ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, April 12, 2010

ဘ၀ရဲ့လမ်းမပေါ်က အထူးဝမ်းနည်းကြေကွဲ ခြင်းများ

> ပြက္ခဒိန်ကို ကြည့်ပြီး အချိန်တွေက အကုန်မြန်လိုက်တာဟု ခဏခဏ ငြီးတွားနေမိသည် ၊ အသက်ကြီးလာတာကို မေ့နေတာလား ။ဒါမှမဟုတ် မေ့ချင်ယောင်ဆောင်ထားမိပြီလား ကိုယ့်ကိုကိုယ် သတိမထားမိပါ ။မိမိဘ၀တစ်ကွေ့မှာ ခဏတွေ့ဆုံခဲ့ရတဲ့အဖြစ်များကတော့ ရုပ်ရှင်ကားမှ အနှေးရိုက်ကွက်များလို မှုန်မှုန်ဝါးဝါး ထင်ထင်ရှားရှား မြင်ယောင်နေမိသည် ။

မြန်မာပြည်ကခွဲခွာလာစဉ်ကလည်း သိပ်မကြာလှဟုထင်မြင်ယူဆမိပြီး မိဘဆွေမျိုးများအပါအ၀င် ဘယ်သူ့ကိုမှ နှုတ်မဆက်ခဲ့ပါ ။ အထူးသဖြင့် လျှို့ဝှက်တောခိုရမှာဆိုတော့ နှုတ်ဆက်ဖို့ရာ ဘယ်လိုမှ အခွင့်မသာ ဖြစ်ခဲ့ရတယ် ။

မိမိနဲ့အတူ မြန်မာပြည် တော်လှန်ရေး နိုင်ငံရေး လှုပ်ရှားမှုတွင် အတူတူ ငတ်တလှည့် ပြတ်တလှည့် လှုပ်ရှားခဲ့သူများ ၊ ထောင်ကျဖော် ကျဖက်များ ၊စိတ်တူကိုယ်တူ လှုပ်ရှားခဲ့သူများကို အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာရချိန်တွင် တချိန်ချိန်တွင်ပြန်လည်ဆုံတွေ့ရလိမ့်မည်ဟု မျှော်လင့်ခဲ့မိသည် ။

သို့သော်ကွယ်လွန်ကျဆုံး သူများနှင့် ဘယ်သောအခါမှ ပြန်လည်ဆုံတွေ့နိုင်တော့မည် မဟုတ်ကြောင်းတွေးမိလေ အသည်းနာလေ ခံစားမိသည် ။

အခုတလော တိုင်းပြည်နဲ့လူမျိုးအတွက် အသက်နဲ့ဘ၀ကို စတေးခဲ့ကြတဲ့ ဆရာသမားများ ၊ရဲဘော်ရဲဖက်များ ၊ သူငယ်ချင်းများ ၊ဆွေမျိုးသားချင်းများ တစ်ယောက်ပြီးတစ်ယောက် လောကအလယ်မှ ပျောက်ကွယ်သွားတာကို ခဏခဏကြုံတွေ့နေရသည်။

နွေမှာ သစ်ရွက်တွေကြွေတာ သဘာဝ ဆိုပေမဲ့ အချိန်မတန်ခင် ကြွေခဲ့ရတဲ့သစ်ရွက်တွေအတွက် ဆိုတဲ့ ကဗျာတပိုင်းတစကို စိတ်ထဲမှာ အကြိမ်ကြိမ် ရွတ်ဆိုနေမိသည် ။

အမိမြန်မာပြည်ကြီးက အိမ်ပေါ်ကအကြောင်းအမျိုးကြောင့် ပျောက်ကွယ်သွားကြသော သားသမီးများကို သတိယနေသလိုမျိုး ကျနော်လဲဆရာသမားများ ၊ရဲဘော်ရဲဖက်များ ၊ သူငယ်ချင်းများ ၊ဆွေမျိုးသားချင်းများ ကို တိုက်ဆိုင်မှုရှိတိုင်းလွမ်းဆွတ်နေတတ်သည် ။

