မန်ယူအသင်းမှ ဖာဒီနန်နှင့် ဗီဒစ်တို့ပါတီပွဲတစ်ခုမှ လမ်းလျှောက်ပြန်လာသည်။ အပျော်သဘောဖြင့် သင်္ချိုင်းဘက်မှပြန်လာသည်။ သင်္ချိုင်း အလယ်ရောက်သောအခါ ရုတ်တရက်အုတ်ဂူတစ်ခုမှ အသံကြားလိုက်ရ၍ လန့်ဖြန့်သွားကြသည်။ သေချာကြည့်လိုက်ပါက အုတ်ဂူကိုတူဖြင့်ထုဆစ်နေသော အဘိုးအိုတစ်ဦးဖြစ်နေသည်။
"လန့်လိုက်တာဗျာ… ကျနော်တို့က သရဲမှတ်လို့… ဒါနဲ့ညဘက်ကြီး ဘာတွေလုပ်နေတာတုန်း။"
"ဒီမှာလေကွာ… ငါ့နာမည်ကို စာလုံးပေါင်းမှန်အောင် မပေါင်းထားလို့ ပြန်ပြင်နေတာကွ။"
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများထဲမှ (အိတ်တင်း)ဘာသာပြန်သည်။
**.(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment