အင်္ဂလန်အသင်းနှင့် ချဲလ်ဆီးကလပ်အသင်းမှ တယ်ရီနှင့် လမ်းပတ်တို့သည် အားလပ်ရက်တွင် အမဲလိုက်ထွက်ကြသည်။ လမ်းပတ်မှာတစ်ခါမျှ အမဲပစ်မထွက်ဖူးသဖြင့် တယ်ရီကမှာသည်။ `ငါ သားကောင်နောက်လိုက်သွားရင် မင်းဒီနေရာမှာ တိတ်တိတ်လေးနေခဲ့နော်´
`အေးပါစိတ်ချ´
မကြာခင် သမင်တစ်ကောင် နောက်သို့ တယ်ရီလိုက်သွားသည်။ ပစ်ကွင်းကောင်းသည်နှင့် အသေအချာချိန်ရွယ်ပြီး ပစ်မည်လုပ်သောအခါ လမ်းပတ်၏ အသံနက်ကြီးဖြင့် အော်သံကြားလိုက်ရသည်။ လမ်းပတ်ရှိရာရောက်သောအခါ ဒေါသတကြီးဖြင့် တယ်ရီက `မင်းကွာ တိတ်တိတ်နေပါဆို´
`
ပထမမြွေတစ်ကောင်ငါ့ကိုပေါ်တက်လာတယ်။ ငါမအော်ပါဘူး။ ပြီးတော့ ၀က်ဝံတစ်ကောင် ငါ့လည်ပင်းကို လာထိတယ်ငါမအော်သေးပါဘူး။ ဒီနောက်မှာ ရှဥ့်နှစ်ကောင် ငါ့ခြေထောက်ပေါ်တက်လာပြီး´
`ဒီလူတွေကို ဒီမှာပဲစားရင်ကောင်းမလား။ အိမ်ယူသွားမလားပြောတော့ ငါလည်း တိတ်တိတ်မနေနိုင်တော့ဘူးကွ´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment