ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, April 23, 2010

ဗုံးဖြင့် ရေမကစားသင့်ပါ

> လက်ရှိ ဟော့တ်အဖြစ်ဆုံး မြန်မာသတင်းကို ပြောရမည် ဆိုပါက သင်္ကြန်အတွင်း ရန်ကုန် X2O ရေကစားတဲ့ နေရာမှာ ဗုံးပေါက်ကွဲခဲ့တဲ့ သတင်းပဲ ဖြစ်ပါတယ်။ ပြည်တွင်း စစ်အုပ်စုရဲ့ သတင်းတွေအရတော့ လူ ၈ ဦးသေခဲ့ပြီး ၁၇၀ ဒဏ်ရာရတယ်လို့ ဖော်ပြထားပါတယ်။ ဗုံးဖောက်ခဲ့သူ မည်သူမည်ဝါဆိုတာ တိတိကျကျ မဖော်ပြခဲ့ပေမယ့် မြန်မာ့တော်လှန်ရေးအဖွဲ့အစည်းတွေကို ရိတိတိတော့ လုပ်ပါတယ်။
ဗုံးပေါက်လို့ သေတဲ့သွားတဲ့သူတွေအတွက် ၀မ်းနည်းပူဆွေးကြသလို ဘယ်သူဘယ်ဝါကများ ဒီဗုံးကို ဘာရည်ရွယ်ချက်နဲ့ ဖောက်ရလဲ ဆိုတဲ့ ကြိမ်းဝါးသံတွေကိုလည်း ကြားနေရပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီလိုလုပ်ရပ်မျိုးတွေ မလုပ်သင့်ဘူးလို့လည်း တိုက်ရိုက်စွပ်စွဲကြတယ်။ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတွေ ဒါမျိုးလုပ်တာ လုံးဝ လက်မခံနိုင်ဘူးလို့လည်း ကြေညာကြတယ်။ ၀မ်းနည်းမှု ခံစားမှုတွေနဲ့ ဘယ်သူဘယ်ဝါ လုပ်တာမှန်းမသိတာကို အားလုံး စမ်းတ၀ါးဝါးနဲ့ သုံးသပ်နေကြပါတယ်။ နောင်လည်း သိရမယ် မထင်ပါ။ ဒီဗုံးကို စစ်အုပ်စု ဖောက်ခွဲခဲ့တာဆိုရင် လူတွေကို အကြောင်းမဲ့ သတ်နေတဲ့ စစ်တပ်ဖြစ်တဲ့အတွက် သိပ်တော့ ထူးဆန်းမယ် မထင်ဘူး။ အတိုက်အခံတွေ လုပ်တယ်ဆိုရင်တော့ ပြည်သူတွေ သေကုန်လို့ နည်းနည်းတော့ ထူးဆန်းမှာ။ ဒီနေရာမှာ ဒီဗုံးကို တော်လှန်ရေးသမား၊ အဖွဲ့အစည်းတခုခုက ခွဲခဲ့တယ် ဆိုတဲ့ အခြေခံနဲ့ မရေမရာ သုံးသပ်ကြည့်ရအောင်။
အချစ်နဲ့စစ်မှာ မတရားတာ မရှိဘူးတဲ့။ စစ်ပွဲတွေထဲက အယူအဆကို မြန်မာလို ပြန်ယူထားတဲ့ စကားလုံး။ လူတိုင်း အချစ်ပွဲတွေ မကြာခဏ နွှဲဖူးပေမယ့် စစ်ပွဲကိုတော့ လူတိုင်း ပါဝင်ချင်မှာ မဟုတ်ပါဘူး။ ဗုံးခွဲမှုကို အတိုက်အခံက လုပ်တယ်လို့ အခြေခံထားတဲ့ အတွက် ဒါကို စစ်ပွဲ တပွဲလို