ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, April 9, 2010

မြန်မာအလုပ်သမတစ်ဦး ကြံစည်ခံရခြင်းမှ ကံကောင်းစွာလွတ်မြောက်

>
(ဧပြီ ၉-ရက် ၂၀၁၀)
ဘန်ကောက်မြို့ တလိန်ခြမ်း၊ ကျောက်ဖု ယားရပ်ကွက်လမ်းသွယ် ၄-ရှိ ဘလက်ဖ လားဝါး အထည်ချုပ်စက်ရုံတွင် အလုပ် လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမား က မြန်မာစက်ချုပ်အလုပ်သမငယ် တစ်ဦး အား အဓ္ဓမပြုကျင့်ရန် ကြံစည်အားထုတ် ရာ အော်ဟစ်ရုန်:ကန်သဖြင့် လွတ်မြောက်လာခဲ့သည်။ အဆိုပါအလုပ်ရုံတွင် အလုပ်ဝင် ရောက်ပြီး ၃ ပတ် သာရှိသေးသည့် အသက် ၂၇နှစ်အရွယ် မ….က လုပ်ငန်း ရှင်ပေးထားသည့် အခန်းတွင် တစ် ဦးတည်း အိပ်နေစဉ် ဧပြီလ ၈ ရက်နေ့ နံနက် ၂ နာရီအချိန်ခန့် တွင် အလုပ်ရုံတွင်အတူတူလုပ်ကိုင်သည့် အသက် ၃၀ ကျော်အရွယ် ကရင်အလုပ်သမား ကိုဆေးလီက သူမအနီးသို့  ရောက်ရှိလာစဉ် လန့်နိုးသွားခဲ့သည်။

