နိုင်ငံတကာအလုပ်သမားနေ့ (မေဒေး)ဆိုတာအမေရိကန်ပြည် ကစတင်ပေါ်ပေါက်ခဲ့ပါတယ်။ မေဒေးနေ့ဘယ် လိုဖြစ် ပေါ်လာသလဲဆိုရင်``တနေ့ အလုပ်ချိန် ၁၀ နာရီသတ်မှတ်ရေးသပိတ်တိုက်ပွဲ´´တွေကနေစတင်ခဲ့ပါ
တယ်။ဘာဖြစ်လို့လဲဆိုတော့တနေ့ ကို၁၆နာရီကနေ၂၀နာရီအထိအလုပ်လုပ်နေကြရလို့ပါပဲ။
(၁၈၀၆)ခုနှစ် အမေရိကန်ပြည်ဖီလာဒယ်ဗီးယားမြို့ ကကြိုးကျစ်စက်ရုံအလုပ်သမားသပိတ်။
(၁၈၂၇)ခုနှစ် ၊ ဖီလာဒယ်ဗီးယားမြို့ အဆောက်အဦးအလုပ်သမားသပိတ်။
(၁၈၃၄)ခုနှစ်၊နယူးယောက်မြို့ ၊ပေါင်မုန့် ဖုတ်အလုပ်သမားသပိတ်စတဲ့တနေ့အလုပ်ချိန်၁၀နာရီသတ်မှတ်ရေး
လှုပ်ရှားမှုတွေကိုရိုက်နှက်ဖမ်းဆီးတာတွေနဲ့ ဖြိုခွဲခဲ့ပါတယ်။
ဒီလိုနဲ့ (၁၈၃၇)ခုနှစ်မှာအလုပ်ချိန်၁၀နာရီတိုက်ပွဲဟာတမြို့ ကနေတမြို့ ကိုကူးစက်ကျယ်ပြန့် ခဲ့တာမို့ ပြည်နယ်
်အစိုးရတချို့ ဟာမရေမရာကျေညာချက်တွေနဲ့အတူအလုပ်ချိန်၁၀နာရီသတ်မှတ်လိုက်ကြောင်း မိမိပြည်နယ်
်ထဲမှာကျေညာပေးခဲ့ပါတယ်။ဒါပေမယ့်ဘာမှအကောင်အထည်မပေါ်ခဲ့သလိုအခွင့်အရေးလည်းမရရှိခဲ့ပါဘူး။
(၁၈၆၆)ခုနှစ် ၊ဗယ်တီမိုမြို့ မှာအလုပ်သမားသမဂ္ဂခွဲပေါင်း(၃၀)ကျော်တက်ရောက်တဲ့အစည်းအဝေးကနေ
``နိုင်ငံလုံးဆိုင်ရာအမျိုးသားအလုပ်သမားသမဂ္ဂအဖွဲ့ ချုပ်´´ကိုတည်ထောင်ခဲ့ပါတယ်။အဲဒီသမဂ္ဂအဖွဲ့ ချုပ်ဟာတနေ့ အလုပ်ချိန်(၈နာရီ)သတ်မှတ်ရေးတိုက်ပွဲကော်မတီတွေကိုဖွဲ့ စည်းပေးခဲ့ပါတယ်။ အမေရိကန်ပြည်
်ကသက်ဆိုင်ရာပြည်နယ်အစိုးရတွေဟာလက်နက်ကိုင်စစ်တပ်နဲ့ ရဲတပ်ဖွဲ့ တွေကိုသုံးပြီးအပြင်းအထန် နှိမ်နင်း ခဲ့
ပါတယ်။ခေါင်းဆောင်တွေကိုဖမ်းဆီးညှင်းပန်းတာ၊ထောင်ဒဏ်၊ငွေဒဏ်၊ သတ်မှတ်ပြီးပြည်နှင်ဒဏ်ပေးတာ။အလုပ်သမားတွေထဲကပဲကြေးစားလူမိုက်ငှားရမ်းပြီးဖျက်ဆီးစေတာ၊ရပ်တည်ချက်ပျော့ညံ့တဲ့အလုပ်သမားခေါင်း
ဆောင်အချို့ ကိုအခွင့်အရေးဗန်းပြပြီးလာဘ်ပေးဖြို ခွဲတာစသဖြင့်နည်းလမ်းပေါင်းစုံနဲ့ အသုံးပြုခဲ့တာတွေ့ ရပါ တယ်။ဒီလိုနဲ့ (၁၈၆၈) ခုနှစ်မှာအမေရိကန်ပြည်၊ပြည်နယ်အစိုးရအချို့ ကတနေ့ အလုပ်ချိန်၈နာရီသတ်မှတ်ရေး
့ အမည်ခံဥပဒေတရပ်ကိုထုတ်ပြန်ပေးခဲ့ပါတယ်။ ဒါပေမယ့်အရင်းရှင်တွေကြီးစိုးတဲ့ပုဂ္ဂလိကလုပ်ငန်းတွေကိုလုံးဝ
