အိန္ဒိယနိုင်ငံ အန်ဒရာပရာဒေ့ရှ်ပြည်နယ်မှ အသက်ရှစ်နှစ်အရွယ်သမီးငယ် လက်ခ်ျမီးသည် မွေးရာပါ မျက်မမြင် ကလေးငယ်တစ်ဦးဖြစ်သည်။ လက်ခ်ျမီးသည် အသက်လေးနှစ်အရွယ်မှ စတင်ကာ စစ်တုရင်ကစားနည်းကို ကျွမ်းကျင်စွာ ကစားနိုင်သူတစ်ဦး ဖြစ်လာခဲ့သည်။ ၂၀၀၂-ခုနှစ် နှင့် ၂၀၀၅-ခုနှစ်တို့တွင် ပြည်နယ်အလိုက် စစ်တုရင်ချန်ပီယံဖြစ်ခဲ့ပြီး ပြိုင်ဘက်များကို အချိန်တိုအတွင်း ယှဉ်ပြိုင် အနိုင်ယူခဲ့သူတစ်ဦးဖြစ်သည်။ စစ်တုရင် ကစားရာတွင် ပြိုင်ဘက်ကို အာရုံထဲ ရောက်ရှိအောင် ခံစားကာ ယှဉ်ပြိုင်သူဖြစ်သည်။ စစ်တုရင် ယှဉ်ပြိုင်ရာတွင် ပြိုင်ဘက်အပေါ် အမြန်ဆုံးပွဲသိမ်းနိုင်ခဲ့သူလည်းဖြစ်သည်။ စစ်တုရင်ကျွမ်းကျင်သူဖြစ်ပြီး ယှဉ်ပြိုင်သူများကိုလည်း အမြဲတမ်း အနိုင်ရကြောင်း သိရသည်။ စစ်တုရင်ကစားရာတွင် စိတ်ပိုင်းဆိုင်ရာ အာရုံဖြင့် ခံစားမှုကို အလေး ထား၍ ကစားကွက်များအပေါ် အာရုံပြုကာ ယှဉ်ပြိုင်လေ့ရှိပြီး ကမ္ဘာ့ အသက်အငယ်ဆုံး မျက်မမြင် စစ်တုရင် ကစားသမားဖြစ်သည်။ (အင်တာနက်)
*** အိန္ဒိယသင်္ဘောနှစ်စင်း ပင်လယ်ဓားပြများ ပြန်လွှတ်ပေး ***
(မိုဂါဒစ်ရှူး၊ ဧပြီလ ၆-ရက်)
သင်္ဘောသား ၂၆-ဦးနှင့်အတူ အပိုင်စီးခံရသည့် အိန္ဒိယသင်္ဘောရှစ်စင်းမှ နှစ်စင်းကို ဆိုမာလီပင်လယ်ဓားပြများက မကြာမီတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သင်္ဘောပို့ဆောင်ရေးဌာနက ဧပြီလ ၄-ရက်နေ့၌ ပြောကြားသည်။ သင်္ဘောသား ၁၅-ဦးနှင့်အတူ သင်္ဘောတစ်စင်းကို ပင်လယ်ဓားပြများက ဧပြီလ ၃-ရက်နေ့က လွှတ်ပေးခဲ့ပြီး သင်္ဘောသား ၁၁-ဦးနှင့်အတူ အခြားသင်္ဘောတစ်စင်းကို ဧပြီလ ၄-ရက်နေ့ နံနက်စောစောပိုင်းက လွှတ်ပေးလိုက်သည်။ (အင်တနာက်)
*** ဆီးရီးယား၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုန်စည်ပြပွဲကျင်းပ ***
(ဒမတ်စကတ်၊ ဧပြီလ ၆-ရက်)
တရုတ်နှင့် ဆီးရီးယားနှစ်နိုင်ငံ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကို နှစ်နိုင်ငံ သဘောတူညီမှုအရ ဧပြီလ ၅-ရက်နေ့၌ သဘောတူညီချက် စာချုပ်ချုပ်ဆိုကြောင်း ဆီးရီးယားနိုင်ငံ စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီးဌာန ၀န်ကြီးက ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။ (ဆင်ဟွာ)
*** ရုရှားအာကာသယာဉ် နိုင်ငံတကာအာကာသစခန်းနှင့် ချိတ်ဆက် ***
(မော်စကို၊ ဧပြီလ ၆-ရက်)
အာကာသယာဉ်မှူး သုံးဦးပါလာသည့် ရုရှားအာကာသယာဉ်သည် နိုင်ငံတကာအာကာသစခန်း (အိုင်အက်စ်အက်စ်)နှင့် ဧပြီလ ၄-ရက်နေ့ နံနက်ပိုင်း၌ ချိတ်ဆက်မိကြောင်း မော်စကိုမြို့ပြင်ရှိ ထိန်းချုပ်ရေးဌာနက ပြောကြားသည်။ (၂၃)ကြိမ်မြောက် အိုင်အက်စ်အက်စ်မစ်ရှင်တွင် ရုရှားအာကာသယာဉ်မှူး အလက်ဇန္ဒားစကိုင်ဗော့ဆော့နှင့် မစ်ခေးကော်နီယန်ကို၊ အမေရိကန်အမျိုးသမီး အာကာသယာဉ်မှူး ထရေစီကော့ဝဲဒိုင်ဆင်တို့ သုံးဦးပါလာကြပြီး အိုင်အက်စ်အက်စ်၌ ၁၆၇ ရက်ကြာ နေထိုင်ကြမည်ဖြစ်သည်။ (ဆင်ဟွာ)
*** ဂျာမနီကုန်တင်သင်္ဘော အပိုင်စီးမှုမှ လွတ်မြောက် ***
ဆိုမာလီ ကမ်းလွန်ပင်လယ်ပြင်တွင် ဂျာမနီကုန်တင်သင်္ဘောတစ်စင်းကို ဆိုမာလီဓားပြများက ဧပြီလ ၆-ရက်နေ့၌ အပိုင်းစီးရန်ကြိုးစားရာ ဒတ်ခ်ျရေတပ်သင်္ဘော ရောက်ရှိလာပြီး တိုက်ခိုက်မှုကြောင့် ဂျာမနီကုန်တင်သင်္ဘောသည် ဓားပြများရန်မှ လွတ်မြောက်လာခဲ့ကြောင်း ဒတ်ခ်ျရေတပ် အရာရှိများက ပြောကြားသည်။
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** မျက်မမြင် စစ်တုရင်ကစားသမား သမီးငယ် ***

No comments:
Post a Comment