တဘက်သတ် မတရားဥပဒေများဖြင့် ကန့် သတ်ထားသော ရွေးကောက်ပွဲမ၀င်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က၂၉ မေလ ၂၀၁၀ တွင်ဆုံးဖြတ်ခဲ့သည်။ တိုက်ပွဲဝင် သက်တမ်းတစ်လျှောက်နိုင်ငံရေးလုပ်ဟန်အရရှေ့ နောက်ညီညွတ်သည်လုပ်သင့်သည် ဟုဆိုနိုင်သည်။
ရွေးကောက်ပွဲဆိုင်ရာဥပဒေများသည် စစ်အာဏာရှင် ဘောမပေးသူကို ချိန်ရွယ်၍ထုတ်ပြန်ခြင်းမဟုတ်ဟု ငြင်းခုံလိုကငြင်းခုံနိုင်သည်။ သို့ သော်လူပုဂ္ဂိုလ်များကို ဆင့်ကဲ လက်ဆင့်ကမ်းပြိး ဗဟိုပြု၍တည်ထောင်ထားသော စစ်အာဏာရှင် စစ်တပ်အဖို့ အဖို့ ထိုပုဂ္ဂိုလ်များကို ဘယ်သောအခါမှ စွန့် ပစ်ရန်မဖြစ်နိုင်။ အထူးသဖြင့်ထိုသူမှာထိပ်ဆုံးတွင် ဆုံးဖြတ်သည့်နေရာယူထားပါကပို၍မဖြစ်နိုင်။
ထို့ ကြောင့်ရွေးကောက်ပွဲလုပ်ပေးရန် ဆုံးဖြတ်ချက်သည် နိုင်ငံရေးအရဆုံးဖြတ် ခြင်းမဟုတ်ဘဲ နိုင်ငံတကာမျက်နှာပန်းလှပြီး သားစဉ်မြေးဆက်ကောင်းစားရေးစီမံပေးနေသည်ကို “ရွေးကောက်ပွဲဝင်ဖို့ စဉ်းတောင်မစဉ်းစားဘူး”ဟုမှတ်ချက်ကို ပေးလိုက်တာ မရှိတဲ့ ဥပဒေနဲ့  အကျဉ်းကျခေါင်းဆောင်နှင့်တသားတည်းရှိကြောင်းပြသသည့် “ခံစားချက်” ကလာသည့် ရဲဘော်ရဲဘက် သေအတူ ရှင်မကွာ သစ္စာတရားကို တန်ဖိုးထားသည့် ဆုံးဖြတ်ချက်မျိုးဖြစ်သည် ။
(ဤခံစားချက်ကို နားမလည်သူသည် အဟိတ်တိရိစ္ဆာန်ထက် နိမ့်ကျသော အဆင့်အတန်းမှာ ရှိပေသည် )
တဘက်တွင်လည်းရွေးကောက်ပွဲဝင်ရန်အတွက်ပါတီကိုအသစ်တဖန်မှတ်ပုံမတင်လျှင်နိုင်ငံရေးပါတီတရပ် အဖြစ်မှအလိုလိုပျက်ပျယ်စေရမည်ဟုဥပဒေကဆိုထားပြန်ရာတင်းမာသောလမ်းကြောင်းကိုဖြစ်ပေါ်စေရန် စစ်အာဏာရူးများက တွန်းအားပေးနေသည် ။ စစ်အစိုးရကအာဏာရူးပြီပြီ ပါတီဆိုင်းဘုတ်ကို လာ၍ဆွဲချပစ်မည့်နေ့ ကိုထိုင်စောင့်နေ ကြရင်းNGO ဆန်ဆန်လူမှုကူညီရေးလုပ်ငန်းတွေပြောင်းလုပ်ကြမလိုလို၊ မြေအောက်လှုပ်ရှားမှု လုပ်ငန်းတွေဘဲ လုပ်ကြမလိုလို လေသံပစ်နေကြရင်း လူထုခံစားမှုအသံကို စောင့်ကာ