အခုလဲ ရဲဘော်ရဲဖက် ၊သူငယ်ချင်း ညီငယ် ကိုငွေစိုး အဆုပ်ရောဂါနဲ့ ကွန်လွန်ကြောင်းကြားသိရ၍ မိသားစုနှင့်အတူ ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲနေမိပါသည် ။

ကိုငွေစိုး( ကွယ်လွန်)ဆိုတာ ကျနော့်ညီငယ် တစ်ယောက်လို ချစ်ခင်လေးစားရသူဖြစ်ပြီး တော်လှန်ရေး နိုင်ငံရေးကို ကျရာတာဝန်မှ ကျေပြွန်စွာ ဆောင်ရွက်လှုပ်ရှားသူဖြစ်သည် ။ သူဟာအမြဲလိုလို ပြုံးနေတတ်ပြီး သူ့အသက်ထက်ကြီးသူမှန်သမျှ အကို အမလို့ ညီအကို မောင်နှမရင်းပမာ ဆက်ဆံတတ်သူပါ ။၁၉၈၈ စက်တင်ဘာလ ( ၁၈ ) ရက်နေ့စစ်အာဏာရှင် မြန်မာစစ်တပ်က အာဏာသိမ်းတော့ ထိုင်း မြန်မာနယ်စပ်ရနောင်းမြို့သို့ ကျောင်းသားထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်ပြီး လက်နက်ကိုင်တော်လှန်ရေးလုပ်ရန် အဆက်အသွယ်ရှာခဲ့ကြသည် ။အဲဒီမှာ ကိုငွေစိုး ၊ သူ့ညီ ကိုနေစိုး ၊ ကိုလင်းအောင် ၊ကိုဝင်းမြင့်( ကွယ်လွန်) တို့အုပ်စုနဲ့၁၉၈၈ ၀န်းကျင်တွင် စတင်သိရှိခဲ့သည် ၊ သူတို့အုပ်စုက မှို့တောင်စခန်းကို လက်နက်ကိုင် တော်လှန်ရေးလုပ်ဖို့သွားပြီး ကျနော်က ဒညတ ( ချုံဖွန်စခန်း ) သို့တောခိုခဲ့သည်။ဒီလိုနဲ့ကိုငွေစိုးနဲ့ကျနော် မတွေ့ဖြစ်တော့ဘူး ၊ ဒါပေမဲ့ ကံကြမ္မာအလှည့်အပြောင်းကြောင့် ၁၉၉၁ ၀န်းကျင်မှာသူနဲ့ဘန်ကောက်မှာ ထပ်ဆုံဖြစ်တယ် ၊ဒီတခါဆုံတာကတော့ ( ၁ )နှစ်ကျော်နီးပါး မျှ ဘန်ကောက်ရဲ့ နိုင်ငံရေးထောင် Special Detention Centre ( SDC ) ထဲမှာပါ ။အကြောင်းအရင်းက အဲဒီအချိန်တုန်းမှာ ထိုင်းအစိုးရက ဖမ်းဆီးခံမြန်မာကျောင်းသားတွေကို မြန်မာစစ်အာဏာရှင်တွေလက်ထဲ ရက်ရက်စက်စက်ဖမ်းဆီးပြန်ပို့ခဲ့ကြတယ်။
ကျနော်ရဲ့သူငယ်ချင်းရဲဋေးလဲ န၀တ လက်ထဲ ဖမ်းဆီးပြန်ပို့ခံရတဲ့အထဲမှာ ပါခဲ့တယ် ။
အဲဒီကိစ္စနဲ့ပတ်သတ်ပြီး ဖမ်းဆီးခံမြန်မာကျောင်းသားတွေကို ထိုင်းအစိုးရက မြန်မာစစ်အာဏာရှင် ( န၀တ) လက်ထဲ လွှဲပြောင်းမပေးဖို့ Bangkok Immigration Detention Centre( IDC )ရှေ့မှာ မြန်မာကျောင်းသား ( ၃၈ ) ယောက်ဆန္ဒပြကြတော့ ကျနော်လဲ ကိုငွေစိုး ၊ ကိုညီညီအောင် တို့နဲ့အတူ SDC မှာအတူ အချုပ်ခံခဲ့ရတယ် ၊
ဟိုတလောကပဲ ဒီမိုကရေစီရေးမှာ တက်ကြွတဲ့ကိုညီညီအောင်ကတော့ စစ်အာဏာရှင်တွေ လက်ထဲက လွတ်မြောက်လာခဲ့ပေမဲ့ ဆေးကုသမှုခံယူနေရတယ် ။
ဧပြီလ ၂၀၁၀ မှာ ကိုငွေစိုးကတော့ သူချစ်တဲ့ အမိမြန်မာပြည်နဲ့လောကကြီးကို ကျောခိုင်းသွားခဲ့ပြီ ။
ရဲဋေး( ညီနိုင် )လဲ မြန်မာပြည်မှာ ထောင်နှစ်ရှည်ကျခဲ့တယ်လို့ ကြားသိရတယ် ။

