စာလာဖတ်ကြတဲ့မိတ်ဆွေတွေကိုလည်း အားနာပါတယ်။ စာရေးဖို့ တိုက်တွန်းအားပေးကြတာကိုလည်း ၀မ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ ညီအကို၊ မောင်နှမတွေအားလုံးကို မောင်ပါလကြားခဲ့ဖူးတဲ့ ပုံပြင်လေးတပုဒ်နဲ့ပဲ တောင်းပန်ပါရစေတော့…………။
တခါတုန်းက ရွာတရွာမှာ ဆင်းရဲသားလင်မယားနှစ်ယောက် နေထိုင်ကြသတဲ့။ သူတို့နှစ်ယောက်ဟာ ဆင်းရဲလွန်းလို့ အိမ်ပိုင်ယာပိုင်နဲ့မနေနိုင်ြ ကဘဲ မိန်းမဖြစ်သူရဲ့မိဘတွေအိမ်မှာပဲ ကပ်နေကြရတယ်။ ယောက္ခမအိမ်မှာကလည်း ကလေးဘုစုခရုတွေနဲ့၊ အဖိုးကြီး အဖွားကြီးပဲရှိတာဆိုတော့ သားမက်တယောက်တည်းက တအိမ်လုံးစားဖို့ ရှာနေရတာပေါ့။
ယောက္ခမကလည်း သားမက်ကို အလိမ္မာလေးနဲ့ မြှောက်ပြီးခိုင်းလေ့ရှိတယ်။ သားမက်လုပ်စာ စားနေရတာကိုး။ သားမက်ကလည်း သူ့ကိုမြှောက်ခိုင်းမှန်းသိေ ပမယ့် သူများအိမ်မှာကပ်နေရတာဆိုတော့ ရေလိုက်ငါးလိုက်နေရတာပေါ့။
အဲလိုနေလာကြရင်းနဲ့တနေ့တော့ သားမက်ဖြစ်သူက တောထဲသွား၊ ထင်းခွေပြီးပြန်လာ။ အိမ်ရောက်တော့ ယောက္ခမက “ငါ့သားရယ်…. မင်းထမ်းလာတဲ့ထင်းစည်းက ကြီးလိုက်တာ။ ထင်းချောင်းတွေကလည်း ကောင်းမှကောင်း။ မင်းလည်း ပင်ပန်းလှပါပြီ။ မင်းကိုရတဲ့ ငါ့သမီးလည်း ကံကောင်းတာပါပဲ” လို့ မြှောက်ပြောလေး ပြောလိုက်တယ်။
သားမက်လည်း အိမ်ပေါ်တက်၊ ရေတခွက်အရင်သောက်ပြီးတော့
“ဟုတ်လားအမေရေ……. ခုကျနော်ထမ်းလာတဲ့ထင်းစည်းက အဖျားလေးတွေ ချိုင်လာရုံပဲရှိသေးတာ။ တောထဲမှာ အရင်းပိုင်းကြီးတခုလုံး ရှိသေးတယ်။ နောက်နေ့မှ အဲဒီအရင်းပိုင်းကြီး ထမ်းလာခဲ့မယ်” လို့ ယောက္ခမကို ပြန်ပြောလိုက်သတဲ့။
အားပေးကြတဲ့ မိတ်ဆွေများခင်ဗျား…………
မောင်ပါလမှာလည်း ထမ်းဖို့အရင်းပိုင်းကြီးတခုလုံး တောထဲမှာရှိနေပါသေးတယ်ခင်ဗျား…… ..။
(စာလာဖတ်ကြသူများအား အစဉ်ကျေးဇူးတင်လေးစားလျက်)
*** မောင်ပါလ**
--
www.lwannaing.blogspot.com ဒါကတော့ဆိုက်ထည်းဝင်လို့မရရင်ကျော်ခွပီးကြည့်ဖို့http://www.proxy-anonymizer.info/
မောင်ပါလလည်း စာမရေးဖြစ်တာတော်တော်ကြာပြီ။ သူငယ်ချင်း၊ ညီအကိုတွေကလည်း ရေးဖို့တိုက်တွန်းနေကြတယ်။ ပို့စ်အသစ်ဖတ်ချင်ပါတယ်ဆိုတဲ့ မေးလ်တချို့လည်း ရောက်လာပါတယ်။ ကိုယ်ရေးကိုယ်တာကိစ္စတွေများနေတော့ စာရေးဖို့အချိန်မရဘူးဖြစ်နေတယ်။ ဟိုက ဒီက သတင်းလေး၊ ဆောင်းပါလေးယူတင်လိုက်၊ မေးလ်ကရတာလေးတွေတင်လိုက်နဲ့ပဲ ဘလော့ခ်ကို အသက်ဆက်နေရတယ်။
