ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, April 21, 2010

21Apr, 10// “ဒေါက်တိုင်ဖြို မြို့ ပြပြောက်ကျားစစ်ပွဲများစပြီလော”

> စစ်အုပ်စုရဲ့ ၂၀၁၀ရွေးကောက်ပွဲခေါင်းစဉ်နဲ့ ၊ ရွေးကောက်ပွဲကော်မရှင်ဥပဒေ ၊ နိုင်ငံရေးပါတီ များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေတွေထွက်ပေါ်လာပြီး ၊ သတ်မှတ်ရက်ခြောက်ဆယ်ဆိုတာ အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) က မှတ်ပုံမတင်ဘူးလို့ ၊ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချခဲ့သလို ၊ သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ သင်္ကြန်ရက်သုံးလုံးဆက်ဗုံးပေါက် ကွဲမှုကြီးနဲ့ ၊ မြစ်ဆုံရေကာတာစီမံကိန်းရုံး (အေးရှားဝေါ ) ဗုံးပေါက်ကွဲမှုတွေဟာလဲဆက်တိုက် ဖြစ်လာခဲ့ပါတယ် ။
နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်လုယူထားတဲ့ စစ်အာဏာရှင်တွေအုပ်ချုပ်မှုအောက် မှာ ၊ ဗုံးပေါက်တယ်ဆိုတာ ဆန်းတော့တဲ့ကိစ္စမဟုတ်ပေမဲ့ ၊ ခု သင်္ကြန်အကြတ်နေ့ ရန်ကုန် (ကန်တော်ကြီး) ဗုံးသုံးလုံးဆက်ကွဲမှုကတော့ အတော်လေးကို အုတ်အော်သောင်းနင်း ဖြစ် သွား ခဲ့ပါတယ် ၊ သင်္ကြန်ရက်အတွင်းဖြစ်တာကြောင့်ရော သာမန်ပြည်သူတွေကြားမှာ ဖြစ်တာလို့ စစ်အုပ်စုဝါဒဖြန့်ချီရေး ယန္တယားကနေလွှင့်တဲ့သတင်းဆိုတာတွေကို ၊ သံယောင် လိုက် အမျိုးမျိုး ဝေဖန်နေကြသူတွေကြောင့်ရော ၊ အဖြစ်မှန်အခြေအနေမှန်ကို ကြားသိတွက် ဆမိသူတွေ ၊ လက်နက်ကိုင်တော်လှန်ရေးဆိုတာကို ခြေခြေမြစ်မြစ်နားလည်ပြီး ရန်ငါစည်း ပြတ်သူတွေရဲ့ ၊ ထောက်ခံမှုတွေကြောင့်ပါ ၊ တစ်နိုင်ငံလုံး ၊ တစ်ကမ္ဘာလုံး အမှန်အမှား ငြင်းကြပြောကြရင်း ၊ ဟိုးလေးတကျော်ဖြစ်လာခဲ့တာပါ ။

