ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, April 20, 2010

ဧပြီလအတွင်း နိုင်ငံတကာထူးခြားသတင်းများ…

> *** အဆိပ်ဖြစ်စေသည့် ပစ္စည်းများ တင်ဆောင်လာသော သင်္ဘော နိုင်ဂျီးရီးယားလုံခြုံရေးတပ်ဖွဲ့ ဖမ်းဆီး ***
(လာဂို့စ်၊ ဧပြီလ ၁၈-ရက်)
အဆိပ်အတောက်ဖြစ်စေသည့် စွန့်ပစ်ပစ္စည်းများ တင်ဆောင်လာသည်ဟု ယူဆရသော နိုင်ငံခြားသင်္ဘော တစ်စင်းကို နိုင်ငံခြားသင်္ဘော တစ်စင်းကို နိုင်ဂျီးရီးယား လုံခြုံရေးတပ်ဖွဲ့က နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့ တင်ကန်ဆိပ်ကမ်း၌ ဖမ်းဆီးထားကြောင်း တာဝန်ရှိသူများက သောကြာနေ့တွင် ပြောကြားသည်။
စွန့်ပစ်ပစ္စည်းများနှင့် အဆိပ်ဖြစ်စေသောပစ္စည်းများ တင်ဆောင်ထားသည့် သင်္ဘောတစ်စင်း နိုင်ဂျီးရီးယားသို့ ဦးတည်ခုတ်မောင်းနေကြောင်း နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တစ်ဖွဲ့၏ သတိပေးချက်ကို လက်ခံရရှိခဲ့ကြောင်း သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ထိပ်တန်းအရာရှိ အန်ဂျီဘီနီကိုက ပြောကြားသည်။ ရေတပ်နှင့် ဆိပ်ကမ်းအပါအ၀င် သက်ဆိုင်သော လုံခြုံရေးအဖွဲ့အစည်းများအားလုံးကို တပ်လှန့်ထားခဲ့ကြောင်း ဘီနီကိုက ပြောကြားသည်။ နိုင်ဂျီးရီးယား ဆိပ်ကမ်းအာဏာပိုင်တို့၏ အဆိုအရ ဖမ်းဆီးထားသော မားစ် နက်ရှ်ဗီး ဟန်းဘတ်အမည်ရှိ သင်္ဘောသည် လာဂို့စ်မြို့ တင်ကန်ဆိပ်ကမ်းသို့ ကြာသပတေးနေ့က ဆိုက်ကပ်ခဲ့ခြင်းဖြစ်သည်။ (ရိုက်တာ)

*** တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်ခြင်းမရှိကြောင်း မြောက်ကိုရီးယားငြင်းဆို ***
(ပြုံယမ်၊ ဧပြီလ ၁၈-ရက်)
လွန်ခဲ့သည့်လအတွင်းက နှစ်နိုင်ငံ အငြင်းပွားရေပြင်ပိုက်နက်အနီးတွင် တောင်ကိုရီးယား စစ်သင်္ဘောတစ်စင်း နစ်မြုပ်သွားသည့်ဖြစ်ရပ်၌ ၄င်းတို့ပါဝင်ပတ်သက်မှု မရှိကြောင်း မြောက်ကိုရီးယားက စနေနေ့တွင် ငြင်းဆိုလိုက်သည်။ ချိုနန်စစ်သင်္ဘော နစ်မြုပ်ခြင်းသည် တောင်ကိုရီးယား စစ်ဘက်၏ အမှားဖြစ်သည်ဟု ကေစီအင်န်အေက ပြောကြားသည်။ ယင်းကဲ့သို့သော ကိစ္စများတွင် မြောက်ကိုရီးယားအား အပြစ်တင်သည်မှာ တောင်ကိုရီးယားနိုင်ငံ၏ လုပ်ရိုးလုပ်စဉ်ဖြစ်သည်ဟု အဆိုပါသတင်းဌာနက ဆက်လက်ရေးသားသည်။ (ရိုက်တာ)

*** နှစ်သ
စ်ကူးကာလ ယာဉ်မတော်တဆမှုများကြောင့် ထိုင်းနိုင်ငံ၌ လူ ၃၀၆-ဦးသေဆုံး ***
(ဗန်ကောက်၊ ဧပြီလ ၁၈-ရက်)
ထိုင်းနိုင်ငံ၏ နှစ်သစ်ကူး ရေသဘင်ပွဲတော်နှင့် အားလပ်ရပ်ကာလများအတွင်း ယာဉ်မတော်တဆ ဖြစ်ပွားမှုများကြောင့် လူပေါင်း ၃၀၀-ကျော် သေဆုံးခဲ့ရပြီး ၃၅၀၀-ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လျော့နည်းကျဆင်းရေးဌာန တာဝန်ရှိသူတစ်ဦးက တနင်္ဂနွေနေ့က ပြောကြားသည်။ ယာဉ်မတော်တဆဖြစ်ပွားမှုများ၏ ၇၄ ဒသမ ၉၃ ရာခိုင်နှုန်းသည် မော်တော်ဆိုင်ကယ်မတော်တဆမှုများဖြစ်သည်။ ယင်းကဲ့သို့ ယာဉ်မတော်တဆမှုများ ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းရင်းသည် အရက်သေစာ သောက်စားမောင်းနှင်ခြင်းနှင့် အရှိန်ဖြင့်မောင်းနှငှ့်ခြင်းများကြောင့် ဖြစ်ကြောင်း သိရသည်။ (အင်တာနက်)

*** မက္ကဆီကို၌ ကုန်တင်လေယာဉ်ပျက်ကျ လေယာဉ်အမှုထမ်း ၅-ဦးနှင့် ခရီးသည်၂-ဦး သေဆုံး ***
(မက္ကဆီကိုစီးတီး၊ ဧပြီလ ၁၈-ရက်)
မက္ကဆီကိုနိုင်ငံ မြောက်ပိုင်းမွန်တာရေးမြို့ လေဆိပ်အနီး ကုန်တင်လေယာဉ်ပျက်ကျရာ လူခုနစ်ဦးသေဆုံးကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ အဲရိုးယူနီယံ လေကြောင်းလိုင်းပိုင် အဲယားဘတ်စ် အေ ၃၀၀-လေယာဉ်သည် မွန်တာရေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းလာစဉ် ဗုဒ္ဓဟူးနေ့ညက ရာသီဥတုဆိုးရွားသဖြင့် ပျက်ကျခဲ့ခြင်းဖြစ်သည်။ လေယာဉ်မီးလောင်းပေါက်ကွဲမှုကြောင့် လေယာဉ်အမှုထမ်း ၅-ဦးနှင့် ခရီးသည် ၂-ဦး သေဆုံးခဲ့သည်။ တာဝန်ရှိသူများက လေယာဉ်ပျက်ကျရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ (ရိုက်တာ)

*** စုစည်းဘာသာပြန်- မောင်မောင်ဆွေ ***

*** အဆိပ်ဖြစ်စေသည့် ပစ္စည်းများ တင်ဆောင်လာသော သင်္ဘော နိုင်ဂျီးရီးယားလုံခြုံရေးတပ်ဖွဲ့ ဖမ်းဆီး ***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)