(ဧပြီ ၂၃-ရက် ၂၀၁၀)
၂၀၁၀-ခုဧပြီလ-၁-ရက်နေ့သန်းခေါင်ကျော်အချိန်၊ ဘင်္ဂလာဒပ်ချနိုင်ငံ၊ ရွာတော်ခရိုင်၊ အလယ်ခေါ်တောင် ဈေးကြီးကို မီးလောင်ရာ ဆိုင်ခမ်းပေါင်း-၂၄၆-ခမ်းပြာကျသွားခဲ့ပြီး ၄င်းနိုင်ငံသုံးငွေ၊ တာကာ သိန်းပေါင်း -၂၀၀-ကျော်ဖိုးဆုံးရှုံးသွား ခဲ့သည်၊ ၄င်းတို့အနက်၊ ဒေသခံရခိုင်လူမျိုးနှင့် မြန်မာနိုင်ငံမှရခိုင်လူမျိုး-၂၀-ကျော်တို့၏ အိမ်နှင့် ဆိုင်ခန်းများ လည်းဆုံးရှုံးခဲ့သည်။
၎င်းတို့ကိုအာဏာပိုင်များက၊ တာကာ-၁၅၀၀၀-နှင့်ဆန်-၂၀-ကီလိုဂရမ်စီထိုနေ့မှာပင်ထုတ်
ပေးပြီး ဆိုင်ခန်းဆောက်ရန် တာကာ ၂-သိန်းစီအစိုးရကထုတ်ချေးမည်ဟုသိရသည်။
လောလောဆယ်တွင် ၀ါးဖြင့်ယာယီဆိုင်ခမ်းများဆောက်လုပ်ရောင်းချနေကြဆဲဖြစ်ပြီး
အစိုးရထံမှ ထုပ်ချေးငွေရမှ တိုက်ခန်းများဆောက်လုပ်ကြမည်ဟု သိရသည်။
မြန်မာနိုင်ငံသားမီးဘေးခံခဲ့ရသူတစ်ဦးက- - -
“အာဏာပိုင်တွေဆီက ခုလိုစောစောစီးစီး အကူအညီရမယ်မထင်ခဲ့ဘူးဗျ - -လောလော
ဆယ်ရပ် တည်းစရာလည်းရ၊ ဆိုင်ခမ်းပြန်ဆောက်ဖို့သုံးနှစ်ကြာအရစ်ကျ ဆပ်ရမဲ့ ငွေ
နှစ်သိန်းလည်းရအုံးမှာဆိုတော့ မီးလောင်လို့ဝမ်းနည်းရပေမယ့် တဖက်ကအားတက်စရာ
ပေါ့ဗျာ” ဟုပြောပြပါ၏။
*** သတင်း-ဦးကျော်သောင်း (ဘန်ကောက်) ***
သတင်းပို့ သူ မင်းပြားမောင်(ဘင်္ဂလားဒေ့ခ်ျ)

No comments:
Post a Comment