ဧပြီ ၂၆ ကိုတီး(ရခိုင့်တံခွန်ဂျာနယ်)
ထိုင်းနိုင်ငံအလယ်ပိုင်းအန်ထောင်ရဲစခန်းမှ ရဲအရာရှိ ဆူလစ်ချိုင်ဆူစို့က ယာဘစိတ်ကြွးဆေးပြား အလုံးရေ ၁၉၀၀၀ အပြင်၊ လက်ကိုင်ဖုန်း ၂ လုံး နှင့်ဘတ်ငွေ ၅၀၀၀၀-တို့အား မြန်မာ ၂ ဦးထံမှ ဖမ်းဆီးရကြောင်း ထိုင်ရပ်စ် သတင်းစာတွင် ဖေါ်ပြထားသည်။ ဘန်ကောက်မြို့  မြောက်ဘက် ၁၀၅ ကီလို မီတာအကွာ အန်ထောင်မြို့  အတွင်း မူးယစ်ဆေးဝါးနှိမ်နင်းမှု စီမံချက်ဖြင့် ထိုင်းလူမျိုး ၁၅ဦးတို့အားစစ်ဆးခဲ့ရာ မြန်မာနိုင်ငံသားများဆီမှ ၀ယ်ယူ သုံး စွဲခဲ့ကြောင်းထွက်ဆိုခဲ့သည်။
ထိုင်းထောက်လှမ်းရေးက ကရင်လူမျိုး အသက် ၂၈ နှစ်အရွယ် လုံးချိုင် ထံမှ အလုံးရေ့း ငါးသောင်းအား ဘတ်ငွေ ငါးသိန်းဖြင့် ၀ယ်ယူရန် အန်ထောင်မြို့ ဈေးတစ်နေရာသို့  ချိန်းဆိုပြီးဖမ်းဆီးလိုက်သည်။ ဆက်လက်ဖေါ်ထုတ်စစ်ဆေးချက်အရ အသက်၃၇နှစ်အရွယ် ဗမာလူမျိုး စန်းထွေးထံမှ ၀ယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ ထိုင်းထောက်လှမ်းရေးက ဘ န်ကောက်မြို့  တွင်နေထိုင် သည့် စန်းထွေး အားဖမ်းဆီးနိုင်ရန် ဘန်ကောက်မြို့  ခေါင်တန်နယ်မြေသို့ လာရောက်ခဲ့သည်။ ထို့  နောက် စိတ်ကြွးဆေးပြားအလုံး တစ်သောင်းခွဲဝယ်ယူလိုကြောင်း ဆက်သွယ်ခဲ့သည်။ စန်းထွေးက အဆိုပါ ဆေးပြားတစ်သောင်းခွဲတို့ အား နေကြာစေ့အိပ်အတွင်းထည့်လျှက်လာရောက်ပို့  ဆောင်စဉ်ဖမ်းဆီး လိုက်သည်။ ထို့ နောက် စန်းထွေး နေထိုင်သည့်အခန်းကို လိုက်လာပြီးထပ်မံရှာဖွေရာ အလုံးရေ ၄၀၀၀ ကိုထပ်မံတွေ့ ရှိသိမ်းဆည်းခဲ့သည်။ ဖမ်းဆီးမိသူ ၂ဦးက ကိုယ်ပိုင်ကားများမသုံးပဲ မဲဆောက်တွင်ရှိသည့် နိုင်စိုး ထံမံ ၀ယ်ယူပြီး၂ထပ်ခရီးသည်တင်အထူးကားများဖြင့် သယ်ယူခဲ့ပြီး အန်ထောင်သို့ ဖြန့် ဖြူးရောင်းချသည်ဟု ထွက်ဆိုသွားကြကြောင်းရဲအရာရှိက ၂၄ ရက်နေ့ ထိုင်းရပ်သတင်းစာသို့ ပြောသည်။
*** သတင်း-ဦးကျော်သောင်း (ဘန်ကောက်)

No comments:
Post a Comment