ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, April 11, 2010

ထိုင်းနိုင်ငံအလယ်ပိုင်းရှိ ငါးဖမ်းလှေပေါ်မှရောင်းစားခံမြန်မာအလုပ်သမား၃ဦးလွတ်မြောက်လာ

>
**(ဧပြီ ၁၁။၂၀၁၀)**
ထိုင်းနိုင်ငံအလယ်ပိုင်း ခြုံဘူရီခရိုင် အချောင် လှေဆိပ်တွင် ရောင်းစားခံထားရာမှ မြန်မာအလုပ်သမားသုံးဦး
ထွက်ပြေးလွတ်မြောက်လာခဲ့သည်။
နည်းအမျိုးမျိုးဖြင့် ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသား
များအသင်:သို့ ဧပြီလ ၇ရက်နေ့ ကရောက်ရှိလာခဲ့သည်။
အသက်၃၀အရွယ် မွန်ပြည်နယ်ကျိုက်ထိုမြို့ အောင်ဆန်း၂ ရက်ကွက်မှ ကိုဇင်ကို မှာ ၉လခန့် ပင်လယ်ပြင်တွင်
အခမရပဲလုပ်ကိုင်ခဲ့ရသည်။မကွေးတိုင်းစကုမြို့ နယ်၊သဘောင်္ကျွန်း ရွာမှ အသက် ၂၇နှစ်အရွယ် ကိုဖြိုးနှင့်
ရန်ကုန်၊မရမ်းကုန်းမှ အသက် ၂၂နှစ်အရွယ် ကိုသန့် ဇင်တို့ မှာ ၂လခန့် လုပ်ကိုင်ခဲ့ရာမှထွက်ပြေးလွတ်မြောက်
လာခဲ့ခြင်းဖြစ်သည်။

ဦးဆောင်ထွက်ပြေးလာသူတစ်ဦးဖြစ်သော ကိုဖြိုးက“လူအချင်းချင်းကျွန်ပြုတယ်ဆိုတာ လက်တွေ့ ကျမှ ယုံ
ရပါတော့တယ်။မြန်မာနိုင်ငံသားအချင်းချင်းပါ၊ အဲဒီမှာ ကျနော်တို့ ကိုဝယ်ထားတဲ့လူတွေက မွန်လူမျိုး တွေပါ။
သူတို့ တွေက ထိုင်းငါးဖမ်းလှေတွေပေါ်မှာ လုပ်ခိုင်းပါတယ်၊ကျနော်တို့ လုပ်နိုင်နိုင်/မနိုင်နိုင်လုပ်ရပါတယ်၊ လကုန်လို့ လုပ်အားခထုတ်ရင် အဲဒီမွန်ပွဲစားတွေက ထိုင်းလုပ်ငန်းရှင်တွေဆီမှာ သွားပြီးငွေထုတ်ပါတယ်၊
လှိုင်းမူလို့ မလုပ်နိင်ဘူးဆိုလို့ မရဘူး။ ကျနော်လှိုင်းမူးလို့ ထိုင်နေတာ ကျနော့်ခေါင်းပေါ်မှာရေခဲခြင်း၃ခြင်း ကိုတင်ပြီး ရေလောင်းချပါတယ်၊ ကလန်ကဆန်လုပ်ရင် ပင်လယ်ထဲပစ်ချတော့တာပဲ” ဟုပြောသည်။
ကိုဖြိုးတို့ မိတ်ဆွေသုံးဦးစလုံး ပြီးခဲ့သည့် ၂၀၀၉ မေလ၊၁ ရက်နေ့ တွင်မြ၀တီ ၀ါးတောရပ်ကွက်၊မှ အသက် ၄၀ ၀န်းကျင်ဗမာလူမျိုး ကိုသန်းဝင်း တို့ အဖွဲ့ မှ ထိုင်းနိုင်ငံတွင်းသို့ တင်ပို့ ခဲ့သည်။
ဘန်ကောက်မြို့ ငါးသေတ္တာရုံတွင်အလုပ်ရမည်ဖြစ်ပြီး လူတစ်ဦးစီ ဘတ်၁၂၀၀၀ ပေးရမည်ဖြစ်ကြောင်းသဘော
တူတက်လာခဲ့ကြခြင်းဖြစ်သည်။
စုစုပေါင်းလမ်း၁၀ ရက်လျှောက်ပြီး ကား၁ရက်စီပြီးသောအခါ အချောင်လှေဆိပ်သို့ ရောက်ရှိခဲ့သည်။