ရဲဋေးနဲ့ကျနော်က ပုသိမ်တမြို့ထဲသား ဖြစ်ယုံမက ဘွဲ့ရပြီးတော့ ၁၉၈၈ မြန်မာပြည်ဒီမိုကရေစီ အရေးတော်ပုံကာလက ချောင်းသာကမ်းခြေအနီး သဇင်တွဲဖက် အထကမှာ တွဲဖက်အထက်တန်းပြဆရာအဖြစ်အတူတူတာဝန်ထမ်းခဲ့ဘူးတယ် ။ ထူးအိမ်သင်( ကွယ်လွန် )ရဲ့ သီချင်းဖြစ်တဲ့ ခေါင်းလောင်းကြီးလဲအိပ်ပျော်နေဆဲ စာသင်ခုံတွေလဲ ဖရိုဖရဲ ပိုးစားချကိုက်နေ ၊ ဆင်းရဲလွန်းတဲ့ဘ၀တွေ တကယ်ပဲ နုံချာကာနေတယ် ကွက်လပ်ဖြည့်လိုက်ပေါ့ ဆရာသူငယ်ချင်းရယ် ဆိုတဲ့စာသားက နှလုံးသားကို လာထိမှန်ပြီး ကျေးလက်တောရွာမှာ ကျောင်းဆရာ သွားလုပ်ဖြစ်ခဲ့တယ် ၊
ထူးအိမ်သင် ကလည်းကျနော်လိုပဲ ပုသိမ်သားတ၀က်ဆိုတော့ ဒေသစွဲကြောင့်များလားတော့ မသိ ၊ သူ့သီချင်းတွေက ရင်ကို ထိချက်ပြင်းခဲ့တယ် ၊ ကျနော်မော်လမြိုင်ဖက်က တဆင့် တခြားကျေုာင်းသား ( ၁၀၇ ) ယောက်နဲ့ ထိုင်းမြန်မာနယ်စပ်ကို တောခိုတော့ ထူးအိမ်သင်က ကျနော်တို့စီးတဲ့ သဘောင်္ပေါ်တက်လာပြီး အားလုံးကိုလာနှုတ်ဆက်တယ် ။ အဲဒါဟာ သူ့ရဲ့ နောက်ဆုံး နှုတ်ဆက်ခြင်းဖြစ်မယ်ဆိုတာ ကြိုသိခဲ့ရင် ကျနော် သူ့ကိုစကားတွေ အများကြီးပြောဖြစ်ခဲ့လိမ့်မယ်..ခုတော့.....

ကျနော့်အဖေကအဲဒီအချိန် ပုသိမ်တိုင်းလူဝင်မှု ကြီးကြပ်ရေးမှာ ဒုလက်ထောက်တိုင်းမှူး ( လ၀က) ဆိုတော့ လ၀ကမှာ အလုပ်ဝင်ဖို့အားလုံးပြင်ဆင်ပေးတာကို ငြင်းဆန်ပြီး ထူးအိမ်သင်ရဲ့ ခေတ်နဲ့ရင်ခုန်သံခြင်းတူတဲ့ သီချင်းရဲ့တွန်းပို့မှုကြောင့် ကျေးလက်ကိုဆင်းခဲ့တယ် ၊ကျနော် အန်ကယ် ဦးမောင်မောင်အေး ( ကွယ်လွန်) ( ညွှန်ကြားရေးမှုး၊ စက်မှု ၁ ) ကလည်း အင်းစိန်သံမဏိစက်ရုံမှာ ကြိုက်တဲ့အချိန် အလုပ်လာဝင်ပါလို့ရန်ကုန်သူ့ရုံးခန်းမှာတွေ့စဉ်ပြောခဲ့တယ် ၊ သူ့ကမ်းလှမ်းချက်ကို ငြင်းဆန်ပြီး တောခိုသွားတဲ့ တူတော်မောင်ရဲ့ ခံခားချက်ကို ကွယ်လွန်သွားတဲ့ အန်ကယ် တမလွန်မှနားလည်ခွင့်လွှတ်ပါ ။

