Date: Sun, 11 Apr 2010 11:30:41 +0200
စစ်တပ်က ၁၉၆၂ မှာ မြန်မာပြည်ကို အာဏာသိမ်းခဲ့လို့ 
ပျောက်ဆုံးသွားတဲ့ မြန်မာပြည်က ဒီမိုကရေစီကျင့်စဉ်ကို
ပြည်ပမှာရောက်နေတဲ့ မြန်မာတွေ အကြား
ပြန်လည်သင်ကြား လေ့ကျင့်ကြပါရန်ဖိတ်ခေါ်ပါတယ်။
မြန်မာပြည်မှာ ကြီးပြင်းခဲ့သူတွေ ပြီပြီ
နေဝင်းသင်တဲ့ မဆလ အတိုင်း
တဘက်သတ် အတွေးအခေါ်များ
လိုချင်ရင် ဂျပိုးကို လိပ်ဖြစ်အောင် ပြောနေသူများ
လိုချင်တာကို ရဘို့ နည်းလမ်းပေါင်းစုံ အသုံးပြုသူများ
အုပ်စုဖွဲ့ ဗိုလ်ကျနေသော ပြည်တွင်း ပြည်ပ အဖွဲ့ များ
လူမျိုးစု အသီးသီး၏ အဖွဲ့ များ
မြန်မာပြည် သမိုင်းက ဆိုးမွေ ထားခဲ့သော ဗိုလ်ကျရေးလမ်းစဉ်ကို
နှစ်ဟောင်းမှာ သက်ြန်ရေနဲ့ ဆေးကြောကြပါစို့ ။
နှစ်သစ်ကစပြီး.....
ဒီမိုကရေစီ အလေ့အကျင့်တွေ ပျိုးထောင်ကျပါစို့ 
အပြန်အလှန် သဘောတူတဲ့ အထိ ဆွေးနွေးပြီး
ပူးပေါင်း ဆောင်ရွတ်ခြင်းဟာ
တိုးတက်သော ဘဝတွေကို ဖန်တီးဖြစ်ပေါ်စေတယ် ဆိုတာ
ကျွန်တော့် အတွေ့ အကြုံများအရ ပြောလိုပါတယ် ။
မြန်မာပြည်က စစ်အာဏာရှင်ဟာ မြန်မာစာနဲ့ စကားသုံးပါတယ် ။
စစ်အာဏာရှင်ကို တိုက်မယ်ဆိုရင်
သူတို့ သုံးတဲ့ စာနဲ့ စကားတတ်ဖို့ လိုပါတယ် ။
မြန်မာပြည်က လူမျိုးစုံ ရောက်တဲ့နိုင်ငံက စာနဲ့ စကားကို
မဖြစ်မနေ သုံးရပါတယ် ။ သင်ရသလိုပါဘဲ ။
အဲဒီနိုင်ငံသားတချို့ လဲ စစ်အာဏာရှင်ကို ပူးပေါင်းတိုက်ဖို့ 
မြန်မာစကားနဲ့  စာတွေ သင်ကုန်ကြပါပြီ။
၁၉၈၈ ကစတင်ခဲ့တဲ့ လူထု လှုပ်ရှားမှုဟာ
၂၀၁၀ မှာ နှစ်ပေါင်း ၂၂ နှစ်ရှိလာပါပြီ။
လူမျိုးပေါင်းစုံ ထောင့်ပေါင်းစုံက ကြိုးစားနေဆဲပါ ။
ကိုယ့်သမိုင်း တခုကို ကိုယ်တိုင်ရေးပြီး
ကိုယ်မသိ ခင်မှာ ဖြတ်ကျော်ခဲ့ပါသည် ။
အများအတွက် မဟုတ်တောင်
သားသမီး အတွက် မြေးတွေအတွက်
ပြန်ပြောရမဲ့ အချိန်ရောက်လာပါပြီ ။
ပုတ်ပွနေတဲ့ ပန်းသီးတလုံးကို
ဆာလောင်နေတဲ့ ကလေးကို မစားပါစေနဲ့ လား
သင့်သမိုင်းအမှားတွေကို နောင်မျိုးဆက်တွေကို
