(ဧပြီ ၂၄-ရက်)
ဘန်ကောက်မြို့ လယ်ရှိ စီးလုံနိုက်ဘဇား(လုံဗ္ပနီညဈေး) မြေပိုင်ရှင်နှင့် ဆိုင် ခန်းကန်ထရိုက်တို့  အကြား၆နှစ် မြေအငှါး သက်တမ်းကုန်ဆုံးသွားသဖြင့် ဈေးဆိုင်ခန်းမှားအားဖျက်ဆီး၊ပြောင်းရွေ့  ရန်တောင်းဆိုနေ၍ ဈေးအတွင်း ဈေးအကူအလုပ်သမားများအခက်ကြုံနေကြောင်းသိရသည်။ ၂၂ ရက်နေ့ ညဥ့်၈နာရီခန့်  အချိန်တွင် ထိုင်းလူမျိုး ဈေးဆိုင်ပိုင်ရှင်းများစုပေါင်းပြီး ဈေး အုပ်ချုပ်ရေးမှူးရုံးရှေ့ တွင် စုပေါင်းဆန္ဒပြခဲ့ကြသည်။ အချိန်တိုအတွင်း လုမ္ပနီ ရဲစခန်းမှ တာဝန်ရှိသူများရောက်ရှိလာပြီး မြေပိုင်ရှင်ဘက်မှဆယ်ဦး၊ ဈေဆိုင်ပိုင် ရှင်များဘက်မှ၁၀တို့ ကို ရဲစ ခန်းသို့ ခေါ်ယူတွေ့ ဆုံပြီးဖြေရှင်းခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပါတ်သက်ပြီး အထည်မျိုးစုံရောင်းချနေသည့် မဇာခြည်က “ကျမဈေးရောင်းတာ တစ်နှစ်ကျော် ရှိပြီ၊ အယင်တုန်းကတော့ စာလာကပ်တာပဲရှိတယ်၊ လကုန်ရင်အခန်းပြောင်းပါ၊ ဘာညာပေါ့နှော၊ ဒီနေ့  ကျတော့ ညနေဈေးဖွင့်ကတည်းကဈေးဝယ်မယ့်လူတွေ တစ်ယောက်မှ ရောက်မလာခဲ့ဘူး၊ အစပိုင်းကတော့ သိပ်မဝေးတဲ့စီးလုံနေရာမှာဆန္ဒပြပွဲမှာ ပစ်ကြခတ်ကြလို့ လား၊ အဲဒီလိုထင်ခဲ့တာ၊ ဘယ်ဟုတ်မလဲ ညနေဈေးဖွင့်ကတည်းက ကားဝင်တဲ့ ဂိတ်ပေါက်တွေကို ဈေးလုံခြုံရေးတွေက ပိတ်ထားတာတွေ့ ရတယ်၊ အဲဒီတော့မှ ထိုင်းလူမျိုးဈေးဆိုင်ပိုင်ရှင်တွေက အခုလို ဆန္ဒပြကြတာဖြစ်ပါတယ်။ မြေပိုင်ရှင်က မောင်းထုတ်တော့့လည်းမတတ်နိုင်ဘူးပေါ့ရှင်”ဟုပြောသည်။
ပြီးခဲ့သည့်ညဥ့်ကနောက် ၁၅ရက်သာ ဆက်လက်ဈေးရောင်းချခွင့်ပြုတော့မည်ဖြစ်ကြောင်း ဈေးအုပ်ချုပ်ရေးမှူးရုံးမှ အသံချဲ့ စက်ဖြင့်မြေပိုင်ရှုက်မှကြေညာခဲ့သည်။ ပြီးမှ ဈေးအုပ်ချုပ်ေ၇း၇ုံးမှ မေလ၇ ၇က်နေ့ မှရောင်းရမလား ဈေးဖျက်ရမလားအဖြေပေါ်မည်ဖြစ်ကြောင်းကြေညာသွားသည်။ ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုများကြောင့် အရောင်းအ၀ယ်ပါးသည်မှာ တစ်လကျော်ခဲ့ပြီးဖြစ်သည်။ အထည်မျိုးစုံရောင်းသည့် ကိုမျိုးနိုင်က“တစ်ညတစ်လေ ဈေးဦးမပေါက်တာတောင်ရှိတယ်၊ ဒီနေ့ တော့ဆန္ဒပြကြမယ်လို့  ပြောတယ်။မြေပိုင်ရှင်က အငှါးသက်တမ်းကုန်ပြီးကတည်းက ပြောင်းပေးဖို့ ဈေးကန်ထရိုက်ကုမ္ပဏီကိုပြော နေတာကြာပြီ၊ ဈေးဆိုင်ခန်းပိုင်ရှင်ကုမ္ပဏီက ပြောင်းမယ်မယ်၊နေရာသစ်ရှာအုံးမယ်လို့ ပြောရင်း ပြောရင်း ကြာကြာလာတော့ မြေပိုင်ရှင်ကသည်းမခံနိုင်တော့လို့ အခုလိုဖြစ်လာတာ၊ ကျနော်တို့ တော့အခက်အခဲ ဖြစ်တာပေါ့ဗျာ” ဟုပြောသည်။ အဆိုပါလုံမ္ပနီညဈေးအတွင်း ဈေးအကူရောင်းမြန်မာအလုပ်သမားများ တစ်ရာကျော်ခန့် ရှိသည်။ ဤဈေးအတွင်းဈေးဆိုင်ပေါင်း၃၇၀၀ ကျော်ရှိပြီး ဆိုင်ခန်းပေါင်း ၂၀၀၀ ကျော် လက်ရှိဖွင့်လှစ်ရောင်းချနေသည့်နိုင်ငံခြားသားများအမြဲဈေးဝယ်သဖြင့် အထူးစည်ကားသည့် ညဈေးကြီး အဖြစ်ထင်ရှားသည်။

No comments:
Post a Comment