ဒီကနေ့ဟာ ထိုင်းသင်္ကြန်ပွဲတော်ပြီးလို့ နှစ်ဆန်းတစ်ရက်နေ့ဖြစ်တာမို့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ တော့ မြို့နယ်စည်ပင်သာယာရေးရုံးက ဦးစီးပြီး `မြို့လုံးကျွတ် ဆေးကြောသန့်စင်ခြင်းနေ့´ကို ထိုင်းနှစ်ဆန်း တစ်ရက်နေ့ လှုပ်ရှားမှုအဖြစ် တွေ့မြင်ကြရပါတယ်။ မဲဆောက်မြို့မှာရှိတဲ့ ထိုင်းနဲ့ မြန်မာဘုန်းတော်ကြီး ကျောင်းတွေကို အမာခံထားပြီး အလှပြယာဉ်တွေကိုယ်စီထွက်ကြလျက် ဘေးဘီဝဲယာက ပရိသတ်ကနေ အဲဒီအလှပြယာဉ်တွေမှာ ၀န်းရံလိုက်ပါလာကြသူတွေကို `ရေပျက်ဖျန်းခြင်း(၀ါ) မြို့ကိုဆေးကြောသန့်စင်ခြင်း´ ကို ဆောင်ရွက်ကြတာ ဖြစ် ပါတယ်။
လှပတဲ့ အလှပြယာဉ်တွေနဲ့ ထိုင်းရိုးရာအတိုင်းဝတ်စား ဆင်ယင်ထားတဲ့ အလှပြယာဉ်အသီးသီးက မြန်မာပြည်သားတွေကိုလည်း အခုလိုတွေ့မြင်ကြရပါတယ်။ `ရောမရောက်တော့ ရောမလိုကျင့်´ဆိုတဲ့အတိုင်း ထိုင်းမြေကို နင်းနေရတော့ ထိုင်းဓလေ့ထုံးစံ၊ ယဉ်ကျေးမှုတွေအတိုင်း အလိုက်သင့် လိုက်ပါစီးမျောနေကြတဲ့ မြန်မာပြည်သားတွေကိုလည်း တွေ့မြင်ကြရမှာဖြစ်ပါတယ်။
ကိုင်း… ပြောနေတာကြာပါတယ်။ ဓာတ်ပုံတွေကြည့်ပြီး ပီတိစားလိုက်ကြပါဦး…။ ။
*** သတင်းမှတ်တမ်း- မြန်မာပြည်သား ***

No comments:
Post a Comment