ဗြုန်းဆို
ရွှေရောင်တံခါးတစ်ချပ်
လှပ်ပြီးသားဖြစ်သွားတယ်….။
သည်တံခါးကပဲ
ခပ်ရဲရဲအပူလက်ကျန်က
မနက်ဖြန်ဆိုထွက်သွားပြီ….။
သည်တံခါးကပဲ
မထူမပါးတဲ့ ငွေရောင်မြားတချို့
ကမ္ဘာမြေမှာ ကြွားဖို့လာတော့မယ်….။
ရွှေရောင်တံခါးလေးရေ
လူသားသိက္ခာနဲ့
မုသားလိပ်ပြာအတွက်
သက်သေအဖြစ်
အရှက်ပြေ ချစ်ပါရစေဦးကွယ်….။ ။
*** ပုသိမ်မောင်ရွှေမူ ***
(ဧပြီလ ၂၀၀၇-ခုနှစ်ထုတ် စုံထောက်မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်)
တသသဖြစ်နေတုန်း
ဗြုန်းဆို
ရွှေရောင်တံခါးတစ်ချပ်
လှပ်ပြီးသားဖြစ်သွားတယ်….။
သည်တံခါးကပဲ
ခပ်ရဲရဲအပူလက်ကျန်က
မနက်ဖြန်ဆိုထွက်သွားပြီ….။
သည်တံခါးကပဲ
မထူမပါးတဲ့ ငွေရောင်မြားတချို့
ကမ္ဘာမြေမှာ ကြွားဖို့လာတော့မယ်….။
ရွှေရောင်တံခါးလေးရေ
လူသားသိက္ခာနဲ့
မုသားလိပ်ပြာအတွက်
သက်သေအဖြစ်
အရှက်ပြေ ချစ်ပါရစေဦးကွယ်….။ ။
*** ပုသိမ်မောင်ရွှေမူ ***
(ဧပြီလ ၂၀၀၇-ခုနှစ်ထုတ် စုံထောက်မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်)


No comments:
Post a Comment