လူသားဖြစ်လာရတဲ့ ငါ
ပျော်မွှေ့စရာ ဘယ်မှာရှိအံ့…။
ငါ့ခြေတစ်လှမ်း လှမ်းတိုင်း
ပန်းပွင့်မဖြစ်
မီးတောက် မီးလျှံ ဖြစ်ခဲ့ပေါ့
ဒီနှစ်တွေဟာ ဒီလိုနဲ့ လောင်ကျွမ်းသွားခဲ့ပြီ…။
အလင်းသွေတဲ့ လမ်းကြောင်း
အကွေ့အပြောင်းတွေက အလွန်များ
ကာလကလဲ ရှည်လျားခဲ့
အမှားတွေ တစ်ထုပ်တစ်မနဲ့
ဒုက္ခတောင်တန်းကြီးကို ကျော်ဖြတ်
ဘယ်ရပ်ဌာနီ မျှော်ရည်မမှန်းနိုင်…။
မမှန်မကန်တွေကို စားမြိန်စာထုပ် လုပ်ပြီး
မဟုတ်မဟတ်တွေကို မျိုချ
ဘယ်မှာ အာဟာရဖြစ်နိုင်ပါ့…။
ငါ့အသက် ငါ့နှစ်တွေဟာ အဓိပ္ပါယ်မဲ့စွာ
ကဲ့ရဲ့ဖွယ် ကုန်ဆုံးပြီး
တောင်ကတုံး ဖြစ်ခဲ့ပြီ
အရှုံးနဲ့ သွားနေရတဲ့ ခရီးစဉ်ပါကလား…။ ။
*** တင်မိုး ***
(၂၅၊ ဧပြီ၊ ၁၉၉၉- တနင်္ဂနွေနေ့ နံနက်ခင်း)
သံသယ မျက်လုံးတွေကြားထဲက
လူသားဖြစ်လာရတဲ့ ငါ
ပျော်မွှေ့စရာ ဘယ်မှာရှိအံ့…။
ငါ့ခြေတစ်လှမ်း လှမ်းတိုင်း
ပန်းပွင့်မဖြစ်
မီးတောက် မီးလျှံ ဖြစ်ခဲ့ပေါ့
ဒီနှစ်တွေဟာ ဒီလိုနဲ့ လောင်ကျွမ်းသွားခဲ့ပြီ…။
အလင်းသွေတဲ့ လမ်းကြောင်း
အကွေ့အပြောင်းတွေက အလွန်များ
ကာလကလဲ ရှည်လျားခဲ့
အမှားတွေ တစ်ထုပ်တစ်မနဲ့
ဒုက္ခတောင်တန်းကြီးကို ကျော်ဖြတ်
ဘယ်ရပ်ဌာနီ မျှော်ရည်မမှန်းနိုင်…။
မမှန်မကန်တွေကို စားမြိန်စာထုပ် လုပ်ပြီး
မဟုတ်မဟတ်တွေကို မျိုချ
ဘယ်မှာ အာဟာရဖြစ်နိုင်ပါ့…။
ငါ့အသက် ငါ့နှစ်တွေဟာ အဓိပ္ပါယ်မဲ့စွာ
ကဲ့ရဲ့ဖွယ် ကုန်ဆုံးပြီး
တောင်ကတုံး ဖြစ်ခဲ့ပြီ
အရှုံးနဲ့ သွားနေရတဲ့ ခရီးစဉ်ပါကလား…။ ။
*** တင်မိုး ***
(၂၅၊ ဧပြီ၊ ၁၉၉၉- တနင်္ဂနွေနေ့ နံနက်ခင်း)
No comments:
Post a Comment