အမေရိကန် စစ်သားတစ်ယောက်က အမောတကော ထွက်ပြေးလာရင်း သီလရှင်တစ်ပါးကို တွေ့တယ်လေ။ `ကျေးဇူးပြုပြီးတော့ ဆရာလေးရဲ့ စကပ်အောက်ထဲကို ကျနော်ဝင်ပုန်းပါရစေ´
ပြောပြောဆိုဆိုနဲ့ စကပ်ထဲကို စစ်သားလေးက ၀င်ပုန်းတယ်လေ။ သူ့နောက်ကို လိုက်လာကြတဲ့ အခြားစစ် သား တွေကျော်ဖြတ်သွားမှ စကပ်အောက်က ပြန်ထွက်လာတယ်။

`ကျေးဇူးကြီးလှပါတယ် ဆရာလေးရယ်၊ ကျနော် အီရတ်စစ်ထဲကို မလိုက်ချင်လို့ အခုလို ပုန်းရတာပါ´လို့ သူကပြောတယ်။ ပြီးတော့လည်း သူ့ပုံစံက အားတောင့်အားနာနဲ့ပဲ….
`စိတ်တော့ မရှိနဲ့နော်၊ ဆရာလေးရဲ့ ခြေသလုံးတွေက အကြီးကြီးတွေနော်၊ ခြေသလုံးမွှေးတွေကလည်း အများကြီးပဲ´လို့ ဆက်ပြောတယ်။ ဒီအခါမှာ သီလရှင်က အခုလို ပြန်ပြောတယ်လေ။
`အေး…. အပေါ်ကို မော့်မကြည့်တာ တော်သေးတာပေါ့။ ကျုပ်လဲ အီရတ်မသွားချင်ဘူးလေ´
မှတ်ချက်။ ။ ၂၀၁၀-ခုနှစ် ဖေဖော်ဝါရီလထုတ် ရန်ကုန်ုတိုင်း(မ်)မှ….။
**(ဟာဒယနှလုံး- တခဏပြုံး)**

No comments:
Post a Comment