ဒီလိုသတင်းမျိုးကိုဝေဖန်ရေးလုပ်တဲ့အခါမှာ အမှန်ကဘာလဲ ၊ ဘယ်သူတွေကလုပ်တာလဲ ၊ ဘာကြောင့်လုပ်တာလဲ သေချာဆန်းစစ်ဘို့တော့လိုပါတယ် ၊ ထင်ကြေးနဲ့ ကြားရသလောက်နဲ့ ရမ်းဝေဖန်တာမျိုးမဖြစ်သင့်ပါဘူး ၊ တပ်ဆင်နေရင်း ကိုယ့်လက်ထဲမှာကွဲနိုင်တဲ့ဘေးအန္တရာယ် ရှိသလို ၊ မိသွားပြန်ရင်လဲ သေသည်အထိနှိပ်စက်ညှင်းပန်းမှုမျိုးစုံခံရပြီး ၊ သေဒါဏ်အမိန့်နဲ့ ၊ ထောင်ထဲမှာ အသတ်ခံရမဲ့၇က်ထိုင်စောင့်နေရမှာမျိုး ကို ၊ အကြမ်းဖက်သမားနာမည်ခံပြီး အားအားယားယား ဘယ်သူမှ အကြောင်းမဲ့လုပ်မှာမဟုတ်ပါဘူး ။
စစ်အုပ်စုထုတ်ပြန်တဲ့သတင်းတွေမှာတော့ သေဆုံးသူတွေဟာ အပြစ်မဲ့ပြည်သူလူထုတွေလို့ တွင်တွင်သုံးထားတာတွေ့ရပြီး သူတို့အာဏာပိုင်အဖွဲ့အစည်းနဲ့မဆိုင်သယောင် ဖေါ်ပြထားပါ တယ် ၊ တကယ်တမ်း သေဆုံးသူတွေနဲ့ ပြင်းပြင်းထန်ထန်ထိခိုက်ဒါဏ်ရာရသူတွေကိုလေ့လာ ကြည့်တဲ့အခါ အများစုက အာဏာပိုင်အဖွဲ့အစည်းကလူတွေဖြစ်နေတာကိုတွေ့ရပါတယ် ။
ဖြစ်စဉ်မှန်ကိုစုံစမ်းကြည့်တဲ့အခါမှာ ခုဗုံးပေါက်ကွဲတဲ့ X20 (SPECIAL ONE) မဏ္ဍပ်က သန်းရွှေအချစ်တော်မြေးလေး ဖိုးလပြည့်ကစားဘို့ ၊ ဆောက်ခိုင်းထားတဲ့မဏ္ဍပ်ဖြစ်ပြီး သန်းရွှေကစိတ်မချလို့ ပြည်လမ်းက တေဇမဏ္ဍပ်ဘေးကို CHANNEL-5 ဆိုတဲ့ နှစ်တိုင်း သူပေးနေကြနာမည်နဲ့ ရဲလုံခြုံရေး တပ်ရင်းလိုက်ချပြီး ပြောင်းကစားစေခဲ့တာပါ ။
ဒါပေမဲ့ X20(SPECIAL ONE) မဏ္ဍပ်မှာ သန်းရွှေမြေးသာမပါတော့တာ ရေကစားသူအများစု ဟာ စစ်အုပ်စုခေါင်းကြီးပိုင်းသားသမီးတွေအများ စုဆိုတာတွေ့ရပါတယ် ၊ ဖိုးအေးအပါအ၀င် ဖိုးလပြည့် ခေါ် နေရွှေသွေးအောင် ရဲ့သူငယ်ချင်းတွေအများစုဖြစ်ပါတယ် ၊ ၁၄.၄.၂၀၁၀နေ့က ဖိုးလပြည့်ကိုယ်တိုင် ညနေသုံးနာရီကျော်မှာ လာရောက်ရေကစားခဲ့လို့ ဗိုလ်မှုးကြီးကိုယ်တိုင် အောက်ခြေမိးသတ် ၊ မော်တော်ပီကယ်တွေလုပ်တဲ့အလုပ်မျိုးကို ယူနီဖေါင်းကြီးတကားကားနဲ့ ကလေးကလားဆင်းလုပ် ဖါးယားပြနေရတာကိုတွေ့ရပါတယ် ၊ စစ်ဒေသမှုးကြီးနဲ့ ရဲမြို့နယ်မှုး ၊ မယက ဥက္ကဌ တတွေ ပြာယာခတ်နေမှုက X20(SPECIAL ONE) မဏ္ဍပ်ဟာ အာဏာပိုင် သားသမီးတွေ ၊ ပြည်သူတွေဆီက မတရားရယူထားတဲ့ငွေတွေကိုဖြုန်းဘို့ နေရာတစ်ခုဆိုတာ အထင်အရှားဖြစ်စေပါတယ် ။