ပြည်သူ့ ကိုယ်စားလှယ်ပီသစွာ လူထုအတွက် ရှေ့ တလှမ်းတက်ရမည်ဖြစ်ပါသည် ။
တင်းကြပ်လွန်းပြီး အပြစ်ချောင်းနေတဲ့ ကောက်ကျစ်ယုတ်မာတဲ့ မြေခွေးများကြားက NGO ပုံစံဖြင့် လူမှုကူညီရေးလုပ်ရန်စိတ်ကူးမှာ ပြည်သူအတွက် ဟူသောခံယူချက်ဖြင့်ဆိုလျှင် အရာရာဟာ သာယာလှပ လာမှာပါ
ပြည်သူ့ အရေးတော်ပုံက ပေါက်ဖွားလာတဲ့ပါတီကြီးဟာ ပြည်သူအတွက် ဘယ်နေရာကဖြစ်ဖြစ် ဂုဏ်ယူစရာပါ ။
ဤစိတ်ကူးကို အကောင်အထည် ဖေါ်ဖြစ်လျှင် NLD သည် ပြည်သူ့ မိဘသဖွယ်ဖြစ်လာမှာပါ ။ ဒီမိုကရေစီ နိုင်ငံတိုင်းလိုလိုတွင် ဤအလုပ်သည် ဘုရင် ဘုရင်မ များသာလုပ်သောအလုပ်ဖြစ်သည် ။ မြန်မာဘုရင်မျိုးဆက် ပျောက်ဆုံးပြီး နေဝင်းလူလည်ကျ ရောချသောကြောင့် အချို့ မြန်မာတွေ နားမလည်ကြပါ ။ အနောက်နိုင်ငံတွေကအလှုငွေတွေအလုံးအရင်းနှင့်လာလိမ့်မည်။
ဒီမိုကရေစီ ပထမလှေခါးထစ် ဟုခေါ်နိုင်ပါသည် ။ အဆင့်ဆင့်ပြောင်းလည်းခြင်း၏ အစလည်းဖြစ်သည် ။
ထိုအခါကျမှစီးပွားရေးပိတ်ဆို့ မှုနဲ့ စစ်ဖိနပ်အောက်တွင် ၁၉၆၂ ကစပြီး ပြားပြားမြောက် မွဲပြာကျနေသောလူထုကို အသိဥာဏ်နှင့် ဖွံ့ ဖြီုးစွာနေထိုင်ရေးကို လမ်းပြနိုင်မှာပါ ။
ဤနည်းသည်လက်တွေ့ တွင် အင်မတန်ခက်ခဲသည့် အခြေအနေမှာရှိပါသည် ။ မနာလိုအားကြီးတဲ့စစ်ဗိုလ်တွေကြောင့်ဖြစ်ပါတယ် ။
မွဲပြကျနေသောလူထုကိုဤသို့ ပေးကမ်းကျွေးမွေး၍နိုင်ငံရေးသြဇာထူထောင် သောအလုပ်ကို သေနပ်ကိုင်ထားတဲ့စစ်အာဏာရှင်တွေမဆလ တပါတီစနစ်ကစပြီးနဲ့ ပြည်ခိုင်ဖြိုးအဖွဲ့ တွေအဆုံး အစိုးရငွေဖြင့်လုပ်နေတာအနှစ် ၄၅ နီးပါးရှိနေပြီ။ အာဏာနှင့်ငွေ ၂ ရပ်ပေါင်းလုပ်နေတာတောင်လူထုကိုအမှန် တကယ်မသိမ်းသွင်းနိုင်သေး။ ပြည်ခိုင်ဖြိုးဝင်များသာ တိုက်ဆောက် ကားစီးသွားကြပါသည် ။
လူထုက ကျောမွဲပြာကျ ဘဝကမတက်သေးလို့ ပါဘဲ ။
