ချဲလ်ဆီးအသင်းမှ တယ်ရီမှာ သူ၏အပြစ်များကိုဝန်ချတောင်းပန်ရန် ဘုရားရှိခိုးကျောင်းသို့သွားလေသည်။ ဘုန်းတော်ကြီးနှင့် တွေ့သောအခါ `ဖာသာရယ် ကျနော်အပြစ်ဝန်ခံချင်လို့ပါ။ ကျနော့်ချစ်သူအိမ်ကို မနေ့က သွားလည်တော့ အိမ်မှာ သူမကလွဲလို့ ဘယ်သူမှမရှိတာနဲ့ လက်မထပ်ခင် သူမနဲ့အိပ်ခဲ့ပါတယ်´ `ဒီလိုလုပ် တာမကောင်းပေမယ့် အပြစ်ကိုသိရင်ကောင်းပါတယ်ကွာ´ `ဒါနဲ့ ဖာသာရယ် ပြီးခဲ့တစ်ပတ်တုန်းက သူမရဲ့ရုံး ကို ကျနော်သွားလည်ပါတယ်။
ဒါပေမယ့် သူမကိုမတွေ့ရဘဲ တစ်ရုံးလုံးမှာ သူမသူငယ်ချင်း မေရီတစ်ယောက်တည်းရှိတယ်။ မထင်မှတ်ဘဲ သူမနဲ့ အိပ်ခဲ့မိပါတယ်´ `ဒါတော့မကောင်းဘူးကွာ´ `ပြီးခဲ့တဲ့ လတုန်းကလည်း သူမဦးလေးအိမ်သွားတော့ သူ့အဒေါ်တစ်ယောက်တည်းရှိတာနဲ့…´
`ဟာ…ဖာသာဘယ်ရောက်သွားတာလဲ´ ဘုရားကျောင်းအပြင်သို့ ခပ်သွက်သွက်လျှောက်သွားသော ဘုန်းတော်ကြီးက `ဆောရီးပဲကွာ… ဒီနေ့ ဘုရားကျောင်းမှာ ငါတစ်ယောက်တည်းကွ´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်ဆိုသည်။
*** (ရွှင်ပြုံးတခဏ-ဘောလုံးဟာသ) ***

No comments:
Post a Comment