မ…ကပါတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းစဉ် ပါးစပ်နှင့်လက်တို့ ကိုအတင်းချုပ်ကိုင်ထားသော်လည်း၊ မ..မှာခွန်အားပြည့်စုံသည့် အရပ်အမောင်းနှင့် ခန္ဓာရှိသူဖြစ်သဖြင့် အဓ္ဓပြုကျင့်ရန်ကြံစည်သူမှာ ထွက်ပြေးသွားခဲ့သည်။ တလိန်ခြမ်းအရပ်ရှိ စားသောက်ဆိုင်တစ်ခုတွင် အလုပ်လုပ်ကိုင်သည့် မြန်မာမိတ်ဆွေတစ်ဦးအား အကူအညီတောင်းခံသဖြင့် ချက်ခြင်းသွားရောက်ခေါ်ယူလာခဲ့သည်။ ပျဉ်းမနားအနီးရှိ ရွာတစ်ရွာမှ ဖြစ်သော မ……က “အခန်းတံခါး ဂျက်မကျတာ ၂ ရက်ရှိပြီ၊ ကျမကလည်း ဘာမှမဖြစ်လောက်ဘူး၊ ဗမာတွေ ၁၀ ယောက်လောက်စုပြီး အနီးအနားနေကြတာပဲဆိုပြီးတော့ နေတာမှားသွားတယ်၊ အဲဒီ ဆေးလီဆိုတဲ့ကရင်မှာ မိန်းမရှိပါတယ်။ အိမ်အကူလုပ်ပါတယ်၊ တစ်ခါတစ်လေလာတတ်ပါတယ်၊ အကုန်လုံးနီးပါး အိမ်ထောင်နဲ့ပါ။ ကျမလူလွတ်တစ်ယောက်အနေနဲ့ ဝတ်တာစားတာကအစ အထူးဂရုစိုက်ပါတယ်၊ မြန်မာအချင်းချင်းခုလို ပက်ပက်စက်စက်တော့ မလုပ်သင့်ဘူးထင်ပါတယ်” ဟု ပြောသည်။ ဘန်ကောက်မြို့ အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအသင်းသို့ အဆိုပါ ပျဉ်းမနားအနီးရွာသူ သူ့မိတ်ဆွေက အကူအညီတောင်းသဖြင့် လိုအပ်သည်များ ကူညီဆောင်ရွက်နိုင်ရန် ယမန်နေ့ နံနက်ပိုင်းကတည်းက လာရောက်ပို့ ဆောင်ခဲ့သည်။ အဆိုပါ အလုပ်ရုံတွင် အသက်ငယ်ငယ်ဗမာအမျိုးသမီးငယ် တစ်ဦးအား ကိုဆေးလီနှင့် ကရင် ၃ ဦးတို့ ဝိုင်းဝန်း ပြီးဖျက်ဆီး ခံခဲ့ရသည်။ မိန်းကလေးမှာ ကိုယ်ဝန်ရှိလာခဲ့ပြီး လက်ထပ်ပေါင်းသင်မည့်လူ မရှိသဖြင့် မြန်မာပြည်နေရပ်ရင်းသို့ ပြန်သွားခဲ့ရဖူးကြောင်း အလုပ်ရုံမှ ဗမာလင်မယား၂ ဦးကပြောပြသည်။ အသင်း၏ အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်သက်သက်ဦးက“ တရားခံလို့ ယူဆရသူကို ဥပဒေကြောင်းအရ တရားစွဲဆိုနိုင်မလားလို့ ကြည့်တဲ့အခါ ကောင်မလေးမှာ နေထိုင်အလုပ်လုပ်ကိုင်ခွင့် ဘတ်ကသေနေပြီ။ နောက်တစ်ခုကအဲဒီဆေးလီဆိုတဲ့လူလို့ ပြောရအောင် ဘာသက်သေမှ မကျန်ခဲ့ဘူး၊ ထိရောက်တဲ့ကူညီပေးနိုင်မှုကိုလည်း ကျမတို့ ပေးဖို့ ခက်ပါတယ်၊ ဘန်ကောက်မြို့ မှာ တကယ့်တကယ် အခက်အခဲကြုံလာလို့ ရှိရင် ထိထိရောက်ရောက်ကူညီပေးတဲ့အဖွဲ့ ကမရှိဘူးလို့ ပြောလို့ ရပါတယ်၊ ကျမတို့ ကငွေရှိတဲ့အဖွဲ့ မဟုတ်ဘူး။ ရှေ့ နေရှိတဲ့အဖွဲ့ မဟုတ်ဘူး။ ဘာကူညီပေးနိုင်လဲဆိုရင်၊ အဓ္ဓမပြုကျင်ခံခဲ့ရသူတွေကို ပဲဖြစ်ဖြစ် ဒီလို ဖြစ်လာတဲ့ကောင်မလေးတွေကိုပဲဖြစ်ဖြစ် ကျမအခန်းမှာထားတယ်၊ စိတ်ပိုင်းဆိုင်ရာအားရှိအောင် ကျမတို့ ကပြောပြတယ်၊ ကျမစားသလိုကျွေးတယ်၊ မလိုလားအပ်တဲ့ ကိုယ်ဝန်ဆောင်မှုတို့၊ မလိုအပ်တဲ့ရောဂါတွေ ကူးစက်မှုကို ကာကွယ်နိုင်အောင် ဆေးရုံတွေကိုလိုက်ပို့ ပေးတယ်၊ အားပေးစောင့်ရှောက်တယ်၊ အလုပ်ရှာပေးတယ်” ဟုပြောသည်။ ၂၀၀၈ခုနှစ်နှင့် ၂၀၀၉ ခုနှစ်တို့ တွင် ဘန်ကောက်မြို့ နှုင့်အနီးပတ်ဝန်းကျင်မှ မြန်မာအိမ်တွင်း အလုပ်သမား ငယ်များ အားအိမ်ရှင်များက အဓ္ဓမပြုကျင့်ခြင်း ခံရသူပေါင်း ၈ဦးထက်မနည်းကို ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအသင်းက ကူညီစောင့်ရှောက် မှုပေးနိုင်ခဲ့သည်။၂၀၁၀ ခုနှစ်အတွက် ယခုဖြစ်စဉ်မှာ ပထမဦးဆုံးဖြစ်ကြောင်းဒေါ်သက်သက်ဦးကပြောဆိုသွားသည်။

*** သတင်း- ကိုကျော်သောင်း (ဘန်ကောက်) ***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)