အနောက်နိုင်ငံအစိုးရများကိုယ်တိုင်ကလဲစစ်အစိုးရ၏စစ်မှန်သော အမျိုးသာရေးပြန်လည်သင့်မြတ်ရေး အပေါ်အခြေခံလာမည့် ရွေးကောက်ပွဲအသစ်ကို လက်ခံထားပြီးသားဖြစ်သည်။ ကန့် သန့် တဲ့ဥပဒေကြောင့် သူတို့ တစ်လျှောက်လုံးမျက်စေ့မှိတ်ထောက်ခံခဲ့သူအောင်ဆန်းစုကြည်ကို ပိုပြီးထောက်ခံလာခဲ့သည် ။၊ ဖိအားကို ဆက်မတွန်းလိုသော်လည်း ဆက်တွန်းပါတော့မည် ။ ပြည်သူကလည်း ရက်စက်မှုအပေါင်း သရဖူဆောင်းထားပြီး ယုတ်မာတာ ကမ်းပျောက်လမ်းပြောက် အောင်ကြမ်းတဲ့ အာဏာရှင် စစ်အစိုးရ ဘက်ကလျှော့အောင် လုပ်၍မရနိုင်မှန်းသိကြလျှင် အန်အယ်ဒီနဲလက်တွဲပြီး တထစ်ပြီးတထစ် တရစ်ပြီးတရစ် အာဏာရှင် ပြူတ်ကြရေး ကို နည်းလမ်းပေါင်းစုံလုပ်ပေးပေး ကြရပါမည် ။ စစ်အာဏာရှင်က တယုတ်ပြေးဖါးလိုက် မြောက်ကိုရီးယား ပြေးရက်လိုက် ရရှားကို အဖေခေါ်လိုက်နဲ့ ဘယ်သူမှ မျက်စေ့မလည်ခဲ့ပါဘူး ခင်ဗျားတယောက်တည်းပါ အူးမျင့်စွေ
တဘက်တွင်လည်း 3DFUND, WHO, FAO, World Vision စသောသမ္ဘာရင့် professional NGO ကြီးများ ကိုရံပုံငွေထည့်ဝင်နေကြပြီဖြစ်ရာ NLD လူမှုရေးကော်မီတီထံကို လက်ပြောင်း၍ ထည့်လျှင် ပြဿနာတွေအများကြီးတက်နိုင်သည်။ မြန်မာပြည်တွင်မှတ်ပုံတင်ထားပြီးသားလှုပ်ရှားနေသော NGO (၇၀၀) ကျော်ရှိပြီးဖြစ်သည်။ တချို့ ဆိုလျှင် လိမ်စား ညာစားနေကြသည်မှာ သက်တမ်းနှစ် ၂၀ ထည်း ရောက်နေ၊ ကျော်နေကြပြီ။ NLD သည်သူတို့ နောက်က၀င်တန်းစီရမည်ဖြစ် သလိုသူတို့ ကလည်း တသက်လုံး အာဏာရှင်နဲ့ ပေါင်းစားတာ ဘူးပေါ်သလို ပေါ်လာတော့မှာကို ကြောက်လန့် ပြီး သူတို့ ၏လုပ်ငန်းခွင် တွေဝင်လုလာမည်ကိုလျှောလျှော လျှူလျှူ ကြည့်နေကြမည်မထင်။ထို့ ထက် စစ်အစိုးရက NLDဘာအကြံနှင့် ဤခြေလှမ်းပြင်သည် ကိုသိသဖြင့် လုပ်၍မရလောက် အောင်နှောက်ယှက်နိုင်၊ တင်းကြပ်နိုင်သည်။ နမူနာက ၂၀၀ရ မှာ နိုင်ငံခြားသား ညွန်မှုးကို စီးပွားရေး ကျဆင်းမှု အမှန်အတိုင်းတင်ပြတာကြောင့် တိုင်းပြည်ကမောင်းထုတ်ခဲ့တယ်လေ။