လက်ဆင့်မကမ်းမိပါစေနဲ့ 
မြန်မာပြည်က အာဏာရှင်က အခုထိ
စင်ပေါ်မှာ မိန့် မိန့် ကြီး အမိန့် ပေး လူသတ်နေတုံးပါဘဲ ။
တော်လှန်ရေးကို အားနာတာ ဟာ
အာဏာရှင်ကို ရပ်တည်ခွင့်ပေးခဲ့တာပါဘဲ ။
တောထဲက မတရားတဲ့ အချင်းချင်း လူသတ်မှုတွေဟာ
ဆက်ပြီး ဝိုင်းပိတ်ထားရင် ခေါင်းဆောင်မှားတွေကို
ဆက်ပြီးဦးဆောင်တဲ့ အခွင့်အရေးပေးလိုက်တာပါ ။
ှမှားယွင်းတဲ့ ဦးဆောင်သူတွေ နောက်မှာ
ကျွန်တော်တို့ ရဲ့ ဒီမိုကရေစီ လွတ်လပ်ရေး တိုက်ပွဲဟာ
ကမ်းမမြင် လမ်းမမြင်သေးပါဘူး ။
စင်ကြယ်မှု ရိုးသားမှု မရှိသော သင်တို့ အုပ်စုကိုလည်း
မည်သည့် နိုင်ငံ မည်သည့် အဖွဲ့ အစည်းကမှ
အင်တိုက် အားတိုက် ကူညီရန် မဖြစ်နိုင်ပါ ။
ပြည်တွင်း လှုပ်ရှားမှု တခုကလွဲလျှင်
အားလုံးဟာ ပွင့်လင်းရိုးသားဖို့ လိုပါသည် ။
ဒေါက်သာစိန်ဝင်းနဲ့ ကိုသောင်းထွန်း နယ်သာလန်မှာ
မြန်မာတွေကို စုစည်းပြီ စကားတခုပြောသွားပါသည် ။
ပြည်ပ အစိုးရရဲ့ အဖွဲ့ ဝင်တွေဟာ ရောက်ရာအရပ်က
မြန်မာပြည်သားတွေပါဘဲတဲ့ ။
အင်မတန်မှန်တဲ့ စကားပါ ။
အခုထိတော့ အကောင်အထည်ဖေါ်တာ မကြားရသေးပါဘူး ။
မိဘနဲ့  သားသမီး ဟာထိတွေ့ မှုမရှိရင် မိသားစုမဟုတ်တော့ပါဘူး ။
မိဘနေရာဝင်လုဖို့ ကြိုးစားနေတွေလည်း ပြန်ပြီး စဉ်းစားကြပါအုံး ။
ပြည်ပရောက် အမတ်တွေလည်း လူထုကိုယ်စားလှယ်နာမည်ဘဲကျန်တော့တယ် ။
လက်တွေ့ ဦးဆောင်နေတဲ့ လူငယ်ခေါင်းဆောင် အသစ်တွေနဲ့ မတွဲဖြစ်ရင်
ရှေးဟောင်းပစ္စည်းတခု အဖြစ် တန်ဘိုးမဲ့တဲ့ ဘဝရောက်တော့မယ် ။
အလံတလက်ထဲ ထောင်ရင် ရန်သူက ပစ်ချိုးရတာလွယ်ပါတယ် ။
ဒေသစုံ လူမျိုးစုံ အလံပေါင်းစုံ လှုပ်ရှားနိုင်ရင်
၂၀၁၀ ဟာ အာဏာရှင် အတွက် သချိုင်းတခါးဖွင့် တဲ့နှစ်ဖြစ်ကြပါစေ ။
နှစ်ဟောင်းက အဟောင်းတွေကို ထားခဲ့ပြီး
နှစ်သစ်မှာ အသစ်တွေနဲ့  သွားကြပါစို့ 
**ဌေးတင့်(နယ်သာလန်) **
***ထောင်ချောက်ကို ရှောင်လိုက်တာပါ**
Date: Sun, 11 Apr 2010 18:48:07 +0200
