တဆွေ့ခုန် အဆိပ်မြှားထိထားတဲ့
သားကောင်လို ဒဏ်ရာပြင်းပြင်း
လောကလမ်းကျဉ်းကျဉ်းမှာ
မျှော်လင့်ခြင်း သေဆုံးခဲ့ပြီ ။
**မုသားစကားများ
ပါကင်( packing ) လှလှ ထုပ်ပိုးထားပြီး
ဒုက္ခလက်ဆောင် ပေးတတ်တဲ့ အစိုးရ
အစ ကတည်းက မရိုးသား
ကမ္ဘာ မီးလောင် စစ်သားကောင် ချနင်းခဲ့တယ် ။
**ဖောက်ပြန်တဲ့ ယန္တယားမှာ
ဒေါက်တိုင်လို လူစားတွေက
အိပ်မွေ့ချ မျက်လုံးများ
အစားထိုး နှလုံးသားအတုနဲ့
အမိန့်တခုနာခံလျက်
ခါးသီး ရက်စက် မွန်းကြပ်သွေးပျက်ဖွယ်
အမှောင်ရက်စွဲ စစ်လှောင်ချိုင့်ထဲမှာ......။
**နှာစေးနေတဲ့ ကမ္ဘာကြီးမှာ
ရုန်းကန်ရင်း ယမ်းကုန်
ကျည်ဆံကုန်နေတဲ့ သေနတ်လို....
လျှပ်စစ်မီးပျက် မြို့ပြညလို.....
ငြိမ်းချမ်းရေးမဲ့ ရေရှည်စစ်မှာ နွံနစ်ရင်း
မျက်ကန်းမျိုးချစ် စစ်ကိုချစ်ခဲ့တယ်....။
**အတွေ့အကြုံတွေက
တဆွေ့ခုန် အဆိပ်မြှားထိထားတဲ့
သားကောင်လို ဒဏ်ရာပြင်းပြင်း
လောကလမ်းကျဉ်းကျဉ်းမှာ
မျှော်လင့်ခြင်း သေဆုံးခဲ့ပြီ ။
**မင်းရဲကျော်စွာ**
**အတွေ့အကြုံတွေက
တဆွေ့ခုန် အဆိပ်မြှားထိထားတဲ့
သားကောင်လို ဒဏ်ရာပြင်းပြင်း
လောကလမ်းကျဉ်းကျဉ်းမှာ
မျှော်လင့်ခြင်း သေဆုံးခဲ့ပြီ ။
**မုသားစကားများ
ပါကင်( packing ) လှလှ ထုပ်ပိုးထားပြီး
ဒုက္ခလက်ဆောင် ပေးတတ်တဲ့ အစိုးရ
အစ ကတည်းက မရိုးသား
ကမ္ဘာ မီးလောင် စစ်သားကောင် ချနင်းခဲ့တယ် ။
**ဖောက်ပြန်တဲ့ ယန္တယားမှာ
ဒေါက်တိုင်လို လူစားတွေက
အိပ်မွေ့ချ မျက်လုံးများ
အစားထိုး နှလုံးသားအတုနဲ့
အမိန့်တခုနာခံလျက်
ခါးသီး ရက်စက် မွန်းကြပ်သွေးပျက်ဖွယ်
အမှောင်ရက်စွဲ စစ်လှောင်ချိုင့်ထဲမှာ......။
**နှာစေးနေတဲ့ ကမ္ဘာကြီးမှာ
ရုန်းကန်ရင်း ယမ်းကုန်
ကျည်ဆံကုန်နေတဲ့ သေနတ်လို....
လျှပ်စစ်မီးပျက် မြို့ပြညလို.....
ငြိမ်းချမ်းရေးမဲ့ ရေရှည်စစ်မှာ နွံနစ်ရင်း
မျက်ကန်းမျိုးချစ် စစ်ကိုချစ်ခဲ့တယ်....။
**အတွေ့အကြုံတွေက
တဆွေ့ခုန် အဆိပ်မြှားထိထားတဲ့
သားကောင်လို ဒဏ်ရာပြင်းပြင်း
လောကလမ်းကျဉ်းကျဉ်းမှာ
မျှော်လင့်ခြင်း သေဆုံးခဲ့ပြီ ။
**မင်းရဲကျော်စွာ**
No comments:
Post a Comment