ဇနီးဖြစ်သူကာလီဇူကာ မီးဖွားနေစဉ် ချဲလ်ဆီးအသင်းမှ ကွင်းလယ်ကစားသမား ဂျိုကိုးလ်ထိုင်စောင့်နေသည်။ သူနာပြုတစ်ဦးထွက်လာပြီး ဂျိုကိုးလ်ဘေးမှလူကိုပြောသည်။
`ဂုဏ်ယူပါတယ်ရှင်။ ရှင့်မိန်းမ အမြွာပူးလေးမွေးတယ်´
`ဟုတ်လား… ကျုပ်က အိုဗာတင်းနှစ်ဆကုမ္ပဏီမှာလုပ်တာလေ´
နောက်နာရီဝက်အကြာသူနာပြုထပ်ရောက်လာပြီး နောက်လူတစ်ဦးကို ပြောပြန်သည်။
`ဂုဏ်ယူပါတယ်ရှင်။ ရှင်သုံးမွှားပူးကလေး ရပြီရှင့်´
`ကျုပ်က ဘောလုံးသမားပါ။ ပြီးခဲ့တဲ့ပွဲတုန်းက Hat-trick သွင်းနိုင်ခဲ့တယ်လေ´
သူ့အလှည့်မရောက်သေးခင် စိုးရိမ်စွာဖြင့်သူနာပြုအား ဂျိုကိုးလ်မေးလိုက်သည်။ `ဒုက္ခပါပဲဗျာ။ ကျုပ်က 7-up အချိုရည်သိပ်ကြိုက်တာဗျ´
မှတ်ချက်။ ။ နိုင်ငံတကာဘောလုံးဟာသများမှ… (အိတ်တင်း)ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ-ဘောလုံးဟာသ)**

No comments:
Post a Comment