ခဲ့တဲ့ ဆွေးနွေးဝိုင်းမှာ ပြည်ပက အဖွဲ.အစည်းတွေ၊ရေဒီယိုတွေ
လုပ်သင့် လွှင့်သင့်တာတွေ ဆွေးနွေးထားတာ ကြားကြရပါမယ်၊
ပြည်တွင်းက ပြည်သူတွေကြားမှာ ပိုမိုတွေဝေစေတာ၊ပိုမိုရှုတ်ထွေး
စေတာ၊ပိုမိုစုစည်းဖို့ ခက်ခဲစေတာတွေဟာ(၁၉၈၈)နောက်ပိုင်းက
စ ဒီနေ့ အထိလွှင့်ခဲ့တဲ့ တချို့ ရေဒီယိုအစီအစဉ်တွေ၊တချို့ သတင်း
တွေကြောင့်ဇြစ်ရတာပါ၊
ကိုယ့်တိုင်းပြည်ဟာ အာဏာရှင်စနစ်လက်အောက်က
လွတ်မြောက်ဖို့ က ပထမ ဖြစ်နေတာကိုအဓိကမထားဘဲ ကြူံ
သလိုလွှင့်ခဲ့တာတွေ၊ပညာပြတာတွေ၊မင်္ဂလာယူချင်တာတွေ၊
အာနဲ့ ရင်းလုပ်စားမယ်လောက်ကြံကြတာတွေ၊ညံ့ဖျင်းတာ
တွေကြောင့်(အပြိုင်ညံ့၊အညံ့ပြိုင်နေကြတဲ့ခေတ်လိုဖြစ်နေတော့)
နှစ်ပေါင်းများစွာကြာသာလာတယ် ပိုအခက်အခဲတွေတွေ့ ၊ပြည်
တွင်းကစွန့့်စားနေတဲ့သူတွေ၊သာမန်ပြည်သူတွေ ပိုဒုက္ခတွေရောက့် 
လာကြရတော့တာပါဘဲ။
မြန်မာနိုင်ငံကို ဒီမိုကရေစီရစေချင်လို့ သက်ဆိုင်ရာ
တိုင်းပြည်တွေက ပြည်သူတွေရဲ့ အခွန်ငွေတွေထဲကနေ ခွဲဝေ
ထောက်ပံ့မှုတွေဟာ အကူအညီဖြစ်မလာတော့ဘဲ အနှောက်အ
ယှက်ဖြစ်နေတာ ပြင်ဆင်ဖို့ ခက်တဲ့၊ နောက်ကြောင်းပြန်ဖို့ ခက်
တဲ့ပြဿနာပါဘဲ၊ဒီမိုကရေစီရသွားကြတဲ့နိုင်ငံတွေက ရေဒီယို တွေ
ကတော့ ဒီလိုမလွှင့်ခဲ့ကြမှာသေခြာပါတယ်။
(၈၈၈၈)ကာလတွေတုံးကတော့ တနေ့ တနေ့  လူတွေစုမိ
ကြရင် ဒီနေ့  ဘီဘီစီကဘာတွေလွှင့်တယ်၊ဘယ်လိုတွေလွှင့်တယ်
လို့ ပြောနေကြရတဲ့ကာလမျိုး၊ခုထက်ထိ သတိရတဲ့ ကြုံတဲ့အခါတိုင်း
အဲဒီတုန်းက ဘီဘီစီ ကလေလို့ ပြောစမှတ်ပြုရလောက်အောင် ဦး
ဆောင်မှုပေးခဲ့တဲ့ ဦးအောင်မြင့်ထွန်းကလည်း တမလွန်ကိုရောက်
သွားပြီဆိုတော့မလွယ်။
ဒါပေမဲ့ အကယ်၍များ နအဖ ကသာ ပြည်တွင်းမှာ လွတ်
လပ်တဲ့ရေဒီယို လွှင့်ခွင့်တခုလောက်သာခွင့်ပြုလိုက်ရင် အာဏာရှင်စနစ်
အောက်ကလွတ်မြောက်အောင် စွမ်းဆောင်နိုင်မယ့်သူတွေ ပြည်တွင်းမှာ
ရှိဖို့ သေခြာသလောက်ရှိပါတယ်။
ဒါပေမဲ့ နအဖ ကလည်း ဘယ်ခွင့်ပြုရဲပါ့မလဲ၊အာဏာရှင်
မားကို့.စ် ကိုပြုတ်သွားစေတဲ့ ဖိလစ်ပိုင်ပြည်သူ့ တော်လှန်ရေးကြီး
အောင်မြင်အောင် ပြည်သူ့ တပ်မတော်သားတွေက ကူညီနိုင်အောင်
အသံလွှင့်ကြိုးပမ်းပေးနိုင်ခဲ့ကြတယ်မို့ လား။
ကွာခြားမှုတွေကတော့ မိုးနဲ့ မြေ၊ဆီနဲ့ ရေလိုပါဘဲ။
**နေမင်း**
(၁၀-၄-၂၀၁၀)
ပြီးခဲ့တဲ့ ဗုဒ္ဓဟူး ၇-၄-၂၀၁၀ နေ့ ညပိုင်း BBC က ထုတ်လွှင့်

No comments:
Post a Comment