ကျနော်ဘ၀မှာ မမေ့နိုင်ပဲ တသသ စွဲကျန်နေသေးတဲ့ အရိပ်တစ်ခုကတော့ ဧည့်သည်ကြီး ကဗျာရှင် ဆရာ တင်မိုး( ကွယ်လွန်)ဖြစ်ပါသည် ။ ဆရာဟာ ကဗျာရေးနေရရင် ကဗျာရွတ်နေရရင် ပျော်ရွှင်အားရ ကျေနပ်ဝမ်းသာနေတတ်တဲ့လူမျိုးဖြစ်သည် ။ ဆရာ အောတာဝါ ၊ကနေဒါ စာပေဟောပြောပွဲလာတော့ စာပေဟောပြောပွဲမှာ မြန်မာစာပေအကြောင်းဟောပြောတယ် ၊ ဆရာက ကျနော် အန်ကယ် ဦးသိုက်ထွန်း ( ကွယ်လွန် )( ညွှန်ကြားရေးမှုး၊ ပညာရေးဝန်ကြီးဠာန )နဲ့မြန်မာပြည်မှာ သိပ်ရင်းနှီးတယ်ပြောတယ် ၊ ကျနော် အန်ကယ်ကလည်း စာပေသမားဆိုတော့ ကဗျာတွေ ဆောင်းပါးတွေရေးတယ် ၊ ဒါပေမဲ့ ဆရာတင်မိုးက ကျနော်အန်ကယ်ကို သိပ်အားမရဘူး ပြောတယ်၊ ဘာကြောင့်လဲဆိုတော့ မဆလ လက်ထက်က စာပေ မူတွေ ဘောင်တွေ ဆင်ဆာတွေထဲကနေ ကျနော်အန်ကယ်က မငြိစွန်းအောင် ရေးနေလို့ဖြစ်မယ် ထင်တယ် ၊ ဆရာ့ကိုအိမ်မှာ ထမင်းစားဖိတ်ပြီး ကဗျာချစ်သူများနဲ့တညလုံး ကဗျာတွေရွတ်ဖြစ်ခဲ့တယ် ၊ ဆရာရဲ့ လက်ရေးမူရင်းနဲ့ ရေးထားတဲ့ ဗလာစာအုပ်ထဲက မမောမပမ်း ဆရာကဗျာရွတ်တာ မှတ်မှတ်ရရ ကဗျာအပုဒ်ရေ ( ၂၀ ) ကျော်မယ် ထင်တယ် ၊ နောက်တနေ့မနက်ကျတော့ ကျနော် ဆရာ့ကို Art Gallery ( Ottawa, Canada ) ကိုလိုက်ပို့ပြီး ဗန်ဂိုး၊ ပီကာဆို ပန်းချီကားတွေလိုက်ပြတော့ ဆရာကပြောတယ် မြန်မာပြည်ကသူ့သူငယ်ချင်းအနုပညာသမားတွေများပန်းချီကားတွေ ကြည့်ခွင့်ရရင် ဘယ်လောက်ဝမ်းသာကြမလဲဆိုပြီး ဆရာဟာ အနုပညာရဲဘော်တွေကို အမြဲသတိရနေတတ်တဲ့ လူမျိုးပါ ၊ ဆရာကဗျာရွတ်စဉ် ကျနော်ကိုလဲ ကျနော်ကဗျာတွေအတူရွတ်ဖတ်ခိုင်းတယ် ၊ဆရာဟာ မျိုးဆက်သစ်တွေကို အမြဲစေတနာအပြည့်နဲ့ပြူစုပျိုးထောင် လမ်းမှန်ပြခဲ့တဲ့သူပါ ။ ဆရာ့ကို လွမ်းရင် အတူတူကဗျာရွတ်စဉ် ရိုက်ထားတဲ့ အမှတ်တရ ဗွီဒီယိုကို ပြန်ကြည့်ဖြစ်တယ် ၊အဲဒီတုန်းကတော့ ဆရာနဲ့နောက်ပြန်ဆုံဦးမယ် ထင်ခဲ့ပေမဲ့..........

