ပိတောက်ပန်းတွေနဲ့ သင်္ကြန်စာရေးတယ်
ဒီသင်္ကြန်စာကတော့
ကျနော့်ကိုယ်တစ်ကိုယ်ဆွတ်စာရွာတဲ့ မိုးလဲဖြစ်တယ်
နှလုံးသားကို နေ့စဉ်လရောင်နဲ့ ရေချိုပေးဖို့လိုပြီ
အသိတရားတွေ စိမ်းစိုအောင် ဦးနှောက်ချွန်စက်
တပ်ဆင်ဖို့ဖိုလိုပြီ
ဒဏ်ရာအပိုဆုတွေ ရထားတဲ့အတွေ့အကြုံကို
စိုက်ပျိုးဖို့လိုပြီ
တိုက်စားခံရတဲ့ သိက္ခာကို ဖာထေးဖို့လိုပြီ
သေတမ်းစာပါတဲ့ ကိုယ့်အသက်ကို တိုးမြှင့်ဖို့လိုပြီ
သစ္စာတရားကို အနံ့ခံတတ်ဖို့လိုပြီ
စိတ်ကိုခပ်နက်နက် တူးထားဖို့လိုပြီ
ဟုတ်ကဲ့….
ဒါပေမဲ့…..
ကျနော့်ရဲ့ဘ၀ကို နှစ်သစ်ကူးဖို့အတွက်
အိပ်မက်တွေက ဖူးပွင့်မလာကြသေးဘူး….။ ။
*** နောင်ဝင်းထွန်း ***
( ဧပြီလ ၂၀၀၇-ခုနှစ် စုံထောက်မဂဇင်းမှ ကူးယူဖော်ပြသည်။)
**တန်ခူးလရဲ့ ပြက္ခဒိန်နိဒါန်းမှာ

No comments:
Post a Comment