန်းဆက်လာခဲ့သည်။ “ကျနော်ကို ကျော် သူလင်းရဲ့ သူဌေး မဲလုံး က ဖုန်းဆက်လာတယ်၊ နင်တို့  သတင်းတွေ၊ ဗမာပြည်ကတီဗွီထဲမှာရော၊ သတင်း စာတွေမှာပါ ထွက်နေပြီတဲ့၊ ကျနော်တို့ အတွင်းထဲကနေ အပြင်ကိုဆက်သွယ်နေတာကို သူတို့  သိရှိထား ပြီးဖြစ်တယ်ပေါ့။
ကျနော်တို့ ကို လာကယ်ထုတ်တဲ့အဖွဲ့ တွေနဲ့  လိုက်မသွားနဲ့ လိုက်သွားရင်သူတို့  ရောင်းစားလိမ့်မယ်ဆို ပြီးတော့ ပြောပါတယ် ၊ကျနော်တို့  သွားမယ်ဆိုရင်မြန်မာသံရုံးကိုသူတို့  လေယာဉ်စရိတ်ပေးပြီးပြန်ပို့  ပေးမယ်ဆိုပြီးတော့ လည်းပြောပါတယ်”ဟုမင်းယုစန်းကပြောသည်။ အဆိုပါကလေးငယ်များသတင်းအချက်အလက်များအားပေးပို့  ကူညီနေသူတစ်ဦးက“ဒီကလေး တွေကို မြန်မြန် လွတ်မြောက်သွားစေချင်ပါတယ်။ အစောင့်တွေက တစ်ဆင့်ကြားရတာက အမျိုးသမီးဆောင်မှာနေတဲ့ အသက် ၁၀နှစ်အရွယ် မအေးမြထွေးကို လာမယ့် မေလ ၅ ရက်နေ့ မှာ အမျိုးသမီးတစ်ယောက်လာထုတ်မယ်လို့  ကြားတယ်။ နောက်ထပ်ပြီး ရောင်းစားခံရမှာကိုစိုးရိမ်ပါတယ်”ဟုပြောသည်။ မလေးရှားနိုင်ငံ တန္တာမေရစခန်းတွင် ဖမ်းဆီးခံနေရသည့် မြန်မာကလေး ၆ ဦး၏အချက်အလက်များမှာ
(၁)အမည်။ ။မအေးမြထွေး
အသက်။ ။ ၁၀ နှစ်
ထောင်ကျကိုယ်ပိုင်နံပါတ်။ ။၅၃၃၂၆
မိဘအမည်။ ။ဦးဖိုးသိန်း၊ဒေါ်ကုလားမ
နေရပ်။ ။ဘု၇ားလမ်း၊ရွှေဘုံသာရပ်ကွက်၊မတ္တရာမြို့ ၊မန္တလေးတိုင်း
(၂)အမည်။ ။ကျော်သူလင်း။
အသက်။ ။ ၁၂နှစ်
ထောင်ကျကိုယ်ပိုင်နံပါတ်။ ။ ၅၃၅၄၆
မိဘ။ ။ဦးဇေါ်လင်း။ဒေါ်အေးမြစိန်။
နေရပ်။ ။ရွှေဘုံသာရပ်ကွက်၊ဘုရားလမ်း၊မတ္တရာမြို့ ၊မန္တလေးတိုင်း။
(၃)အမည်။ ။တင်မျိုးထက်။
အသက်။ ။၁၂ နှစ်
ထောင်ကျကိုယ်ပိုင်နံပါတ်။ ။၅၃၃၂၉
မိဘ။ ။ဦးဖိုးညီ၊ဒေါ်ခင်လေးရည်
နေရပ်။ ။ပျဉ်ပုံကြီးကျေးရွာ၊ကျောက်ကုန်းမြို့ နယ်၊ဧရာဝတီတိုင်း။
(၄)အမည်။ ။နေလင်းဦး
အသက်။ ။၁၂နှစ်
ထောင်ကျကိုယ်ပိုင်နံပါတ်။ ။ ၅၃၅၄၄
