လူသားဖြစ်လာရတဲ့ ငါ
ပျော်မွေ့စရာ ဘယ်မှာရှိနိုင်အံ့…။
**ငါ့ခြေတစ်လုမ်း လှမ်းတိုင်း
ပန်းပွင့်မဖြစ်
မီးတောက်မီးလျှံ ဖြစ်ခဲ့ပေါ့
ဒီနှစ်တွေဟာ ဒီလိုနဲ့ လောက်ကျွမ်းသွားခဲ့ပြီ…။
**အလင်းသွေတဲ့ လမ်းကြောင်း
အကွေ့အပြောင်းတွေက အလွန်များ
ကာလကလဲ ရှည်လျားခဲ့
အမှားတွေ တစ်ထုပ်တစ်မနဲ့
ဒုက္ခတောင်တန်းကြီးကို ကျော်ဖြတ်
ဘယ်ရပ်ဌာနီ မျှော်ရည်မမှန်းနိုင်…။
**မမှန်မကန်တွေကို စားမြိန်စာထုပ် လုပ်ပြီး
မဟုတ်မကန်တွေကို မျိုချ
ဘယ်မှာ အာဟာရဖြစ်နိုင်ပါ့…။
ငါ့အသက် ငါ့နှစ်တွေဟာ အဓိပ္ပါယ်မဲ့စွာ
ကဲ့ရဲ့ဖွယ် ကုန်ဆုံးပြီး
တောင်ကတုံး ဖြစ်ခဲ့ပြီ
အရှုံးနဲ့ သွားနေရတဲ့ ခရီးစဉ်ပါကလား…။ ။
*** တင်မိုး ***
(၂၅၊ ဧပြီ ၁၉၉၉- တနင်္ဂနွေနေ့ နံနက်ခင်း)
**သံသယ မျက်လုံးတွေကြားထဲက
လူသားဖြစ်လာရတဲ့ ငါ
ပျော်မွေ့စရာ ဘယ်မှာရှိနိုင်အံ့…။
**ငါ့ခြေတစ်လုမ်း လှမ်းတိုင်း
ပန်းပွင့်မဖြစ်
မီးတောက်မီးလျှံ ဖြစ်ခဲ့ပေါ့
ဒီနှစ်တွေဟာ ဒီလိုနဲ့ လောက်ကျွမ်းသွားခဲ့ပြီ…။
**အလင်းသွေတဲ့ လမ်းကြောင်း
အကွေ့အပြောင်းတွေက အလွန်များ
ကာလကလဲ ရှည်လျားခဲ့
အမှားတွေ တစ်ထုပ်တစ်မနဲ့
ဒုက္ခတောင်တန်းကြီးကို ကျော်ဖြတ်
ဘယ်ရပ်ဌာနီ မျှော်ရည်မမှန်းနိုင်…။
**မမှန်မကန်တွေကို စားမြိန်စာထုပ် လုပ်ပြီး
မဟုတ်မကန်တွေကို မျိုချ
ဘယ်မှာ အာဟာရဖြစ်နိုင်ပါ့…။
ငါ့အသက် ငါ့နှစ်တွေဟာ အဓိပ္ပါယ်မဲ့စွာ
ကဲ့ရဲ့ဖွယ် ကုန်ဆုံးပြီး
တောင်ကတုံး ဖြစ်ခဲ့ပြီ
အရှုံးနဲ့ သွားနေရတဲ့ ခရီးစဉ်ပါကလား…။ ။
*** တင်မိုး ***
(၂၅၊ ဧပြီ ၁၉၉၉- တနင်္ဂနွေနေ့ နံနက်ခင်း)


No comments:
Post a Comment