အသက် ၈၀-အရွယ်ရှိ အဘိုးဖြစ်သူက နေ့စဉ်နံနက် စောစောလမ်းထလျှောက်နေခြင်းနှင့် ပတ်သက်၍ အသက် ရှစ်နှစ်အရွယ် မြေးဖြစ်သူက ဖခင်ဖြစ်သူအား အောက်ပါအတိုင်း မေးမြန်းလေသည်။
မြေး။ ။ ဒယ်ဒီ… အဘိုးက မနက်တိုင်း စောစောထပြီး လမ်းလျှောက်နေတာ ဘာဖြစ်လို့လဲ။
ဖခင်။ ။ ကျန်းမာရေးကောင်းအောင်လို့ပေါ့ကွာ…။
မြေး။ ။ လမ်းလျှောက်ရင် ကျန်းမာရေးကောင်းတာလား…။

ဖခင်။ ။ ကောင်းတာပေါ့….။
မြေး။ ။ ကျန်းမာရေးကောင်းတော့ ဘာဖြစ်လဲ ဒယ်ဒီ…။
ဖခင်။ ။ ရောဂါတွေ မဖြစ်ဘူးပေါ့ကွာ…။
မြေး။ ။ ရောဂါတွေမဖြစ်တော့ ဘာကောင်းလဲ ဒယ်ဒီ…။
ဖခင်။ ။ အသက်ရှည်တာပေါ့ကွာ…။
မြေး။ ။ ဘယ်လောက်အထိ အသက်ရှည်လဲဟင် ဒယ်ဒီ….။
ဖခင်။ ။ ဘိုးဘိုးအသက် ၁၀၀-ကျော်အထိ ရှည်နိုင်တာပေါ့သားရဲ့…။
မြေး။ ။ ဒါဆို….. သိပ်မကောင်းဘူးနော် ဒယ်ဒီ….။
ဖခင်။ ။ ဘာဖြစ်လို့လဲ သားရဲ့….။
မြေး။ ။ ဘိုးဘိုးရဲ့ အမွေတွေရဖို့ အကြာကြီးစောင့်ရတော့မှာပေါ့….။
ဖခင်။ ။ “ဟေ…”
မှတ်ချက်။ ။ ဘ၀အမောပြေ စာမျက်နှာမှ ကူးယူဖော်ပြသည်။
*** (ဘ၀အမောပြေ စာမျက်နှာ) ***

No comments:
Post a Comment