အချောင်ပွဲစားများထံတွင် တစ်ယောက်ကို ၂၂၀၀၀နှင့် ၂၅၀၀၀ ဘန်နုန်းဖြင့် မွန်ပွဲစားများကိုရောင်းချခဲ့သည်။
ကိုဖြိုးတို့ လာသောအခါ လူပေါင်း ၂၈ ယောက်ဖြစ်ပြီး မိန်းကလေး ၅ယောက်ပါသည်။ မိန်းကလေး၅ယောက် ကိုမူ
မဟာချိုင်သို့ ပို့ ပေးခဲ့သည်။
မွန်ပြည်နယ်ကျိုက်ထိုမြို့ မှ ကိုဇင်ကို က “ကျနော် ၉လပြည့်လာပြီ၊မခံနိုင်တော့ဘူး၊ ခနလေးပဲအိပ်ရတယ်၊အချိန်
ပြည့် လုပ်နေရတယ်၊ ပင်ပန်းလည်းမနားရဘူး၊ဖျားလို့ လည်းမနားရဘူး၊ ကိုယ်ပင်ပန်းခံနေတာကိုမိဘတွေစားရ
တယ်ဆိုလည်းလုပ်ပျော်ပါသေးတယ်။ခုဟာက မွန်ပွဲစားတွေကိုအသက်နဲ့ ရင်းပြီးလုပ်ကျွေးနေရတယ်၊ ကျနော်
တို့ မှာလွတ်လပ်ခွင့်ဆိုတာမရှိဘူး၊ ဈေးဝယ်တော့လည်း သူတို့ စါရင်းမှတ်ထားတယ်၊ ကျသင့်တာကဘတ်၂၀၀
ဖိုးဆိုရင် သူတို့ ကဘတ်၃၀၀ လို့ ရေးထားတယ်၊ ကျနော်တို့ ဘယ်လောက်စါရင်းမှတ်ထားထား အမှားအမှန်လုံး
ဝပြန်ပြောလို့ မရဘူး၊ အဲဒီလိုမတရားလုပ်တာဗျာ” ဟုပြောသည်။
အဆိုပါအချောင်လှေဆိပ်တွင် နည်းအမျိုးမျိုးဖြင့် ရောင်းစားခံထားရသူပေါင်း ထောင်ပေါင်းများစွာရှိကြောင်း
ထွက်ပြေးလာသူများကပြောသည်။ နံနက်စောစော ၄နာရီတွင် လှေဆိပ်သို့ ဆင်းရပြီး၁၅ ရက်တစ်ကြိမ်လှေပြန်ဝင်ချိန်
်တွင် မွန်ပွဲစားများက ဆိုင်ကယ်ဘေးတွဲများဖြင်တင်ဆောင်ပြီး အခန်းကျဉ်းထဲတွင်
အပြင်သို့ ဆက်သွယ်ခွင့်မပြုပဲ လှောင်ပိတ်ထားသည်။ငွေကိုလုံးဝကိုင်ခွင့်မရှိသည့်အပြ င် လူသစ်များ ၆လ
မပြည့် မချင်း ဖုန်းဆက်ခွင့်မရှိပေ။
ရန်ကုန် မရမ်းကုန်မှ ကိုသန့် ဇင်က “တချို့ လှေတွေမှာ ကလေးတွေလည်းပါတယ်၊ ကလေးအတော်များများရှိ
ပါတယ်၊ ကျနော်တို့ တစ်ခုခုမလုပ်နိုင်လို့ ဖြစ်ဖြစ် တစ်ခုခုပြောနေလို့ ဖြစ်ဖြစ် အလုပ်နဲနဲ ရပ်နေရင်ပိုက်ဖါတဲ့ ချည်
လုးံအချွန်နဲ့ ပစ်ပေါက်ခံ၇တယ်။ထွက်ပြေးလို့ ပြန်ဖမ်းမိတဲ့လူဆိုရင် သေလုမျောပါး ၀ိုင်းရိုက်သတ်ကြတာ၊အချို့ 
လှေပေါ်ကခုန်ချရင် သေဖို့ က၈၀ ရာခိုင်နုန်းသေချာပြီးသား၊ဒါပေမယ့် သေချင်သေပစေ၊ဒီလှေပေါ်က ငရဲခန်း
ကလွတ်ရင်ကျွတ်ရင်ပြီးရောဆိုပြီး ခုန်ချတာတွေအများကြီးရှိပါတယ်” ဟုပြောသည်။
ထွက်ပြေးသူများနှင့် ရောင်းစားခံထားရပြီးနှစ်ပတ်လည်တိုင်အောင်လုပ်ပြီး၊ထိုင်းနိုင်ငံအတွင်းအခြားမြို့ များသို့
