ပုထုဇဉ်သား ငါတို့များကတော့
စကားကို ခမ်းနားအောင် ပြောတတ်ပါပေ့…။
ဒါပေမယ့်
တကယ့် အရေးကျတော့
ဆေးလိပ်တစ်တိုတောင် မစွန့်နိုင်
စွန့်လွှတ်တယ် စွန့်လွှတ်တယ်ဆိုတာ
စကားအဖြစ်မျှသာ
ကိုယ့်အရသာ မြက်မြက်ကလေးကိုတောင်
တပ်မက်နေသေးတဲ့တဏှာ…။
သူတော်ကောင်းစိတ်
တိဟိတ်တို့ရဲ့ အဆုံးအဖြတ်
ဘယ်လောက်ပြတ်သလဲ
မြင့်မြတ်မှုဆိုတာ လွယ်လွယ်မရ
အစစ အရာရာ
အတ္တကို ခွာနိုင်သမျှ ခွာ…။
ကိုယ်အကြောင်းဆိုရင်
အကောင်းပဲကြားချင်
ကိုယ့်အမြင်မှ အမြင်မှန်
ထောက်ခံမှုပဲ လိုချင်နေတဲ့
အတ္တအမြင် ကိန်းနေသေးသမျှ
စိမ်းနေဦးမည့် အခြေအနေ
အချစ်ပင် မဝေနိုင်သေး
အေး…။ ။
*** တင်မိုး ***
(၂၆၊ ဧပြီလ ၁၉၉၉၊ တနင်္လာနေ့ နံနက်ခင်း)
စွန့်စားမှု စွန့်လွှတ်မှု… တဲ့
ပုထုဇဉ်သား ငါတို့များကတော့
စကားကို ခမ်းနားအောင် ပြောတတ်ပါပေ့…။
ဒါပေမယ့်
တကယ့် အရေးကျတော့
ဆေးလိပ်တစ်တိုတောင် မစွန့်နိုင်
စွန့်လွှတ်တယ် စွန့်လွှတ်တယ်ဆိုတာ
စကားအဖြစ်မျှသာ
ကိုယ့်အရသာ မြက်မြက်ကလေးကိုတောင်
တပ်မက်နေသေးတဲ့တဏှာ…။
သူတော်ကောင်းစိတ်
တိဟိတ်တို့ရဲ့ အဆုံးအဖြတ်
ဘယ်လောက်ပြတ်သလဲ
မြင့်မြတ်မှုဆိုတာ လွယ်လွယ်မရ
အစစ အရာရာ
အတ္တကို ခွာနိုင်သမျှ ခွာ…။
ကိုယ်အကြောင်းဆိုရင်
အကောင်းပဲကြားချင်
ကိုယ့်အမြင်မှ အမြင်မှန်
ထောက်ခံမှုပဲ လိုချင်နေတဲ့
အတ္တအမြင် ကိန်းနေသေးသမျှ
စိမ်းနေဦးမည့် အခြေအနေ
အချစ်ပင် မဝေနိုင်သေး
အေး…။ ။
*** တင်မိုး ***
(၂၆၊ ဧပြီလ ၁၉၉၉၊ တနင်္လာနေ့ နံနက်ခင်း)


No comments:
Post a Comment