သတ်မှတ်ရပါ့မယ်။ မြို့တွင်းတိုက်ပွဲပဲ ခေါ်ခေါ်၊ အကြမ်းဖက်တဲ့ တိုက်ခိုက်မှုပဲ ခေါ်ခေါ် ဒါဟာ တိုက်ပွဲ တခုဆိုကြပါစို့။ ဗုံးခွဲသူအတွက်တော့ ဒါဟာ တိုက်ပွဲတခုကို ဆင်နွှဲတာပါ။ စစ်ပွဲတပွဲကို တရားမျှတမှုရှိမရှိ အပိုင်းနှစ်ပိုင်းခွဲပြီး ပညာရှင်တွေက သုံးသပ်ပါတယ်။
ပထမအပိုင်းကတော့ စစ်ပွဲတခုလုံးဟာ တရားသော စစ်ဖြစ်ရဲ့လားဆိုတဲ့ အပိုင်း။ စစ်ပွဲရဲ့ တရားမျှတမှုပေါ့။ ဥပမာ- ၁၉၉၀ ပြည့်နှစ် ပထမ ပင်လယ်ကွေ့စစ်ပွဲမှာ အမေရိကန်ဟာ ကူဝိတ်ဘက်ကနေ အီရတ်ရန်ကို တွန်းလှန်ပေးခဲ့တယ်။ အီရတ်ရဲ့ ရန်စမှုကြောင့် ကူဝိတ်ဘက် ကူတိုက်ပေးခဲ့တဲ့ အမေရိကန်ရဲ့ ပါဝင်မှုဟာ တရားမျှတဲ့ ပါဝင်မှုလို့ ဆိုနိုင်ပါတယ်။ ဗမာ့လွတ်လပ်ရေး တပ်မတော်ဟာ ကျူးကျော်သူ အင်္ဂလိပ်တွေနဲ့ ဂျပန်တွေကို နည်းမျိုးစုံနဲ့ တွန်းလှန်ခဲ့တာလည်း တရားသော စစ်တခုကို ဆင်နွှဲခဲ့တာပါ။ မြန်မာပြည်က လက်နက်ကိုင်တော်လှန်ရေးစစ်ပွဲတွေကရော တရားရဲ့လား။ မတရားတဲ့ နည်းမျိုးစုံနဲ့ ကိုယ့်ကိုဖိနှိပ်နေတဲ့ အစိုးရကို ပြန်တွန်းလှန်တဲ့ အတွက် ဒါဟာ တရားသော စစ်ဖြစ်ပါတယ်။ ဘယ်လိုနည်းနဲ့ပဲ စစ်အုပ်စုကို တိုက်တိုက် တရားပါတယ်။ ရန်ကုန်ဗုံးခွဲမှုမှာ ဗုံးဖောက်ခွဲ သူဟာ လုံခြုံရေးတွေ ရောက်နေတဲ့ အချိန်မှာ ချိန်ကိုက် တိုက်ခိုက်ခဲ့တာလို့ ခံယူမယ်ဆိုရင် သူဟာ တရားသော စစ်ကို ဆင်နွှဲနေ သူဖြစ်ပါတယ်။ သူ့ရဲ့ပစ်မှတ်ဟာ မတရားတဲ့စစ်အုပ်စုကို ဖြစ်လို့ အဖိနှိပ်ခံဘက်က ရပ်တည်သူတွေ ရဲရဲကြီး ကောင်းချီးပေးသင့်ပါ တယ်။
ဒုတိယအချက်ကတော့ စစ်ပွဲတွေမှာ သုံးတဲ့ နည်းဗျူဟာတွေကို ကြည့်ပြီး စစ်ပွဲကတရားရဲ့လားဆိုတာ သုံးသပ်တာ ဖြစ်ပါတယ်။ စစ်ပွဲထဲက တရားမှုတမှုပေါ့။ ပထမအချက်မှာ မတရားတဲ့စစ်ဖြစ်နေရင် ဒုတိယအချက်က မလိုတော့ပါဘူး။ စစ်သုံ့ပန်းတွေကို ဘယ်လိုဆက်ဆံလဲ၊ အပြစ်မဲ့တဲ့ ဆေးအဖွဲ့တွေ ပြည်သူတွေကို ဘယ်လိုတိုက်ခိုက်လဲစတဲ့ အချက်ပေါင်းမြားစွာကို