(ဟနွိုင်း၊ ဧပြီလ ၂-ရက်)
ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၁၀-ခုနှစ်၌ စီးပွားရေးတိုးတက်မှုနှုန်း ၆ ဒသမ ၅-ရာခိုင်နှုန်း ရရှိရန်ကြိုးစားဆောင် ရွက်သွားကြရေး ဗီယက်နမ်နိုင်ငံ ၀န်ကြီးဌာနများနှင့် ဆက်စပ်လျက်ရှိသော လုပ်ငန်းများကို ဗီယက်နမ် ၀န်ကြီး ချုပ် ငုယင်တန်စွန်းက ဧပြီလ ၁-ရက်နေ့က တိုက်တွန်းလိုက်သည်။ ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမလေးလတာ ကာလအတွင်း စီးပွားရေးတိုးတက်မှုနှုန်း ၅ ဒသမ ၈၃-ရာခိုင်နှုန်းရှိခဲ့ရာ ယခင်နှစ် အလားတူ ကာလကထက် စီးပွားရေးတိုးတက်မှုနှုန်း ၃ ဒသမ ၁၄-ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ (အင်တာနက်)
*** ဖိလစ်ပိုင်နှင့် ဆူဒန်လေယာဉ်များ အီးယူနိုင်ငံများသို့ ၀င်ရောက်မှု ပိတ်ပင်ခံရ ***
(မိုဂါဒစ်ရှူး ဧပြီလ ၂-ရက်)
ဆူဒန်နှင့် ဖိလစ်ပိုင်လေကြောင်းဌာနမှ လေယာဉ်အားလုံး ဥရောပသမဂ(အီးယူ)နိုင်ငံများသို့ ၀င်ရောက်မှုကို အီးယူအာဏာပိုင်များကပိတ်ပင်ကြောင်း ဧပြီလ ၂-ရက်နေ့က အင်တာနက်သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ဆူဒန်လေကြောင်းဌာနသည်လည်း ဖော်ပြပါတားမြစ်မှုတွင် အကျုံးဝင်လျက်ရှိသည် ယင်းလေကြောင်းဌာနများသည် နိုင်ငံတကာလုံခြုံရေးစံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိဟု ဥရောပကော်မရှင်က ဖော်ပြသည်။ (အင်တာနက်)
*** တောင်ကိုရီးယားထုတ်ကုန်ပြည်ပ၀ယ်လိုအား မြင့်တက် ***
(ဆိုးလ်၊ ဧပြီလ ၂-ရက်)
တောင်ကိုရီးယားနိုင်ငံသည် မတ်လအတွင်း ပြည်တွင်းထုတ်ကုန်များအပေါ်ပြည်ပမှ ၀ယ်လိုအား ဆက်လက်ကောင်းမွန်သည့်အတွက် ကုန်သွယ်ရေးပိုငွေပြမှု အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၉ ဘီလီယံ ရှိကြောင်း ဧပြီလ ၁-ရက်နေ့က အစိုးရအဖွဲ့က ကြေညာသည်။ တောင်ကိုရီးယားနိုင်ငံ၏ မတ်လကုန်သွယ်ရေှးရှင်းတမ်းတွင် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀-ပြသည့် ဖေဖော်ဝါရီလထက် အနည်းငယ်မြင့်တက်ခဲ့ကြောင်း တွေ့ရှိရသည်။ (ဆင်ဟွာ)
*** အမေရိကန်ရေတပ် ပင်လယ်ဓားပြများအား ဖမ်းဆီး ***
(နိုင်ရိုဘီ၊ ဧပြီလ ၂-ရက်)
အမေရိကန်ရေတပ်သည် ဆေရှဲလ် ကျွန်းစုများအနီးရှိ ပင်လယ်ဓားပြများနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ပင်လယ်ဓားပြ ငါးဦးကို လက်ရဖမ်းဆီးမိကြောင်း ဒေသဆိုင်ရာ သတင်းဌာနက ဧပြီလ ၁-ရက်နေ့က ဖော်ပြသည်။ အာဖရိကကမ်းလွန် အထူးသဖြင့် ဆိုမာလီယာနိုင်ငံအနီးရေပြင်၌ ပင်လယ်ဓားပြမှုများ ပြန်လည်ခေါင်းထောင်လာခဲ့သည့်အပြင် ပြန်ပေးငွေများ ဒေါ်လာထောင်ချီခဲ့ရာမှ သန်းနှင့်ချီသည်အထိ တိုးမြှင့်တောင်းခံလာသည်။ (ဆင်ဟွာ)
*** ဆေးလိပ်ကြောင့် နီပေါ၌ နှစ်စဉ် လူ ၁၅၀၀၀-ခန့် သေဆုံး ***
နီပေါနိုင်ငံတွင် ဆေးလိပ် ဆေးရွက်ကြီး သုံးစွဲမှုကြောင့် ကင်ဆာရောဂါဖြစ်ပွားပြီး နှစ်စဉ် လူပေါင်း ၁၅၀၀၀-ခန့် သေဆုံးနေကြောင်း နီပေါကျန်းမာရေးအရာရှိများက ဧပြီလ ၂-ရက်နေ့က သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** ကမ္ဘာ့ဈေးကွက်၌ ရေနံဈေးနှုန်းတန့်နေ ***
ကမ္ဘာ့ဈေးကွက်တွင် ရေနံဈေးနှုန်းများ အတက်အကျမရှိဘဲ တန့်လျက်ရှိရာ အမေရိကန် နယူးယောက်မြို့ဈေးကွက်၌ ဧပြီလ ၂-ရက်နေ့ ဈေးပိတ်ချိန်၌ ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၃၄ ဒေါ်လာဖြစ်နေဆဲဟု သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** စီးပွားရေးတိုးတက်ရန် ဗီယက်နမ်ဝန်ကြီးချုပ် တိုက်တွန်း ***

No comments:
Post a Comment