မတရားတဲ့ တဘက်သတ်ဥပဒေ နောက်ကွယ်က အကြမ်းဖက် အုပ်စုရန်ကို
အန်အယ်ဒီလူကြီးများက ပညာသားပါပါ ရှောင်လိုက်တာလို့ နားလည်ပါတယ် ။
လက်နက်ကိုင် လူသတ်သမားအုပ်စုဟာ အန်အယ်ဒီ အဖွဲ့  ဝင်တွေကို
အနှစ် ၂၀ ကျော် အမျိုးမျိုး ရန်ရှာခဲ့တယ် ။ ဒုက္ခပေးခဲ့တယ် ။
ဒီပဲရင်း လူသတ်ပွဲဟာ စစ်အာဏာရှင်ရဲ့ သရုပ်မှန်ကို ပြခဲ့ပါတယ် ။
မြန်မာပြည်က အန်အယ်ဒီကို ရိုက်သတ်ပြလိုက်ခဲ့ပါပြီ ။
ဘယ်သူဘာလုပ်နိုင်လဲ
နောက်ထပ်လည်း အန်အယ်ဒီကို ရိုက်သတ်ရင် မြန်မာပြည်မှာ တရားဝင်
ခွင့်ပြုထားတယ် ဆိုတာ တိုးတိုး ဥပဒေပြဌန်းထားပါတယ် ။
အန်အယ်ဒီ ရွေးကောက်ပွဲ ဝင်မယ်ဆုံးဖြတ်ရင် စစ်အာဏာရှင်က ရိုက်သတ်ဖို့ ပြင်ထားပါတယ် ။
မဲဆွယ်ကာလနဲ့  ရွေးကောက်ပွဲကာလ ဟာအန်အယ်ဒီက
အဖွဲ့ ဝင်တွေ အုပ်စုလိုက် အရိုက်ခံရမဲ့ အနေအထားပါ ။
သမိုင်းမှာ ရာဇဝင်တွင်စေမဲ့ သွေးခင်းပြီး ငုံ့ ခံရမဲ့ ထောင်ချောက်ကို ရှောင်လိုက်တာပါ ။
လူထုအတွက် တခုခုဆို တဲ့မျှော်လင့်ချက်တွေနဲ့  ဆုံးရှုံးမှုပေါင်းများစွာကို အန်အယ်ဒီတွေ ပေးဆပ်ခဲ့ပါတယ် ။
ပေးဆပ်နေဆဲပါ ။ ပေးဆပ်ရန် အဆင်သင့်ဘဲ ဆိုတာနားလည်ပါတယ် ။
အန်အယ်ဒီတဖွဲ့ ထဲ ပေးဆပ်လို့  မရတော့တဲ့ အခြေအနေတခုကို ရောက်လာပါပြီ ။
လူမျိုးစုတွေ အပါအဝင် တတိုင်းပြည်လုံး ပေးဆပ်ရမဲ့ အချိန်ရောက်လာပါပြီ။
လူထုဟာ ခေါင်းဆောင်မဲ့ တောင်းဆိုမှ ရမယ်ဆိုတာ နားလည်စပြုပါပြီ။
လုထုနောက်က မှန်ကန်တဲ့ ပံပိုးဦးဆောင်မှု ဟာ အန်အယ်ဒီအတွက် အကောင်းဆုံး အဖြေပါ
ပြည့်စုံတဲ့ ကာလတခုမှာ အန်အယ်ဒီကို လူထုက ဦးဆောင်နေရာကို ပြန်ပို့ ပေးကြမှာပါ ။
အန်အယ်ဒီတွေ ကျခဲ့တဲ့ မျက်ရည်တွေ သွေးတွေဟာ ကောင်းကင်ကို ပျံတက်ပြီး
၁၉၈၈ကျောင်းသားသွေးတွေနဲ့ သွေးမုန်တိုင်း တခုလာတော့မှာပါ ။
မုန်တိုင်းအတွက် ပြင်ကြဆင်ကြပါတော့
**ဌေးတင့်(နယ်သာလန်)**
**သချိုင်းတခါးဖွင့် တဲ့နှစ်ဖြစ်ကြပါစေ**

No comments:
Post a Comment