NGO လုပ်ငန်းများဝင်လုပ်ရင်းစိတ်ကူးထက်ပိုဆိုးသောအခြေအနေများဖြစ်လာနိုင်ပါသည် ။ ၊ ရွေးကောက် ပွဲကိုသပိတ်မှောက်ကြရန်၊ လူတွေလမ်းမပေါ်ပြန်ရောက်အောင်လှုံ့ ဆော်မည့် ဒုတိယ၊ တတိယ “ဒီပဲယင်း”များပေါ်လာမည့် အခြေအနေ ဖြစ်သည် ။ လူထုသည်းခံမှု အတိုင်းအတာ ကုန်တဲ့နေ့ ဟာ
အဲဒီ လူထုပေါက်ကွဲမှုမှာသေစရာရှိလျှင် လူထုသာသေမည့်သဘောဖြစ်ရာလူထုကို ဦးဆောင်သင့်ပါမလား ။ အဘယ့်ကြောင့် ဆိုသော်အခြားရွေးစရာအဖြစ် စစ်ဖိနပ်အောက်က မတရားရွေးကောက်ပွဲ” တခုထဲကိုသာ စစ်အစိုးရကချပြထားတာရှိနေသည်။ အပြည်ပြည်ဆိုင်ရာတွေလဲ စစ်အစိုးရ မျှော်လင့်ထားသည်ထက် ပိုပြီးပြင်းထန်လာနေသည် ။
ဆရာဦးဝင်းတင်နှင့်ဗိုလ်ချုပ်ကြီးဟောင်းတင်ဦးတို့ ကို မေတ္တာရပ်ခံလိုသည် မှာ
“အဘတို့ ခင်ဗျား တာဝန်ပြီးအောင်သာလုပ်ကြပါတော့ ဗိုလ်ချုပ်အောင်ဆန်းလို လူထုက ရင်ထဲမှာအမြဲ လွမ်းနေကြမှာပါ ။
သို့ သော်NLDထည်းတွင်လူတိုင်း“စုကြည်သရဏံဂစ္ဆာမိ”ဆက်လုပ်နေကြသည်မဟုတ်။ နောက်ဆုံးအချိန်တွင်“သစ္စာဖေါက်နိုင်ငံရေးသမား” တချို့ ပေါ်ထွက်လာ၍ အချိန်မှီသိကြလို့ တော်သေးရဲ့ဟုဆိုရ မည်။ ထိုသူများမှာပါတီတွင်းရှိ “အသက်ခြောက်ဆယ် တ၀ိုက်ရှိလူငယ်” များ ဖြစ်သည်။ ဦးခင်မောင်ဆွေ ၊ ဦးဝင်းမြင့်၊ ဦးသိန်းညွန့် ၊ ဒေါက်တာသန်းညိမ်း၊ ဦးစိန်လှဦး စသည်ဖြင့် ဒါကြောင့် နှစ် ၂၀ ကျော် အန်အယ်ဒီက ဘာမှလုပ်မရတာ သတင်းတွေက ဒိုးယိုပေါက်ကြီးလေ ။
ထိုသူများသည်ပါတီအသက်ရှင်ရေးအတွက်တန်ဘိုးဘယ်လောက်ပေးရသည် ဖြစ်စေ ပေးဆပ်နိုင်သူများဖြစ်သည်။ အထက်ဆရာကြီးများ၏အမိန့် အတိုင်း အထူးရုပ်သေးသမားဘဝကို ခံယူထားသူများလည်းဖြစ်သည် ။ အထူးသဖြင့် စစ်အစိုးရ၏နောက်တချီစိန်ခေါ် ပွဲ(ရွေးကောက်ပွဲ) ကိုကြောက်စရာမလိုအောင် အလိုတော်ရိများဘဝကို လွယ်ကူစွာပြောင်းနိုင်ရန်ပြင်ဆင်ထားသူများဖြစ်သည်။