အဲဒီတော့ ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်နဲ့ စစ်အုပ်စုရဲ့ နှလုံးသွေး ၊ ရင်နင့်သည်းချာ သား သမီးရတနာလေးတွေနဲ့ ၊ သူတို့အတွက်လုံခြုံရေးယူပေးနေတဲ့ စစ်ဘက်ဆိုင်ရာတာဝန်ရှိသူ တွေကို ဦးတည်တိုက်ခိုက်မှုဖြစ်တယ်ဆိုတာ ထင်ရှားလာပါတယ် ၊ စစ်အုပ်စုက သူတို့ကိုယ်တိုင် ၀ါဒဖြန့်ချီရေးအတွက်လုပ်တာမျိုး ၊ ဒီတခါတော့မဟုတ်ပါဘူး ။
သေတဲ့ ဒါဏ်ရာရတဲ့သူတွေထဲမှာ သာမန်ပြည်သူတွေပါတယ်ဆိုပေမဲ့ ၊ တကယ်တမ်းအများစု က စစ်အုပ်ဝုအာဏာပိုင်တွေနဲ့ ၊ ရဲ ၊ မီးသတ် ၊ ရယက ၊ မယက ၊ ကြံ့ဖွတ်တွေပါ ။ လုံခြုံရေးယူ ထားတဲ့ကြားထဲကို လက်ပစ်ဗုံးနဲ့အနီးကပ်ပစ်ပြီးတိုက်ခိုက်မှုပါ ၊ ဗုံးရှင်းလင်းရေးသမားတွေ ရောက်လာမှခွဲဘို့လုပ်ထားပုံရတဲ့ ( မိသွားတဲ့ ) အပြင်းစားရမုကွန်ထရိုးနဲ့ဗုံးတွေသာ စောစောခွဲခဲ့ရင် ပြည်သူတွေ ဒီ့ထက်ပိုထိခိုက်မှာပါ ၊ ခုဟာက ပြည်သူထိတယ်ဆိုတာ စစ်ပွဲတစ်ပွဲရဲ့ ဘေးထွက် ဆိုးကျိုးအဆင့်ပဲရှိပါတယ် ။
ပြည်သူလူထုထိခိုက်တယ်ဆိုတာ စိတ်မကောင်းစရာပါ ၊ ဒါပေမဲ့ စစ်အာဏာရှင်လက်ထက်မှာ ဒီလိုအနိဌာရုံတွေဟာ မဆန်းတော့ပါဘူး၊ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ရက်ရက်စက်စက် ပစ်သတ်ခံခဲ့ရတဲ့ပြည်သူတွေ ၊ ဒီပဲရင်းမှာဗလာချီရိုက်သတ်ခံရတဲ့ ကျောင်းသားလူငယ်တွေ ၊ ၂၀၀၇ စက်တင်ဘာမှာသတ်ဖြတ်ခံခဲ့ရတဲ့ သံဃာတွေ ၊ ကျောင်းသားပြည်သူတွေ ၊ မတရား သဖြင့်နှိပ်စက်မှုတွေကြောင့် အကျဉ်းထောင်အသီးသီး ၊ ရဲဘက်စခန်းအသီးသီးမှာ လူမသိသူ မသိ သေခဲ့ရသူတွေ ၊ ကရင်ပြည်နယ်နဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်ရဲ့ရွာထဲလက်နက် ကြီးနဲ့ပစ် ၊ ရွာလုံးကြွတ်မီးရှို့ ၊ မုဒိန်းကျင့်သတ်ဖြတ်မှုတွေကြောင့် သေခဲ့ရတဲ့ပြည်သူတွေ ၊ မပြည့်စုံတဲ့စားဝတ်နေမှုဘ၀တွေမှာ တဖြည်းဖြည်းအဟာရ ချို့ တဲ့ပြီး သေခဲ့ရတဲ့ပြည်သူတွေ ၊ လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမရလို့ ၊ ဆေးမကုနိုင်လို့ မသေသင့်ပဲသေခဲ့ရတဲ့ ပြည်သူတွေများလှပါပြီ ၊ ( နာဂစ်မုန်တိုင်းတိုက်ချိန်မှာ အာဏာတည်မြဲရေးကိုပဲဦးစားပေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆန္ဒခံယူပွဲကိုပဲအာရုံစိုက်နေလို့ ၊ ကယ်ဆယ်ရေးမလုပ်လို့ ပြည်သူတွေ
