အင်္ဂလန်မြို့လေးတစ်မြို့ရှိ ဘောလုံးအသင်းတစ်ခုမှာ ထူးချွန်သည့် ကစားသမားများကို လျှောက်လွှာခေါ်ယူ နေသည်။ သို့ရာတွင် အိမ်ထောင်ရှိပြီး သားကစားသမားများကိုသာ ဦးစားပေးခေါ်ယူနေသဖြင့် လူငယ်ကစား သမားတစ်ဦးမှာ နည်းပြထံ စောဒကတက်မေးမြန်းလေသည်။
ဘာဖြစ်လို့ အိမ်ထောင်ရှိသူတွေချည်းရွေးခေါ်တာလဲဗျ။ အိမ်ထောင်ရှိရင် မလွတ်မလပ်နဲ့ အခက်အခဲတွေ ရှိနိုင်တယ်မဟုတ်လားဗျ။
`မဟုတ်ဘူးကွ… အိမ်ထောင်ရှိတဲ့ကစားသမားဆိုရင် အမိန့်လည်း နာခံတတ်မယ်။ အထုအထောင်းလည်း ခံနိုင်မယ်။ မလိုအပ်ဘဲ စကားအပိုမပြောရဲဘူး။ ငါအော်ဟစ်ဆဲဆိုလည်း ပြူစူတာမျိုးမရှိနိုင်တော့ဘူးလေ´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်ဆိုသည်။
*** (ရွှင်ပြုံးတခဏ-ဘောလုံးဟာသ) ***

No comments:
Post a Comment