လှည်းကျိုးအောင် ထမ်းတင်ပြီး
ခယောင်းပြင်မှာ မောင်းနှင်လာခဲ့တဲ့
မဟာခရီးကြမ်းကြီးမှာ…။
နေရာကလေး တစ်ခုအတွက်
အလုအယက် အကန်အကျောက်
အိတ်ပေါက်နဲ့ ဖားကောက်ရသလို
ဟိုကယို သည်ကဖိတ်နဲ့
စိတ္တဇ လူနာတွေ ပြည့်သိပ်လျက်နေ၏…
စမြိန် စာကလဲ
မြိန်စရာ မရှိ…။
သံချောင်းလမ်းမှာ
လှည်းမောင်းတမ်း ကစားနေရသလို ရှိ၏…။
လှမ်းသာလှမ်းခဲ့ရ
ပန်းတိုင်က ဘယ်မှာမှန်းမသိ…။
မသိ ခရီးမှာ
သတိကြီးကြီး ထားဖို့လို၏…။
ဖူးငုံလဲရှိ ဆူးချုံလဲရှိ…။ ။
*** တင်မိုး ***
(၁၁၊ ဧပြီ၊ ၁၉၉၉၊ တနင်္ဂနွေနေ့ နံနက်ခင်း)
သက္ကရာဇ် အပုပ်အသိုးတွေကို
လှည်းကျိုးအောင် ထမ်းတင်ပြီး
ခယောင်းပြင်မှာ မောင်းနှင်လာခဲ့တဲ့
မဟာခရီးကြမ်းကြီးမှာ…။
နေရာကလေး တစ်ခုအတွက်
အလုအယက် အကန်အကျောက်
အိတ်ပေါက်နဲ့ ဖားကောက်ရသလို
ဟိုကယို သည်ကဖိတ်နဲ့
စိတ္တဇ လူနာတွေ ပြည့်သိပ်လျက်နေ၏…
စမြိန် စာကလဲ
မြိန်စရာ မရှိ…။
သံချောင်းလမ်းမှာ
လှည်းမောင်းတမ်း ကစားနေရသလို ရှိ၏…။
လှမ်းသာလှမ်းခဲ့ရ
ပန်းတိုင်က ဘယ်မှာမှန်းမသိ…။
မသိ ခရီးမှာ
သတိကြီးကြီး ထားဖို့လို၏…။
ဖူးငုံလဲရှိ ဆူးချုံလဲရှိ…။ ။
*** တင်မိုး ***
(၁၁၊ ဧပြီ၊ ၁၉၉၉၊ တနင်္ဂနွေနေ့ နံနက်ခင်း)
No comments:
Post a Comment