စစ်အစိုးရ ကံဆိုးသည်မှာ ယခုလိုခေါင်းဧဧထားရမည့်အချိန်တွင်ပင် “စုကြည်သရဏံ ဂစ္ဆာမိ” သမားများကသူတို့ တလျှောက်လုံးလုပ်လာခဲ့သော ရဲဘော်ရဲဘက်စိတ်နဲ့ “ခေါင်းဆောင်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ ကယ်ဆယ်ရေး” ဆောင်ပုဒ်ကို ရွေဂုံတိုင်ကျေညာစာတမ်းနှင့်အတူ တိုက်ပွဲဝင်ရန် ပြည်သူ့ နိုင်ငံရေးကိုဆက်လုပ်နိုင်ရန် ပါတီကိုပါချကြွေး၍ဆက်လုပ်သွားနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့ သော်ဤကံဆိုးမှုကြီးထည်းတွင်ကံကောင်းခြင်းမျိုးစေ့ပါတစ်ပါတည်း ကပ်ပါလာခဲ့ပြီးဖြစ်နေသည်။ စစ်အစိုးရကိုပင်ကျေးဇူးတင်ရမလိုဖြစ်သည်။
ယုတ်မာတဲ့ စစ်အစိုးရ၏အကျပ်ကိုင်မှုက “ပုဂ္ဂိုလ်ကိုးကွယ်ရေးသမားများ” နှင့် “ပြည်သူ့ နိုင်ငံရေး သမားများ” မဖြစ်မနေကွဲထွက်သွားကြအောင်ဖန်တီးပေးလိုက်သည်။ပုဂ္ဂိုလ်ကိုးကွယ်ရေးသမားများက ပါတီအပျက်မခံ၍ မနိုင်မှန်းသိသည့်တိုက်ပွဲကိုဇွတ်တိုက်ခဲ့သည်။ သူတို့ ကြောင့်ပါတီပျက်ရသည်တွင်(အဖျက်မခံရသည့်တိုင် နိုင်ငံရေးမလုပ်ရ) ပုဂ္ဂိုလ်ကိုးကွယ် အချောင်သမား နိုင်ငံရေးသမားများက ပါတီဟောင်း၏ ဒီမိုကရေစီဝိဥာဉ်ကို ထုံကူး၍တစ်ချိန်တည်းတွင်ပင်ပါတီဟောင်းကိုတစ်လျှောက်လုံးဒုက္ခပေးခဲ့သော ပြည်သူ့ ကိုးကွယ်မှုကိုပစ်ချထားခဲ့ကာ ပါတီသစ်တစ်ခုထူထောင်နိုင်ရန် ဆိတ်လအုများ ရုပ်သေးများ အခွင့်အရေးတစ်ခုရသွားသည်။
ဤအမြီးကျက် အမြီးစား ခေါင်းကျက်ခေါင်းစား ဆိုးမွေကို နားလည်လာကြပြီး ဆိုးမွေကို ထားရစ်ခဲ့နိုင်သည့် အခွင့်အရေးကိုဆုံးဖြတ်ခဲ့သည့်ပုံမှာလည်းသမိုင်းဝင် မှတ်တမ်းမှာ အင်မတန်လှပလိမ့်မည်ဟုဆိုရမလိုဖြစ်သည်။
NLD ဖျက်ဆီးခံရသည်မှာ စစ်အစိုးရအနိုင်ကျင့်ခံရတာဟု လူထုနှင့်တကွတစ်ကမ္ဘာ လုံးက သိထားကြသည် ဖြစ်ရာအစိုးရကို မုန်းတီးကြသလောက်ပမာဏနှင့် အညီအမျှဖြစ်သော ဂရုဏာကိုNLD ကခံယူရရှိမည်ဖြစ်သည် ။ ထိုဂရုဏာအပြည့်နှင့်(သို့ မဟုတ်မလှုပ်ရှားနိုင်တော့ပြီ) ဖြစ်သော NLD ကအသုံးမပြုတော့ဘဲ NLD အစားဝင် ပါတီသစ်အတုက စစ်အာဏာရှင် အဝတ်လဲ ပုံပျက်ပမ်းပျက်ဒီမိုကရေစီ အတုကြီးဖြင့် လူထုကို လှည့်စားတော့မည် ။
