ဘီးဇီး အက်ဖ်အမ် ရေဒီယိုအသံလွှင့်ဌာနသို့ ဖုန်းဝင်လာသည်။ တာဝန်ကျဝန်ထမ်းက ဖုန်းကိုင်သည်။
`ဟယ်လို… ဘီးဇီး အက်ဖ်အမ်က ပါရှင်´
`ဟုတ်ကဲ့… ကျနော့် နာမည် ရစ်ချက်ပါ။ ကျနော် စောစောလေး ကပဲ ပိုက်ဆံအိတ် တစ်လုံးကောက်ရပါတယ်။ ပိုက်ဆံအိတ်ထဲမှာ ဒေါ်လာ (၈၀၀၀)ကျော်ပါပါတယ်။ အိတ်ပိုင်ရှင်ရဲ့ လိပ်စာကတ်လည်း ပါပါတယ်။ ဂျိမ်းဘီးစ်၊ အမှတ် ၈၀/အေ၊ နယူးအော်လင်း လမ်းမကြီး၊ ချီကာဂိုမြို့၊ ယူအက်စ်အေလို့ ရေးထားပါတယ်။ အဲဒီတော့´
`ဟုတ်ကဲ့… ကျမတို့ ဒါကို ဘာလုပ်ပေးစေချင်ပါသလဲ´
`သြော်… ဒီလိုပါ၊ အဲဒီလူ အတွက် ကျနော်က သီချင်းတစ်ပုဒ်လောက် တောင်းချင်လို့ပါ။ သီချင်းရဲ့ အမည်က `သက်တော်ရာကျော်ရှည်ပါစေ´ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် အခုပဲလွှင့်ပေးပါလား´
မှတ်ချက်။ ။ The Voice အပတ်စဉ်ဂျာနယ်၊ ဧပြီလ ၁၂-ရက် နေ့ထုတ်မှ ကူးယူဖော်ပြသည်။
*** (ဟာဒယနှလုံး- တခဏပြုံး) ***

No comments:
Post a Comment