သိန်းချီသေခဲ့တာ ဘာမှမကြာသေးပါဘူး ) ။
ခုလို ကပ်ဆိုက်သလိုတိုင်းပြည်မှာ ဒုက္ခဆင်းရဲတွေကြားကနေလွတ်မြောက်အောင်မကြိုးစားပဲ သင်္ကြန်ဆိုတာမျိုးခေါင်းစဉ်တပ် အပျော်အပါးနောက်လိုက်နေတာမျိုးတွေ ၊ အာဏာပိုင်တွေနဲ့ သူတို့သားသမီးမိသားစုတွေကြားသွားလာပြီး ကိုယ့်ဘို့ပဲကိုယ်သိသူတွေအတွက် ၊ ဒီလိုအနိဌာ ရုံတွေ ထပ်ထပ်ပြီးတွေ့လာရတော့မှာပါ ၊ ဖေါက်ပြန်တဲ့စစ်အုပ်စုရှိနေသမျှစစ်ပွဲတွေရှိနေဦးမှာပါ ၊ တော်လှန်ရေးမှာ သင်္ကြန်မရှိဘူး ၊ လပြည့်နေ့မရှိဘူး ၊ တောတွင်းမြို့ ပေါ်ခွဲခြားမှုမရှိဘူး ၊ အချိန်တိုင်း ၊ နေရာတိုင်း တိုက်ပွဲတွေရှိနေနိုင်တယ်ဆိုတာ ပြည်သူလူထု တရပ်လုံး သတိရှိ နေကြဘို့လိုတယ်ဆိုတာ ဒီဖြစ်စဉ်ကနေ သင်ခန်းစာယူကြဘို့လိုပါတယ် ။
ဘယ်နေ့ဘယ်အချိန်မှာ ဘယ်နေရာမှာ ဘာဖြစ်မလဲလို့ အထိတ်ထိတ်အလန့်လန့် နေရတဲ့ ဘ၀မျိုးကလွတ်အောင် ၊ ငြိမ်းချမ်းရေးရှိအောင် စစ်အာဏာရှင်ကိုဆန့်ကျင်ကြ ။ ပြည်သူ့အစိုးရ ပေါ်ထွန်းရေး ကြိုးစားကြ ၊။

**ရွှေသန်း**
__._,_.___
***၈၈၈၈ ပြည်သူ့ နေ့ စဉ်**

စစ်အုပ်စုရဲ့ ၂၀၁၀ရွေးကောက်ပွဲခေါင်းစဉ်နဲ့ ၊ ရွေးကောက်ပွဲကော်မရှင်ဥပဒေ ၊ နိုင်ငံရေးပါတီ များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေတွေထွက်ပေါ်လာပြီး ၊ သတ်မှတ်ရက်ခြောက်ဆယ်ဆိုတာ အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) က မှတ်ပုံမတင်ဘူးလို့ ၊ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချခဲ့သလို ၊ သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ သင်္ကြန်ရက်သုံးလုံးဆက်ဗုံးပေါက် ကွဲမှုကြီးနဲ့ ၊ မြစ်ဆုံရေကာတာစီမံကိန်းရုံး (အေးရှားဝေါ ) ဗုံးပေါက်ကွဲမှုတွေဟာလဲဆက်တိုက် ဖြစ်လာခဲ့ပါတယ် ။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)