အခြေခံပြီး သုံးသပ်ပါတယ်။ အရပ်ဝတ်နဲ့ ထမင်းစား၊ ရေချိုးနေတဲ့ စစ်သားကို တိုက်ခိုက်ရင်တောင် ဒါဟာ မတရားမှုဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် စစ်ပွဲဆိုတော့ အဖိတ်အစင်လည်း ရှိနိုင်တာပေါ့။ စစ်သားတွေကို တိုက်ခိုက်ရင်းနဲ့ အပြစ်မဲ့ ပြည်သူတွေ ပါသွားတာလည်း အများကြီးပါ။ ဒါကိုရော ဘယ်လိုသုံးသပ်လဲ။
(၁) တိုက်ပွဲတခုမှာ တိုက်ခိုက်သူတွေ ဘာကို ရည်ရွယ်တိုက်ခိုက်သလဲ။ သူတို့ရဲ့ ပစ်မှတ်ဟာ ရန်သူကိုပဲ ဖြစ်ရပါမယ်။ ရန်သူကို အနိုင်ရချင်လို့ သူ့ပြည်သူကို တိုက်ခိုက်တာမျိုး မရပါဘူး။ သင်္ကြန်ဗုံးဟာ ရန်သူလုံခြုံရေးကိုပဲ ပစ်မှတ်ထားတယ်ဆိုရင် ဒီအထိ ဗုံးခွဲသူဟာ တရားမျှတတဲ့ ဘက်မှာ ရှိနေပါသေးတယ်။
(၂) ရန်သူကို တိုက်ခိုက်ရင်းနဲ့ ပြည်သူတွေ သေသွားတယ်ဆိုရင် သေဆုံးသူ အရည်အတွက်ကို အချိုးချရပါမယ်။ ရန်သူကျဆုံးမှုဟာ ပြည်သူကျဆုံးမှုထက် ပိုများရပါမယ်။ ဒီနေရာမှာ ဂျပန်ကို အနုမြူဗုံးကျဲတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့သူတွေဟာ စစ်ကြီး မပြီးသေးပဲ ဆက်ဖြစ်နေမယ်ဆိုရင် အနုမြူဗုံးဒဏ်ကြောင့် သေမယ့်လူအရေအတွက်ထက် ပိုများနိုင်တယ်လို့ တွက်ချက်ခဲ့ကြတယ်။ ဒါကြောင့် ဗုံးကိုချခဲ့သူ ကိုယ်တိုင် သေတဲ့အထိ သူမှန်တယ်လို့ပဲ ခံယူသွားခဲ့တယ်။ ရန်သူဆယ်ယောက်လောက် သေတာကို ပြည်သူနှစ်ယောက် လောက် သေတာနဲ့ လဲလို့ရတယ်ဆိုတဲ့ သဘောပေါ့။ သင်္ကြန်ဗုံးမှာတော့ အပြစ်မဲ့တဲ့ ပြည်သူတွေ သေတာ ထိခိုက်တာ ပိုများသွားတဲ့ အတွက် ဗုံးခွဲသူဟာ မတရားမှုတခုကို ကျူးလွန်လိုက်တာလို့ စွပ်စွဲနိုင်ပါတယ်။ နောက်ဆုံးရလဒ်မှာ အပြစ်မဲ့ ပြည်သူတွေ ထိခိုက်တာ များသွားတဲ့အတွက် ပြည်သူ့ဘက်တော်သားတွေ ဗုံးခွဲသူကို တရားမဲ့ဝါဒီ၊ မတရားမှုကို မြတ်နိုးသူလို့ လူသတ်ကောင်လို့ ရဲရဲကြီး ကင်ပွန်းတပ်နိုင်ပါတယ်။