လောကမှာ လူသားအားလုံးဟာ တခဏ ဧည့်သည်တွေပါ ၊ လောကကို အလည်ရောက်ခိုက် ယုံကြည်ရာကို မမှိတ်မသုန်လုပ်ကြဖို့တော့လိုပါတယ် ၊ ကိုယ့်သမိုင်းကိုယ်ရေး ၊ ကိုယ့်လမ်းကိုယ်ရွေးချိန်မှာ လမ်းမှန်လမ်းမှားကို အသိတရားနဲ့ စဉ်းစားဆင်ခြင်ဖို့တော့လိုအပ်ပေသည် ။

ခံစားချက်တွေကို ခံယူခက်အဖြစ်ပြောင်းလဲလိုက်ပြီး ဘ၀မှာ အမှန်တရားကို ရှာဖွေမယ်လို့ ရဲရဲတွေးမိသည် ။

စစ်စနစ်ရဲ့တရားခံကိုလည်းကွက်ကွက်ကွင်းကွင်းမြင်ပြီး စစ်အာဏာရှင်စနစ်အဆုံးသတ်မှု တိုက်ပွဲကို အရှိန်အဟုန်မြှင့်ရန် ၊ ၂၀၁၀ ရွေးကောက်ပွဲအတုကို ဆန့်ကျင်ရန် သူရဲကောင်း ၀ိဥာဉ်တွေကို တိုင်တည်ရင်း မိမိကိုယ်မိမိ ဆုံးဖြတ်ချက်ချလိုက်မိသည် ။

လူ့ဘ၀သက်တမ်းတိုတိုလေးတွင် လူမိုက်တွေ ကံကောင်းပြီး လူလိမ္မာတွေ ကံဆိုးမိုးမှောင်ကျနေတဲ့ခေတ်ကြီးမြန်မြန်ကုန်ဆုံးပါစေဟု ဆုတောင်းနေမိသည် ။

ယုံကြည်ချက် ကောင်းကင်ပေါ်က
ထာဝရ အလင်းကြယ် တစ်ပွင့်
ဘယ်ဆီရွက်လွှင့် နေပြီလဲ
မင်းနာမည် နီရဲရဲ
အမိမြန်မာပြည်အသည်းမှာ ကမ္မည်းထိုးခဲ့ပြီ ။

**အောင်ခိုင်မြင့်**

( ကွယ်လွန်ခဲ့တဲ့ ဆရာသမားများ၊ ရဲဘော်ရဲဖက်များ ၊သူငယ်ချင်းအပေါင်းအသင်းများ အတွက် အထူးဝမ်းနည်းကြေကွဲ ခြင်း)

ပြက္ခဒိန်ကို ကြည့်ပြီး အချိန်တွေက အကုန်မြန်လိုက်တာဟု ခဏခဏ ငြီးတွားနေမိသည် ၊ အသက်ကြီးလာတာကို မေ့နေတာလား ။ဒါမှမဟုတ် မေ့ချင်ယောင်ဆောင်ထားမိပြီလား ကိုယ့်ကိုကိုယ် သတိမထားမိပါ ။မိမိဘ၀တစ်ကွေ့မှာ ခဏတွေ့ဆုံခဲ့ရတဲ့အဖြစ်များကတော့ ရုပ်ရှင်ကားမှ အနှေးရိုက်ကွက်များလို မှုန်မှုန်ဝါးဝါး ထင်ထင်ရှားရှား မြင်ယောင်နေမိသည် ။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)