တစ်နှစ်တာ ဟောစတမ်းနဲ့
ကျောချမ်းစရာလဲ ချမ်း
ဝမ်းသာစရာလဲ သာ
ယတြာချေစရာလဲ ချေ
တို့ရေမြေနဲ့ တို့ပြည်သား
စည်းဝါးကို ကိုက်လို့
တို့ထိုက်နဲ့ ဒို့ကံ၊ တို့နိုင်ငံမှာ
သင်္ကြန်ပွဲဆင်နွှဲချိန် ရောက်ပြန်ပြီလေ….။
**မကောင်းမှုတွေ ဆေးကြောဖို့
တောရစခန်းမှာ
မောသမျှ အပန်းဖြေ
သင်္ကြန်ရေလောင်းရင်း တရားရှု
စားမှုသောက်မှုတွေ ခဏမေ့
ဒါ- မြန်မာ့ဓလေ့ ပါပဲကွယ်….။
**အတာအိုးမှာ
သပြေပန်း၊ နေဇာပန်း
ပန်းမျိုးစုံထိုးပြီး သင်္ကြန်ကြို
ကုက္ကိုပင်တွေကလဲ ပွင့်
ရှင်ကျင့်ဝတ်နဲ့ ကိုရင်ဝတ်
ဒုလ္လဘ ၀တ်ဖို့ ရဟန်းခံ
နှဲသံ ဗုံသံတွေလဲ တညံညံနဲ့
သင်္ကြန်တော် သဘင်ပွဲမှာ
ကုသိုလ်ရေး ခဲကြတယ်….။
**စတုဒိသာ အလှူပေး
မုန့်လုံးရေပေါ် ကျွေး
ကျေးလက်က မြို့ပြတိုင်
တို့ဘ၀က မြိုင်ပါသဓလေ့….။
သင်္ကြန်နဲ့ သင်္ကြန်ပိုး
ရိုးတိုးရွတ ပိုးကလေးနဲ့က
လောင်းကြပက်ကြ သင်္ကြန်ရေ
မာပါစေ၊ သာပါစေ။
ဘိုးဘွားတွေမှာလဲ တပြုံးပြုံး
ခေါင်းလျှော် ရေချိုးပေး
သနပ်ခါး အမွှေးသားနဲ့
ဆေးဝါးလဲ တိုက်ကျွေး
သာဓု… သာဓု… နှုတ်ချိုအေး။
နှစ်ဆန်းတစ်ရက်ကျ ဇီဝိတဒါန
နွားကဘေးမဲ့၊ ကျွဲကဘေးမဲ့
ငါးလွှတ်ပွဲလဲ ပါသေးရဲ့။
ကိုရွှေမြန်မာတို့ရဲ့ ဓလေ့ထုံးစံ
ကိုယ့်သင်္ကြန်နဲ့ ကိုယ့်နိုင်ငံ
ပြိုင်စံဖွယ် ရှိနိုင်ဘူး
မြန်မာ့နှစ်သစ်ကူးတည့်လေ…။ ။
*** တင်မိုး ***
(၁၃- ဧပြီ၊ ၁၉၉၉- အင်္ဂါနေ့ နံနက်ခင်း)
**မန္တလေး သင်္ကြန်စာ
တစ်နှစ်တာ ဟောစတမ်းနဲ့
ကျောချမ်းစရာလဲ ချမ်း
ဝမ်းသာစရာလဲ သာ
ယတြာချေစရာလဲ ချေ
တို့ရေမြေနဲ့ တို့ပြည်သား
စည်းဝါးကို ကိုက်လို့
တို့ထိုက်နဲ့ ဒို့ကံ၊ တို့နိုင်ငံမှာ
သင်္ကြန်ပွဲဆင်နွှဲချိန် ရောက်ပြန်ပြီလေ….။
**မကောင်းမှုတွေ ဆေးကြောဖို့
တောရစခန်းမှာ
မောသမျှ အပန်းဖြေ
သင်္ကြန်ရေလောင်းရင်း တရားရှု
စားမှုသောက်မှုတွေ ခဏမေ့
ဒါ- မြန်မာ့ဓလေ့ ပါပဲကွယ်….။
**အတာအိုးမှာ
သပြေပန်း၊ နေဇာပန်း
ပန်းမျိုးစုံထိုးပြီး သင်္ကြန်ကြို
ကုက္ကိုပင်တွေကလဲ ပွင့်
ရှင်ကျင့်ဝတ်နဲ့ ကိုရင်ဝတ်
ဒုလ္လဘ ၀တ်ဖို့ ရဟန်းခံ
နှဲသံ ဗုံသံတွေလဲ တညံညံနဲ့
သင်္ကြန်တော် သဘင်ပွဲမှာ
ကုသိုလ်ရေး ခဲကြတယ်….။
**စတုဒိသာ အလှူပေး
မုန့်လုံးရေပေါ် ကျွေး
ကျေးလက်က မြို့ပြတိုင်
တို့ဘ၀က မြိုင်ပါသဓလေ့….။
သင်္ကြန်နဲ့ သင်္ကြန်ပိုး
ရိုးတိုးရွတ ပိုးကလေးနဲ့က
လောင်းကြပက်ကြ သင်္ကြန်ရေ
မာပါစေ၊ သာပါစေ။
ဘိုးဘွားတွေမှာလဲ တပြုံးပြုံး
ခေါင်းလျှော် ရေချိုးပေး
သနပ်ခါး အမွှေးသားနဲ့
ဆေးဝါးလဲ တိုက်ကျွေး
သာဓု… သာဓု… နှုတ်ချိုအေး။
နှစ်ဆန်းတစ်ရက်ကျ ဇီဝိတဒါန
နွားကဘေးမဲ့၊ ကျွဲကဘေးမဲ့
ငါးလွှတ်ပွဲလဲ ပါသေးရဲ့။
ကိုရွှေမြန်မာတို့ရဲ့ ဓလေ့ထုံးစံ
ကိုယ့်သင်္ကြန်နဲ့ ကိုယ့်နိုင်ငံ
ပြိုင်စံဖွယ် ရှိနိုင်ဘူး
မြန်မာ့နှစ်သစ်ကူးတည့်လေ…။ ။
*** တင်မိုး ***
(၁၃- ဧပြီ၊ ၁၉၉၉- အင်္ဂါနေ့ နံနက်ခင်း)


No comments:
Post a Comment