မြန်မာနှစ်သစ်ကူးမှာ ပေါက်ကွဲခဲ့တဲ့ဗုံးဟာ ထူးထူးခြားခြားဖြစ်လို့ ပြည်သူတရပ်လုံး လှုပ်လှုပ်ရှားရှားဖြစ်သွားတာတော့ သဘာဝကျပါ တယ်။ တခြားတိုင်းပြည်က ပေါက်ကွဲမှုတွေနဲ့ ယှဉ်ရင်တော့ အသေးအဖွဲလေးပါပဲ။ နယ်စပ်ဒေသနဲ့ တောခေါင်ခေါင်မှာ ဖြစ်နေတဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေက မြို့တွင်းအထိ ရောက်လာပြီလားပေါ့။ ဒါပေသိ ဗုံးခွဲသူဟာ ဘယ်သူလဲ။ တရားခံအစစ်ဟာ ဘယ်သူ လဲ။ ခွဲခွဲခြားခြားတို့ သိဖို့လိုပါမယ်။ ဖော်ထုတ်ဖို့လည်း လက်ရှိ အစိုးရအဖြစ် တာဝန်ယူထားတဲ့ စစ်အုပ်စုမှာ တာဝန်ရှိပါတယ်။ ဗုံးခွဲသူရဲ့ ရည်ရွယ်ချက်ကိုလည်း ဘယ်သူမှ မသိနိုင်ပါ။ သိနိုင်ဖို့လည်း မလွယ်ပါ။ ဒါကြောင့် ခွဲခွဲခြားခြားနဲ့ ချင့်ချင့်ချိန်ချိန်သုံးသပ် ဖို့တော့ လိုပါမယ်။ ပြည်သူတွေ နှစ် ၅၀ လောက် အလိမ်ခံခဲ့ရတယ်။ နောင်လည်း ဘယ်အထိ လိမ်နေဦးမယ်မှန်းမသိပါ။ ဒါကိုတော့ မမေ့စေချင်ပါဘူး။ အားလုံးမှာ ကိုယ့်အမြင်ကို မှန်တယ်လို့ ယူဆနိုင်သလို တခြားသူအမြင်ကိုလည်း မှားတယ်လို့တော့ မစွပ်စွဲစေချင်ပါဘူး။
အပြစ်မဲ့ပြည်သူတွေ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲခြင်းမှ ကင်းဝေးပါစေ။
(၀န်ခံချက်။ ။ ဖတ်မိ မှတ်မိ သင်ယူမိသမျှ ခေါင်းထဲမှာ ကျန်ခဲ့တာတွေကိုပဲ ချရေးလိုက်တဲ့အတွက် စာနဲ့ပေနဲ့ စနစ်တကျ ကိုးကား မဖော်ပြနိုင်တာကိုတော့ နားလည်စေချင်ပါတယ်။)

**Zaw Win Htun**

http://theburmadiary.blogspot.com/2010/04/blog-post_2840.html

လက်ရှိ ဟော့တ်အဖြစ်ဆုံး မြန်မာသတင်းကို ပြောရမည် ဆိုပါက သင်္ကြန်အတွင်း ရန်ကုန် X2O ရေကစားတဲ့ နေရာမှာ ဗုံးပေါက်ကွဲခဲ့တဲ့ သတင်းပဲ ဖြစ်ပါတယ်။ ပြည်တွင်း စစ်အုပ်စုရဲ့ သတင်းတွေအရတော့ လူ ၈ ဦးသေခဲ့ပြီး ၁၇၀ ဒဏ်ရာရတယ်လို့ ဖော်ပြထားပါတယ်။ ဗုံးဖောက်ခဲ့သူ မည်သူမည်ဝါဆိုတာ တိတိကျကျ မဖော်ပြခဲ့ပေမယ့် မြန်မာ့တော်လှန်ရေးအဖွဲ့အစည်းတွေကို ရိတိတိတော့ လုပ်ပါတယ်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)