ွ သက်ရောက်ခြင်းမရှိတာမို့ ဒီဥပဒေဟာမအောင်မြင်ခဲ့ပါဘူး။တနေ့ အလုပ်ချိန်၈နာရီသတ်မှတ်ရေးအတွက်တိုက်ပွဲဝင်သတ္တုတွင်းအလုပ်သမားလှုပ်ရှားမှုခေါင်းဆောင်တွေကိုသေဒဏ်စီရင်ပစ်တာ၊ မီးရထားလမ်းထုတ်လုပ်
်ရေးသံမဏိစက်ရုံအလုပ်သမားတွေကိုလက်နက်ကိုင်စစ်တပ်တွေနဲ့ နှိမ်နင်းတာတွေလုပ်ခဲ့ပါတယ်။
ဒီလိုနဲ့ (၁၈၈၄) ခုနှစ်အမေရိကန်ပြည် ၊ ချီကာဂိုမြို့မှာကျင်းပတဲ့(အလုပ်သမားသမဂ္ဂအစည်းအဝေးကြီး)
ကနေအမေရိကန်ပြည်အလုပ်သမားအဖွဲ့ ချုပ်(AFL)ရဲ့ ညီလာခံကိုကျင်းပပါတယ်။အဲဒီ AFL ညီလာခံကနေတ နေ့ အလုပ်ချိန် ၈ နာရီ ရရှိရေးတိုက်ပွဲဝင်ကြဖို့ ဆုံးဖြတ်ပြီးတဲ့အခါပြင်ဆင်ချိန် ၂ နှစ်အချိန်ယူခဲ့ပါတယ်။ အဲဒီပြင်ဆင်ချိန်၂နှစ်အတွင်းမှာတိုက်ပွဲကော်မတီတွေကိုစနစ်တကျဖွဲ့ စည်းခဲ့ကြပါ် တယ်။(၁၈၈၆)ခုနှစ် ၊မေလ ၃ရက်နေ မှာပေါ်ပေါက်ခဲ့တဲ့အလုပ်သမားသပိတ်မှာ(၆)ဦးသေဆုံးပြီးအလုပ်သမားရာပေါင်းများစွာဒဏ်ရာရခဲ့ပ်ါတယ်။
ဒီကိစ္စကိုဆတ်ဆတ်ခါနာကြည်းကြတဲ့ထောင်ပေါင်းများစွာသောအလုပ်သမားတွေစုဝေးပြီးလူထုအစည်းအဝေး
ကျင်းပနေစဉ်မှာအကြမ်းဖက်နှိမ်နင်းတာကြောင့်အလုပ်သမား ၄ ယောက်နဲ့ ပုလိပ် ၇ယောက်သေဆုံး ခဲ့ ပါ
တယ်။အဲဒီအရေးအခင်းနဲ့ ပတ်သက်ပြီးအလုပ်သမားခေါင်းဆောင်၎ဦး(ပါဆင် ၊ စပိုင် ၊ ဖစ်ချာ၊ အိန်ဂျယ်) တို့ကိုဆူပူမှုဖန်တီးတယ်ဆိုပြီးလုပ်ကြံစွပ်စွဲကာသေဒဏ်စီရင်ခံခဲ့ပါတယ်။ကျန်အလုပ်သမားခေါင်းဆောင်တွေကို
တော့အစိုးရကထောင်ဒဏ် ၊ငွေဒဏ် ၊ ပြည်နှင်ဒဏ်စသဖြင့်အပြစ်တွေပေးခဲ့ပါတယ်။အဲဒီလိုအလုပ်သမားတွေ
သွေးမြေကျခဲ့ရတဲ့တိုက်ပွဲကိုအကြောင်းပြုပြီး(၁၈၈၈)ခုနှစ် ၊ စိန့် လူးဝစ်မြို့ မှာကျင်းပတဲ့AFLညီလာခံမှာထပ်မံ
ံပြီးတော့အလုပ်ချိန်၈နာရီရရှိရေးတိုက်ပွဲဝင်ရန်နဲ့ ၁၈၉၀ ခုနှစ်ကစပြီးတော့(မေလ ၁ ရက်)နေ့ ကိုအလုပ်သမား တိုက်ပွဲနေ့ (မေဒေး)အဖြစ်သတ်မှတ်ကျင်းပဖို့ ဆုံးဖြတ်ပြဌာန်းလိုက်ကြပါတယ်။
**(ဆက်လက်ဖော်ပြပါမည်။)**
**စုဆောင်းတင်ပြသူ……သောင်ရင်းနဂါး**/span>
**(အပိုင်း - ၁)**

No comments:
Post a Comment