ထိုဂရုဏာသက်မှုကိုယခုလိုပူပူနွေးနွေးရှိနေခိုက်အသုံးချနိုင်ဖို့ ကောင်းသည်။ ဂုဏ်သိက္ခာသက်သက်အတွက်တိုက်သွားကြသူများ၏နောက်တွင်နှစ်ပေါင်း ၂၀ ကျော်အနာခံ၍ ၁၉၈၈ ကျောင်းသားများ အသေခံပြီး တည်ဆောက်ထားသော သိန်းနှင့်ချီရှိသောအင်အားများ အလဟဿ မပြိုကွဲသွားအောင်တာဝန်သိတတ်သူခေါင်းဆောင်သူများက သေချာစွာစဉ်းစားဦးဆောင်ကြရလိမ့်မည်။ Saints can be pure but statesmen must be responsible. ဟူသောအမေရိကန်နိုင်ငံရေးသုခမိန်စကားတခွန်းရှိသည်။
NLDတွင်အသစ်စက်စက်ဗဟိုကော်မတီဝင်၁၀၀ကျော်ရှိနေသည်။ထိုသူများထည်းကစစ်အစိုးရ၏ရွေးကောက်ပွဲဥပဒေကခွင့်ပြုထားသောဂယ်ပေါက် (Loop hole) ကိုအသုံးပြု၍ပါတီ သစ်တစ်ခုကိုဆင်တူယိုးမှားနာမည်တစ်ခုဖြင့် မှတ်ပုံတင်ကာရွေးကောက်ပွဲဝင်ကြလိမ့်မည်ဟုမမျှော်လင့်ပါ။ ပါတီ၏အမည်ကို “ဒီိမိုကရေစီအမျိုးသားအဖွဲ့ ချုပ်” ဖြစ်စေ၊ “ပြည်သူ့ ဒီမိုကရေစီအဖွဲ့ ချုပ်” ဖြစ်စေ လူထုကဒါ NLD ပဲဟုခြေရာကောက်နိုင်သည့်နာမည်မျိုးဖြစ်အောင် သစ္စာဖေါက်မည်မဟုတ်ပါ ။
ယခုကဲ့သို့ တိုက်တွန်းရသည်မှာခိုင်လုံသောအကြောင်းရှိသည်။ လက်ရှိနိုင်ငံ ရေးလောကတွင်ဖြစ်ဖြစ် မြောက်မြောက်နိုင်ငံရေးပါတီဟူ၍ NLD နှင့် ၁၉၉၀ ခု နှစ်တုံးကပြိုင်ဘက်ဟောင်း တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ(တစည) တို့ သာ ရှိသည်။မှတ်ပုံတင်ရန်တာစူနေကြသောပါတီသစ်များသည်တင်းကြပ် သောရွေးကောက်ပွဲရွေးကောက်ပွဲဥပဒေကြောင့်၎င်း၊ မလုံလောက်သောမဲ ဆွယ်ပွဲကာလကြောင့်၎င်း၊ လွှတ်တော်ထဲရောက်လာကြဘို့ ပင်မလွယ်ပါ။
ထို့ ကြောင့်ပါတီသစ်ထောင်၍ရွေးကောက်ပွဲဝင်ဖြစ်လျှင် NLD တဖြစ်လဲပါတီ သည်လွှတ်တော်ထဲ တွင်ရန်သူ တော်ဟောင်း တစညနှင့်ပင်မဟာမိတ်ပြု ကောင်းပြုလျှက် အတိုက်အခံအဖြစ်ရပ်တည်ပြီး စစ်အာဏာရှင်ကို ထမ်းတင်ပေးရအုံးမည် ။မည်သူတွေက အများစုဖြစ်သော်လည်း သေနပ်ကိုင်သောလက်က အနိုင်ရကြမည်မှာမူ အားလုံးသိထားပြီးသားဖြစ်ပါသည်။
