ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, April 8, 2010

ခိုလှုံရာမဲ့ ကလေးများ အစီရင်ခံစာထုတ်ဝေ

> (ဧပြီလ ၇-ရက် ၂၀၁၀)

ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက် များကလပ်တွင် ဖရီးဘားမားရိမ်းဂျားအဖွဲ့ က ခိုလှုံရာမဲ့ကလေးများ အစီရင်ခံစားကို ယနေ့ထုတ်ဝေလိုက်သည်။ နိုင်ငံတကာ ဆောင်ရွက်ရေးဆိုင်ရာ အဖွဲ့အစည်းများ က အခက်အခဲ ကြုံတွေ့နေရသော မြန်မာ ကလေးငယ်များအား စောင့်ကြည့်လေ့ လာ မေးမြန်းချက်များကို Free Burma Ranger အဖွဲ့  ကစာမျက်နှာ၁၀၇ မျက်နှာပါအစီရင်ခံစာနှင့်အတူ ဓါတ်ပုံများ ဗွီဒီယိုရိုက်ကွက်များကို စီဒီခွေများ နှင့် ပူးတွဲထုတ်ဝေဖြန့် ချိခြင်းဖြစ်သည်။ အဆိုပါအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုမန်းကီးက “အစိုးရက သတ်မှတ်ထားတဲ့ အနက်ရောင်၊ အနီရောင်နယ်မြေတွေမှာ ကျနော်တို့  သွားလာလှုပ်ရှားကြပါတယ်။ စစ်ပွဲမှာဒဏ်ရာရတဲ့ လူတွေကို ကျနော်တို့ ဆေးဝါးကုသပေးတယ်။

