ဂန်ဒူးကဗျာ အလံရှူးစာတွေ
မေတ္တာပျက် သစ္စာပျက်အလင်္ကာတွေ
အာဏာရှိသူကို ဒူးတုပ်
တောင်စမုတ်က ထောင်ထုပ်ကိုမျှော်ရင်း
ဘုန်းတော်ဖွဲ့ ကလောင်တသိုက်တို့
အချောင်နှိုက်ဖို့ ကြံစည်နေကြတယ်…။
**ပါးကွက် အာဏာသားတို့ကလဲ
စိတ်ဓာတ်ခွန်အား ဥာဏ်ကြီးမားတဲ့
လေးစားဖွယ် ကလောင်ကို ရိုက်ချိုးလှံနဲ့ထိုး ဓားနဲ့မိုးဖို့
အမျိုးမျိုး အရေးယူတော့
စက္ကူအရေးတော်ပုံ ပေါ်ပေါက်လာတယ်…။
*စက္ကူကို အသက်မရှူနိုင်အောင်
လူတွေရဲ့ဘ၀ကို မှောင်ချဖို့
ဖြတ်စ ညှပ်စတွေ လုပ်ပစ်
စာတွေညစ်အောင် ကတ်ကြေးကိုက်
အမှိုက်ဘ၀ကို ပို့ပစ်တယ်။
အလင်းမရ အဆင်းမလှ
သတင်း အစအနတွေ ဖြစ်သွားပြီး
ပါးကွက်သားတွေရဲ့ ကတ်ကြေးစာ
စာ အဟာရတွေမပါ
စာလိမ်စာညာတွေသာ ခွင့်ပေး
စာလွတ်လပ်ရေး အရေးတော်ပုံ
တစ်နေ့နေ့မှာ ကြုံရဦးမယ်…။
**အာဏာရှင်တို့ရဲ့ ဒေါက်တိုင်အဖြစ်
ကလောင်မကိုင်နိုင်တဲ့ စာပေပညာရှင်တို့
ငြိငြိုင်ခံ ထိန်းသိမ်းခံ
ထောင်နံရံအတွင်း ရောက်လိုရောက်
စာမိုးသောက်ချိန် ငံ့လင့်ရင်း
ရင်နင့် ရင်နာခဲ့ကြတယ်…။
**“မင်းဆိုသမျှ ကွင်းရှောင်မယ်
ထမင်းတောင် စားချင်ဘုလေး”တဲ့
ကုန်းဘောင်ခေတ် စာဆိုဦးပုည
သက်ပြင်း ချခဲ့သလိုပါပဲ
ဓားမိုးနေတဲ့ ခေတ်ကာလ
နစ်နာရတာတွေ တောင်ပုံရာပုံ
ထောင့်စုံအောင် မပြောချင်တော့ဘူး…။
**စာပေကောင်းကင်ယံ၌
ပြည်သူ့တမန် စာပေကောင်းတို့
ရောင်မောင်း လျှံဝေ
ပေါ်ပေါက် ပါစေသတည်း...။ ။
*** တင်မိုး ***
(၃၀၊ ဧပြီလ ၁၉၉၉၊ သောကြာနေ့ နံနက်ခင်း)
**စာပေကောင်းကင်ယံ၌
ဂန်ဒူးကဗျာ အလံရှူးစာတွေ
မေတ္တာပျက် သစ္စာပျက်အလင်္ကာတွေ
အာဏာရှိသူကို ဒူးတုပ်
တောင်စမုတ်က ထောင်ထုပ်ကိုမျှော်ရင်း
ဘုန်းတော်ဖွဲ့ ကလောင်တသိုက်တို့
အချောင်နှိုက်ဖို့ ကြံစည်နေကြတယ်…။
**ပါးကွက် အာဏာသားတို့ကလဲ
စိတ်ဓာတ်ခွန်အား ဥာဏ်ကြီးမားတဲ့
လေးစားဖွယ် ကလောင်ကို ရိုက်ချိုးလှံနဲ့ထိုး ဓားနဲ့မိုးဖို့
အမျိုးမျိုး အရေးယူတော့
စက္ကူအရေးတော်ပုံ ပေါ်ပေါက်လာတယ်…။
*စက္ကူကို အသက်မရှူနိုင်အောင်
လူတွေရဲ့ဘ၀ကို မှောင်ချဖို့
ဖြတ်စ ညှပ်စတွေ လုပ်ပစ်
စာတွေညစ်အောင် ကတ်ကြေးကိုက်
အမှိုက်ဘ၀ကို ပို့ပစ်တယ်။
အလင်းမရ အဆင်းမလှ
သတင်း အစအနတွေ ဖြစ်သွားပြီး
ပါးကွက်သားတွေရဲ့ ကတ်ကြေးစာ
စာ အဟာရတွေမပါ
စာလိမ်စာညာတွေသာ ခွင့်ပေး
စာလွတ်လပ်ရေး အရေးတော်ပုံ
တစ်နေ့နေ့မှာ ကြုံရဦးမယ်…။
**အာဏာရှင်တို့ရဲ့ ဒေါက်တိုင်အဖြစ်
ကလောင်မကိုင်နိုင်တဲ့ စာပေပညာရှင်တို့
ငြိငြိုင်ခံ ထိန်းသိမ်းခံ
ထောင်နံရံအတွင်း ရောက်လိုရောက်
စာမိုးသောက်ချိန် ငံ့လင့်ရင်း
ရင်နင့် ရင်နာခဲ့ကြတယ်…။
**“မင်းဆိုသမျှ ကွင်းရှောင်မယ်
ထမင်းတောင် စားချင်ဘုလေး”တဲ့
ကုန်းဘောင်ခေတ် စာဆိုဦးပုည
သက်ပြင်း ချခဲ့သလိုပါပဲ
ဓားမိုးနေတဲ့ ခေတ်ကာလ
နစ်နာရတာတွေ တောင်ပုံရာပုံ
ထောင့်စုံအောင် မပြောချင်တော့ဘူး…။
**စာပေကောင်းကင်ယံ၌
ပြည်သူ့တမန် စာပေကောင်းတို့
ရောင်မောင်း လျှံဝေ
ပေါ်ပေါက် ပါစေသတည်း...။ ။
*** တင်မိုး ***
(၃၀၊ ဧပြီလ ၁၉၉၉၊ သောကြာနေ့ နံနက်ခင်း)
No comments:
Post a Comment