စာလာဖတ်ကြတဲ့မိတ်ဆွေတွေကိုလည်း အားနာပါတယ်။ စာရေးဖို့ တိုက်တွန်းအားပေးကြတာကိုလည်း ၀မ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ ညီအကို၊ မောင်နှမတွေအားလုံးကို မောင်ပါလကြားခဲ့ဖူးတဲ့ ပုံပြင်လေးတပုဒ်နဲ့ပဲ တောင်းပန်ပါရစေတော့…………။
တခါတုန်းက ရွာတရွာမှာ ဆင်းရဲသားလင်မယားနှစ်ယောက် နေထိုင်ကြသတဲ့။ သူတို့နှစ်ယောက်ဟာ ဆင်းရဲလွန်းလို့ အိမ်ပိုင်ယာပိုင်နဲ့မနေနိုင်ြ ကဘဲ မိန်းမဖြစ်သူရဲ့မိဘတွေအိမ်မှာပဲ ကပ်နေကြရတယ်။ ယောက္ခမအိမ်မှာကလည်း ကလေးဘုစုခရုတွေနဲ့၊ အဖိုးကြီး အဖွားကြီးပဲရှိတာဆိုတော့ သားမက်တယောက်တည်းက တအိမ်လုံးစားဖို့ ရှာနေရတာပေါ့။
ယောက္ခမကလည်း သားမက်ကို အလိမ္မာလေးနဲ့ မြှောက်ပြီးခိုင်းလေ့ရှိတယ်။ သားမက်လုပ်စာ စားနေရတာကိုး။ သားမက်ကလည်း သူ့ကိုမြှောက်ခိုင်းမှန်းသိေ ပမယ့် သူများအိမ်မှာကပ်နေရတာဆိုတော့ ရေလိုက်ငါးလိုက်နေရတာပေါ့။
အဲလိုနေလာကြရင်းနဲ့တနေ့တော့ သားမက်ဖြစ်သူက တောထဲသွား၊ ထင်းခွေပြီးပြန်လာ။ အိမ်ရောက်တော့ ယောက္ခမက “ငါ့သားရယ်…. မင်းထမ်းလာတဲ့ထင်းစည်းက ကြီးလိုက်တာ။ ထင်းချောင်းတွေကလည်း ကောင်းမှကောင်း။ မင်းလည်း ပင်ပန်းလှပါပြီ။ မင်းကိုရတဲ့ ငါ့သမီးလည်း ကံကောင်းတာပါပဲ” လို့ မြှောက်ပြောလေး ပြောလိုက်တယ်။
သားမက်လည်း အိမ်ပေါ်တက်၊ ရေတခွက်အရင်သောက်ပြီးတော့
“ဟုတ်လားအမေရေ……. ခုကျနော်ထမ်းလာတဲ့ထင်းစည်းက အဖျားလေးတွေ ချိုင်လာရုံပဲရှိသေးတာ။ တောထဲမှာ အရင်းပိုင်းကြီးတခုလုံး ရှိသေးတယ်။ နောက်နေ့မှ အဲဒီအရင်းပိုင်းကြီး ထမ်းလာခဲ့မယ်” လို့ ယောက္ခမကို ပြန်ပြောလိုက်သတဲ့။
အားပေးကြတဲ့ မိတ်ဆွေများခင်ဗျား…………
မောင်ပါလမှာလည်း ထမ်းဖို့အရင်းပိုင်းကြီးတခုလုံး တောထဲမှာရှိနေပါသေးတယ်ခင်ဗျား…… ..။
(စာလာဖတ်ကြသူများအား အစဉ်ကျေးဇူးတင်လေးစားလျက်)
*** မောင်ပါလ**
--
www.lwannaing.blogspot.com ဒါကတော့ဆိုက်ထည်းဝင်လို့မရရင်ကျော်ခွပီးကြည့်ဖို့http://www.proxy-anonymizer.info/
No comments:
Post a Comment