စားစရာတွေ၊ ၀တ်စရာတွေ ပေးကမ်းပါတယ်၊ ပြီးတော့ အသိပညာတွေ အတတ်ပညာတွေကိုလည်းသင်ကြားပြသပေးပါတယ်၊ ကျနော်တို့ ရဲ့ ကူညီယိုင်းပင်းမှုကြောင့် ကျနော်တို့ ကို ဒေသခံတွေက သားသမီးတွေလို ကာကွယ်စောင့်ရှောက်ပေးပါတယ်၊ အကူအညီတွေအပြန်အလှန်ရရှိပါတယ်”ဟုပြောသည်။ အစီရင်ခံစာတွင် ပထမဦးဆုံးဖေါ်ပြထားသည်မှာ ပြည်တွင်ဒေသမှဖိအားအမျိုးမျိုးကြောင့် မိခင်နယ်မြေဒေသကို ကိုစွန့် ခွာပြီးထွက်ပြေးလာရသော ကလေးများ၏ခံစားချက်များနှင့်အတွေ့အကြုံများကို ဖေါ်ပြထားသည်။ နအဖစစ်သားမျာက သူတို့ ၏အုပ်ချုပ်သောဒေသတွင်းနှင့် အပစ်ခတ်ရပ်စဲရေဒေသများတွင်၎င်း၊ပုန်းကွယ်နေရ သည့်ဒေသများတွင်၎င်း ကလေးများအပေါ်ဖိနှိပ်မှုများကို အဓိကဖေါ်ပြထားသည်။ အစီအရင်ခံစာတွင် ကလေးသူငယ်များ ကိုယ်တိုင်မြင်တွေ့ ခဲ့ရသော တ၇ားမျှတမှုမရှိသည့်သတ်ဖြတ်မှုများ ဖိနှိပ်ညှင်းပန်းမှုများ၊ ဖမ်းဆီးထောင်သွင်း အကျဉ်းချမှုများ၊ မုဒိမ်းကျင့်ခြင်းများ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ အဓ္ဓမလုပ်အားပေးစေခိုင်းမှုများ၊ ပေါ်တာဆွဲမှုများ၊ ကလေးစစ်သားအဖြစ် အတင်းအကျပ် စေခိုင်းမှုများ၊အခြေခံ လူ့အခွင့်အရေးများအပေါ် ချိုးဖေါက်ခံရမှုများ၊ ဆင်းရဲမွဲတေမှုကြောင့် ရောင်းစားခံရမှုများ၊ ကျောင်းနေခွင့်မရခြင်းများ၊ ကျမ္မာရေးစောင့်ရှောက်မှု မရရှိခြင်းများပါဝင်သည်။ ပြည်တွင်းမှ အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးလာရသည့် ကလေးများသည် လုံခြုံမှုမရှိခြင်း၊အကူအညီများ ကင်းမဲ့ခြင်း စသည်တို့ ကြုံတွေ့ နေရကြောင်း အစီရင်ခံစာတွင် ရေးသားထာသည်။ ကိုမန်းကီးက ဆက်လက်ပြောပြရာတွင် “ကျနော်တို့ က ပြည်သူတွေနဲ့ အတူရှိပါတယ်၊ပြည်သူတွေနဲ့ အတူ အသက်လုပြီးထွက်ပြေးရပါတယ်။ ကျနော်တို့ အချိန်မရွေးအသတ်ခံရနိုင်ပါတယ်၊ ဒါပေမယ့် ကျနော်တို့  စွန့် စားပြီး လုပ်နေကြတာဖြစ်ပါတယ်၊ ကျနော်တို့ ဒီလိုလုပ်နေတဲ့အတွက် မသေသင့်တဲ့လူတွေမသေတော့ဘူး၊ ဘာမှမသိတဲ့အနေအထားကနေ ကျနော်တို့ ပြောပြတဲ့အတွက် သိလာတတ်လာတွေရှိပါတယ်၊ အင်္ဂလိပ် မစ်ရှင်တစ်ဦးရဲ့  ကောင်းမှုပေါ့လေ”ဟုပြောသည်။ ဤအဖွဲ့ ကို နအဖအစိုးရက နယ်စပ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့  များအား အကြီးအကျယ်ထိုးစစ်ဆင်နွဲစဉ် ၁၉၉၇ ခုနှစ်က လူထုလိုအပ်ချက်အရ ပေါ်ပေါက်လာရခြင်းဖြစ်ဟုဆိုသည်။ Free Burma Ranger အဖွဲ့နာမည်ဖြင့်မြန်မာနယ်စပ်ဒေသတိုင်းတွင်အဖွဲ့  ပေါင်းတစ်ရာကျော်ကွန်ယက်ဖြန့်  ကျက်လှုပ်ရှားလျှက်ရှိကြောင်းပြောပြသည်။အချိန်ပြည့်တာဝန်ထမ်းဆောင်နေသောအဖွဲ့ မှာ ၅၂ ဖွဲ့  ရှိသည်။ရှမ်း၊ကရင်၊ရခိုင်၊လာဟူ၊ပအို့ဝ်၊ချင်း၊ကချင်အပါအ၀င်လူမျိုးစုပေါင်း၁၀ခုနှင့်ဖွဲ့ စည်ထားကြောင်း Free Burma Ranger အဖွဲ့ ခေါင်းဆောင်Steve Gumaer ကပြောဆိုသွားသည်။ ထိုသို့  အချက်အလက်အတိအကျ ခိုင်ခိုင်မာမာရရှိရေးအတွက် အချိန်အတန်ကြာအောင်စွန့် စားလုပ်ဆောင်ခဲ့ရပြီး မှ ယခုကဲ့ သို့ ထုတ်ဖေါ်ပြရခြင်းဖြစ်ကြောင်း ပြောခွင့်ရ အမျိုးသမီး Amanda Carroll ကလည်းရှင်းလင်းပြောဆိုသွားသည်။ ဤအစီရင်ခံစာထုတ်ဝေသည့်သတင်းစာရှင်းလင်းပွဲသို့  ဘန်ကောက်အခြေစိုက် မြန်မာသတင်းဌာနအချို့ နှင့် နိုင်ငံတကာသတင်းဌာနတို့  ကသတင်းထောက်များ၊လေ့လာသူများတက်ရောက်ခဲ့ကြသည်။

သတင်း- ကိုကျော်သောင်း (ဘန်ကောက်)

(ဧပြီလ ၇-ရက် ၂၀၁၀)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)