တောတောင်တွေထဲက
လိပ်ပြာလေးတွေရဲ့
ရင်ဘတ်ထဲမှာ ပန်းဝတ်ရည်တွေရှိတယ်…။
**ဒီညကိုဖြတ်သန်းဖို့
လှောင်ကန်တွေထဲက
ရွှေငါးလေးတွေရဲ့
ရင်ဘတ်ထဲမှာ ရတနာတွေရှိတယ်…။
**ဒီညကိုဖြတ်သန်းဖို့
ပန်းဥယဉ်တွေထဲက
နှင်းဆီဝတ်မှုန့်ရဲ့
ရင်ဘတ်ထဲမှာ ပြားပိတုန်းလေးတွေရှိတယ်…။
**မြို့ပြရဲ့ညတွေထဲက
မြေခွေးတွေရဲ့
ရင်ဘတ်ထဲမှာတော့ သင်္ချီုင်းတွေရှိတယ်…။
**တညလုံးနီးပါးပါပဲ
လမင်းနဲ့မုန်တိုင်းတို့
စစ်ခင်းနေခဲ့ကြတာ
မြေခွေးတအုပ် လမင်းကိုဟောင်ကြတယ်…။
**ဒီလိုနဲ့
အရိုးပြိုင်းပြိုင်းကျနေတဲ့
တောတန်းတောင်စွယ်တွေ
ရဲရဲနီနေတဲ့
မြစ်ချောင်းအင်းအိုင်တွေ
ဒီညကိုဖြတ်သန်းနေချိန်မှာ
လရောင်ကိုငတ်နေခဲ့ကြတာပါ…။
**သခွပ်နီ **(ABSDF တပ်ရင်း ၈)
**ဒီညကိုဖြတ်သန်းဖို့
တောတောင်တွေထဲက
လိပ်ပြာလေးတွေရဲ့
ရင်ဘတ်ထဲမှာ ပန်းဝတ်ရည်တွေရှိတယ်…။
**ဒီညကိုဖြတ်သန်းဖို့
လှောင်ကန်တွေထဲက
ရွှေငါးလေးတွေရဲ့
ရင်ဘတ်ထဲမှာ ရတနာတွေရှိတယ်…။
**ဒီညကိုဖြတ်သန်းဖို့
ပန်းဥယဉ်တွေထဲက
နှင်းဆီဝတ်မှုန့်ရဲ့
ရင်ဘတ်ထဲမှာ ပြားပိတုန်းလေးတွေရှိတယ်…။
**မြို့ပြရဲ့ညတွေထဲက
မြေခွေးတွေရဲ့
ရင်ဘတ်ထဲမှာတော့ သင်္ချီုင်းတွေရှိတယ်…။
**တညလုံးနီးပါးပါပဲ
လမင်းနဲ့မုန်တိုင်းတို့
စစ်ခင်းနေခဲ့ကြတာ
မြေခွေးတအုပ် လမင်းကိုဟောင်ကြတယ်…။
**ဒီလိုနဲ့
အရိုးပြိုင်းပြိုင်းကျနေတဲ့
တောတန်းတောင်စွယ်တွေ
ရဲရဲနီနေတဲ့
မြစ်ချောင်းအင်းအိုင်တွေ
ဒီညကိုဖြတ်သန်းနေချိန်မှာ
လရောင်ကိုငတ်နေခဲ့ကြတာပါ…။
**သခွပ်နီ **(ABSDF တပ်ရင်း ၈)


No comments:
Post a Comment