မည်သို့ ဖြစ်စေဒီမိုကရေစီစံနစ်တရပ်တွင်ပီပြင်သောအတိုက်အခံအင်အားစု တစ်ရပ်ဥပဒေဘောင်အတွင်း၊ အထူးသဖြင့်ဥပဒေပြုလွှတ်တော်ကြီးအတွင်း၌ ရှိကိုရှိနေရမည်ဖြစ်သည်။ ဤသည်မှာစံနစ်အရမရှိမဖြစ်လိုအပ်ချက် (system requirement) ပင်ဖြစ်သည်။စစ်အာဏာရှင်ကလဲ ရုပ်ပြထားမှပါ ။ ထားရာနေစေရာသွားဘဝ ။
ဤသည်နှင့်ဆက်စပ်၍လက်ရှိတပ်မတော်အစိုးရသို့ ထောက်ပြလိုသည်မှာ အတိုက်အခံမရှိသောဒီမိုကရေစီစံနစ်တရပ် ကိုမြန်မာပြည်တွင်ဖန်ဆင်းပြလျှင် ကမ္ဘာကြီးကရယ်သွမ်းသွေးလိမ့်မည်၊ မိမိကိုလည်းယခင်အတိုင်းဆက်လက်ဖိနှိပ် ဆက်ဆံနေကြလိမ့်ဦးမည်ဆိုတာဖြစ်သည်။
အကြောင်းကြောင်းကြောင့်တပ်မတော်ကနိုင်ငံရေးတွင်ဆက်လက်ပါဝင်နေဘို့ လိုအပ်နေသေးကြောင်းကိုတပ်မတော်ကိုယ်တိုင်ရှင်းပြနေစရာမလိုအောင်နေဝင်းက ခေါင်းထဲရိုက်သွင်းထားခံရပါတယ် ။ ပြင်ပမှမြန်မာ့အရေးအကဲခပ်အာလိမ်များကလည်း မျက်စိမှိတ်သဘောပေါက်လက္ခံထားကြသည်။ ဥပမာမြန်မာနိုင်ငံသည်လွပ်လပ်ရေး ရခဲ့သည့်အချိန်၁၉၄၈က စ၍ဖြစ်တည် လာခဲ့သောကျဆုံးနေသောနိုင်ငံတော် (Failed state) တစ်ရပ်၏လက္ခဏာချက်များအမြောက်အများရှိနေရာ၎င်းတို့ ကို စေတနာမှန်သော ပြည်သူ့ တပ်မတော်သားများ၏ အကူအညီမပါဘဲအာဏာရှင်စနစ်ကို အောင်မြင်အောင်ကုစားနိုင်လိမ့်မည်မဟုတ်ပေ။
သို့ ဖြစ်လင့်ကစားဤသည်ကိုအကြောင်းပြု၍ပြည်တွင်းရေးရာ (in domestic policy) ၌ ဒီမိုကရေစီသို့ ကူးပြောင်းရေးကိုဆက်လက်ကြန့် ကြာနေရန်မသင့် လျှော်တော့သလို၊ အင်္ဂါမစုံသောလူရယ်စရာဒီမိုကရေစီစံနစ်တစ်ခုကိုဖန်တီးမိလျှင်လည်းပိုဆိုးမည်ကိုသတိပြုဘို့ လိုသည်။
နိုင်ငံရေးသည်စစ်ရေးမဟုတ်သဖြင့်ကျူပင်ခုတ်ကျူငုတ်မကျန်အောင်လုပ်လို့  မရ။ စာရွတ်ပေါ်မှာတိုက်ပွဲပြမရပါ အထူးသဖြင်ဒီမိုကရေစီနိုင်ငံရေးဆိုလျှင်ပို၍သဘာဝမကျ။ လုပ်မိလျှင် သေမသွားဘဲပို၍အားကောင်းလာတတ်သည်ကို ၁၉၉၀ အတွေ့ အကြုံအရ သိနိုင်ကောင်းသည်။လူထုတွေမမေ့ကြပါနဲ့ 
အဆုံးစွန်ဆိုရလျှင်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို အမျိုးအစားအားဖြင့် ခပ်ညံ့ညံ့အတိုက်အခံမျိုးဖြစ်အောင် ထက်မြက်သူတွေကို ဥပဒေမဲ့ဖမ်းပြီးထောင်ထဲ ထဲ့ခဲ့သည်။ ရုံးတွေကိုလည်းပိတ်ခဲ့သည် ။နည်းမျိုးစုံ ဖိနှိပ်ခဲ့တယ် ဤသို့ ခပ်ညံ့ညံ့နိုင်ငံရေးအတိုက်အခံတွေဖြစ်အောင် ကြမ်းချင်တိုင်းကြမ်း ရမ်းချင်တိုင်းရမ်းခဲ့သည် ၁၉၈၈ ကျောင်းသားလူငယ်တွေအများအပြားလည်းထောင်ကထွက်ပြီး ကျိုးကန်းပဲ့နေပြီး တချို့ဆို စိတ္တဇဝေဒနာသည်ဖြစ်ကုန်ကြသည် ။ ခင်ညွန့် ဦးဆောင်တဲ့ လက်မရွံ့  ထောက်လှမ်းရေးတွေ ရှိနေသောကြောင့်သာစစ်အစိုးရသည်မျှကံကောင်းနေခြင်းဖြစ်ရာဘာကြောင့် မွေးမထားဘဲတအုပ်လုံးဖြုတ်ခဲ့သနည်း။ ရွေးကောက်ပွဲဥပဒေသစ်သည် စစ်တပ်ကို မိမိဂုဏ်သိက္ခာအတွက်ကိုယ့်ကိုယ်ကိုယ်သတ်သေစေသလိုဖြစ်ခဲ့သည်။
စစ်အာဏာရှင် အစိုးရမျှော်လင့်ထားသောရွေးကောက်ပွဲတရားဝင်ဖြစ်မှုကို NLD တဖြစ် လဲပါတီအသစ်တစ်ခု
ပါဝင်လာအောင်ဖေးမပေးခြင်းအားဖြင့်ဆောင်ရွက်ယူနိုင်သေးသည် ထင်ရင်မှားသွားမယ် နိုင်ငံတကာကတော့လက်မခံတော့ပါ
စိတ်ဝင်စားလောက်အောင်ရွေးစရာပါတီတစ်ခုမျှမရှိသဖြင့်မဲထည့်နိုင်သောလူဦးရေစုစုပေါင်း၏ တ၀က် ကျော် မဲရုံသို့ ရောက်မလာကြလျှင် (clearly low voter turn-out) ရွေးကောက်ပွဲ၏တရားဝင်မှုကိုအသိအမှတ် ပြုရန်ခက်လိမ့်မည်သာမကနောင်တက်လာမည့် အာဏာရှင်မျက်လှည့်ပွဲက မွေးထုတ်ပေးမဲ့ အစိုးရသစ်၏ပြင်ပကမ္ဘာနှင့်ဆက်ဆံရေးသည်ယခုအတိုင်းပင် ဆက်လက်၍ခက်ခဲနေလိမ့်ဦးမည်သာ။ စစ်ဗိုလ်တွေ မိသားစုဝင်တွေ အာရှဗိုလ်ဘဝက ကျွတ်မည်မဟုတ်ပါ ။
ပြည်သူတွေကသာ တနေ့ အောင်ပွဲခံသွားမှာပါ ။
***ပြည်သူ့ စိန်သွား***
**(စစ်လဒထက် ပြည်သူ့ ငှက်က ပိုလှတယ် ကိုမျင့်စွေ)**

No comments:
Post a Comment