ခရစ်သက္ကရာဇ် နှစ်ထောင်တဆယ်
ရိုးမဆွယ်မှာ နေကွယ်ခဲ့တဲ့ အချိန်လား။
**လဇူလိုင်ကို
မင်း မပိုင်တော့ဘူးလို့ 
ငါ မပြောနိုင်ဘူး
မင်းက ရဲဝံ့သူကြီး တယောက်ပါ။
**ငုယင်ဗန်ထရွိုင်း
သမိုင်းပုံရိပ် ၊ အိပ်မက်ရှည်လျား
တံတားအောက်မှာ မင်းရပ်စောင့်တယ်။
**ငှက်ဖျားအဆိပ်၊ ကြိတ်မှိတ်အာခံ
တိတ်ဆိတ်ညယံ၊ နွေမီးလျှံ၌
မောင်းပြန်တိုက်ချွတ် နေဆဲလား။
**ဒေါင်းအိုးဝေ မီးကျည်
ရိုးမပေါ်က ကြယ်နီ
ဒီလှိုင်းတွေ မြင့်သစ်တဲ့ ရာသီ
ငါ့ဆီလာခဲ့အုန်းလေကွာ။
**ကွမ်းတယာညက်၊ အရက်တလုံး
ပြည်ဖုံးကားချ။ သေတမ်းကဗျာ
ဖွေရှာထုဆစ်နေစဉ်မှာ၊
**သင့်ရဲဘော်တို့ ၊ ကဗျာအလံ
တ၀က်ထူလွှင့်နေပြီကော။ ။
**(ရဲဘော်ရေးဖော်ငြိမ်းလူသို့ )**
**မောင်လွမ်းဏီ**
++ကိုငြိမ်း ကောင်းရာသု ဂတိလားပါစေ .(မြန်မာပြည်သားဘလော့)
**ကောဇာသက္ကရာဇ်၊ ခွန်နှစ်ဆယ်နှစ်
ခရစ်သက္ကရာဇ် နှစ်ထောင်တဆယ်
ရိုးမဆွယ်မှာ နေကွယ်ခဲ့တဲ့ အချိန်လား။
**လဇူလိုင်ကို
မင်း မပိုင်တော့ဘူးလို့ 
ငါ မပြောနိုင်ဘူး
မင်းက ရဲဝံ့သူကြီး တယောက်ပါ။
**ငုယင်ဗန်ထရွိုင်း
သမိုင်းပုံရိပ် ၊ အိပ်မက်ရှည်လျား
တံတားအောက်မှာ မင်းရပ်စောင့်တယ်။
**ငှက်ဖျားအဆိပ်၊ ကြိတ်မှိတ်အာခံ
တိတ်ဆိတ်ညယံ၊ နွေမီးလျှံ၌
မောင်းပြန်တိုက်ချွတ် နေဆဲလား။
**ဒေါင်းအိုးဝေ မီးကျည်
ရိုးမပေါ်က ကြယ်နီ
ဒီလှိုင်းတွေ မြင့်သစ်တဲ့ ရာသီ
ငါ့ဆီလာခဲ့အုန်းလေကွာ။
**ကွမ်းတယာညက်၊ အရက်တလုံး
ပြည်ဖုံးကားချ။ သေတမ်းကဗျာ
ဖွေရှာထုဆစ်နေစဉ်မှာ၊
**သင့်ရဲဘော်တို့ ၊ ကဗျာအလံ
တ၀က်ထူလွှင့်နေပြီကော။ ။
**(ရဲဘော်ရေးဖော်ငြိမ်းလူသို့ )**
**မောင်လွမ်းဏီ**
++ကိုငြိမ်း ကောင်းရာသု ဂတိလားပါစေ .(မြန်မာပြည်သားဘလော့)
No comments:
Post a Comment