သွားလာရန်စီစဉ်ပြင်ဆင်ကြသူများအား မွန်ပွဲစားနှင့်ထိုင်းပုလိပ်တို့ ပေါင်းပြီးဖမ်းလေ့ရှိသည်။ ဖမ်းမိပါက မြန်မာအလုပ်သမားတစ်ဦးအား ဘတ်၃၀၀၀ ဖြင့် မွန်ပွဲစားကရွေးသည်။အချောင်လှေဆိပ်မှ ထိုင်းရဲများမှာ မွန်ပွဲစားများခိုင်းသလိုမြန်မာအလုပ်သမားများကိုဖမ်းဆီးလေ့ရှိသည်။
ထွက်ပြေးလွတ်မြောက်လာသူများအား တတ်နိုင်သရွေ့ ဝိုင်းဝန်းကူညီပေးထားသည့် ထိုင်းနိုင်ငံေ၇ာက်မြန်မာ
နိုင်ငံသားများအသင:်၏ နိုင်ငံခြားရေးဆက်ဆံရေးတာဝန်ခံ ဦးမျိုးနိုင်က “ ကျနော်တို့ ဒီလူကုန်က:ူမှုတိုက်ဖျက်
ရေးကိုလုပ်မယ်ဆိုပြီးပြင်ဆင်လာတာဆိုရင်၇လလောက်ရှိပါပြီ၊ကျနော်တို့ ပိုင်ပိုင်နိင်နိုင်မလုပ်နိုင်လို့ ရှိရင်
ကျနော်တို့ သည်ပင် ဘယ်နေ့ ဘယ်နေရာမှန်းမသိ အသတ်ခံ၇နိုင်ပါတယ်၊လူကုန်ကူးမှု တိုက်ဖျက် ရေး အဖွဲ့ တွေကိုယ်တိုင်ကအခက်အခဲတွေရှိနေတယ်နဲ့ တူပါတယ်၊ ဒီလူကုန်ကူးမှုက အာဏာပိုင်အချို့ တွေနဲ့ ပတ်သက်နေ
တယ်လို့ သိရတယ်၊ တိတိကျကျ ပြောဖို့ တော့ခက်ပါတယ်၊ ရောင်းစားခံနေ၇တဲ့ မြန်မာပြည်သားတွေကို ကယ်တင်နိုင်မယ့်
လူတွေ တစ်နေ့ တော့ပေါ်လာပါလိမ်မယ်လို့  ကျနော် ယုံကြည်ပါတယ်၊ ကျနော်တို့ အဖွဲ့ အနေနဲ့ လက်တွဲ ဆောင်ရွက်သွားပါမယ်” ဟုပြောသည်။
အဆိုပါ အချောင်လှေဆိပ်သို့  မြ၀တီ၊မဲဆောက်ဘက်မှ မြန်မာအလုပ်သမားများအများဆုံးရောင်းစားခံရလေ့ရှိ
ကြောင်း၊လုပ်အားခမရ၊အသက်အသေခံ၊ဘ၀အပျက်ခံပြီးမွန်ပွဲစားများနှင့်ထိုင်းလုပ်ငန်းရှင်များအားအလုပ်
အကျွေးပြုနေရသည့်မြန်မာအလုပ်သမားများထောင်ချီရှိကြောင်းထွက်ပြေးလာသူများကပြောသည်။ အချို့ မိန်းကလေးများကို မွန်ပိုက်ဆရာများက ၀ယ်ယူထားလိုက်ပြီး အပျော်မယားအဖြစ်အသုံးပြုသည်။ ၄င်းတို့ စိတ်ကျေနပ်သောအချိန်တွင် အခြား
သူများသို့ ထပ်ဆင့်ရောင်းချခြင်းပြုသည်။ အချို့ မိန်းကလေးများကိုမူ ဘုံမယားအဖြစ်ဝယ်ယူထားပြီး အလှည့်ကျ လိင်ဆက်ဆံကြခြင်းများအပြင် ရင်းနှီးသည့်မိတ်ဆွေများအားလည်း ဧည့်ဝတ်ပြုအိပ်စေကြောင်း ထွက်ပြေ:လာသူများက
ပြောပြသည်။

**ကိုကျော်သောင်း (ဘန်ကောက်) ***
(သင်္ကြန်အကြိုအထူးသတင်း)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)