မိဘ။ ။ဦးလွင်မြင့်၊ဒေါ်စန္ဒာဌေး
နေရပ်။ ။န၀ဒေးပတ်လမ်း။၇/ရပ်ကွက်၊လှိုင်သာယာ၊ရန်ကုန်တိုင်း
(၅)အမည်။ ။အောင်ကိုဝင်း
အသက်။ ။၁၂နှစ်
ထောင်ကျကိုယ်ပိုင်နံပါတ်။ ။၅၃၅၄၉
မိဘ။ ။ဦးသာလှိုင်၊ဒေါ်မျိုးမျိုးစိန်
နေရပ်။ ။န၀ဒေးပတ်လမ်း။ ၇/ ရပ်ကွက်။လှိုင်သာယာ၊ရန်ကုန်တိုင်း
(၆)အမည်။ ။မင်းယုစန်း
အသက်။ ။ ၁၄နှစ်
ထောင်ကျကိုယ်ပိုင်နံပါတ်။ ။၅၃၅၄၅
မိဘ။ ။ဦးယုလွင်၊ဒေါ်နုနုခင်
နေရပ်။ ။သက်ငြိမ်ရပ်ကွက်၊ ဒလ၊ အမက၁၄အနီး၊ ဒလမြို့ ရန်ကုန်တိုင်း တို့ မှဖြစ်ကြသည်။ မင်းယုစန်းမှာမူဆလင်တစ်ဦးဖြစ်ပြီးကျန်ကလေး၅ဦးတို့ မှာ ဗမာကလေးငယ်များဖြစ်ကြသည်။ ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအသင်း နိုင်ငံခြား ဆက်ဆံရေးတာဝန်ခံ ဦးမျိုးနိုင်က“ကျနော်တို့ အပူတပြင်ဆော င်ရွက်နေပါတယ်။မလေးရှားကလူ့  အခွင့်အရေးလှုပ်ရှားသူတွေကတဆင့်လူ့ အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီးနဲ့ တိုက်၇ိုက် ဆက်စပ်ဆောင်ရွက်နေပါတယ်။မက်ဖေါင်ဒေးရှင်းဒါရိုက်တာတို့ နဲ့ ညှိနှိုင်းပြီးတော့ပေါ့လေ။ကလေးမိ ဘတွေဘက်က ဘာမှဆက်သွယ်လာတာမရှိတော့ မလေးရှားက ရှေ့ နေတို့ ကိုပဲ ပြန်ပြီးတော့ ဘယ် လိုလုပ်ရင်အဆင်ပြေမလဲလို့ ပြန်တိုင်ပင်နေကြပါတယ်။ဘာပဲပြောပြော ကလေးတွေ မကြာခင်လွတ် လာပြီးတော့မိဘတွေဆီကိုပြန်ရောက်မယ်လို့ တော့မျှော်လင့်ပါတယ်” ဟုပြော သည်။ ကလေးတစ်ဦးချင်းစီတို့  ၏ပြောပြချက်အရ၊လူကုန်ကူသူများမှာမူဆလင်ဘာသာဝင်များဖြစ်ပြီး။အချို့  ကိုလေယာဉ်၊အချို့ ကိုရန်ကုန်မှ ရထားများဖြင့်ကော့သောင်းသို့ ရောက်ရှိအောင်ခေါ်ဆောင်လာခဲ့ပြီး။ကော့ သောင်းမှတဆင့်လက်ဆင့်ကမ်းလူကုန်ကူကာ မလေးရှားနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်းသိရှိရသည်။
*** သတင်း-ဦးကျော်သောင်း (ဘန်ကောက်)
(ဧပြီ ၂၆- ရက်)

No comments:
Post a Comment