နေရရှာသော်၊ စိတ်မပျော်ပြီ
ပြည်တော်ပြန်ရေး၊ တဆွေးဆွေး။
**သူ့အစားနှင့် စကားမတူ
အယူတခြား၊ မျိုနွယ်ခြား၍
အားရပါးရ စကားဝအောင်
နေ့ည မဟူသာ၊ ပြောချင်ရှာလည်း
ဘာသာလည်းစိမ်း၊ လူလည်းစိမ်း။
**အမိအဖ၊ သတိရလည်း
ဦးချစိတ်ဖြေ၊ လွမ်းမပြေခဲ့
မိတ်ဆွေသူငယ်ချင်း၊ ပေါင်းအသင်းနှင့်
ဒူးရင်းသီး၀၀ တညင်းသီး၀၀၊ မစားရဟု
တောင့်တအာသာ၊ မပြေရှာခဲ့
သူ့ရွာသူ့မြေ၊ သာမောချေလည်း
မိတ်ဆွေမဲ့ကင်း လျှာမဲ့ကင်းသို့
သတင်းလည်းပျောက်၊ အလင်းပျောက်သို့
မိုးသောက်နေ၀င်၊ အိမ်ထဲဝင်၍
မီးကင်အာဟာရ၊ သူ မ၀ခဲ့
အလှပျောက်ကွယ်၊ သမီးငယ်မှာ
ငြီးငွေ့ဖွယ်၊ မျက်နှာငယ်သည်
မလွယ်ပါလှ၊ အိမ်လွမ်းဘ၀…။ ။
*** တင်မိုး ***
(၁၇၊ မေလ၊ ၁၉၉၉၊ တနင်္လာနေ့ နံနက်ခင်း)
**သူ့ပြည်သူ့ရွာ သူ့ဖူးစာဟု
နေရရှာသော်၊ စိတ်မပျော်ပြီ
ပြည်တော်ပြန်ရေး၊ တဆွေးဆွေး။
**သူ့အစားနှင့် စကားမတူ
အယူတခြား၊ မျိုနွယ်ခြား၍
အားရပါးရ စကားဝအောင်
နေ့ည မဟူသာ၊ ပြောချင်ရှာလည်း
ဘာသာလည်းစိမ်း၊ လူလည်းစိမ်း။
**အမိအဖ၊ သတိရလည်း
ဦးချစိတ်ဖြေ၊ လွမ်းမပြေခဲ့
မိတ်ဆွေသူငယ်ချင်း၊ ပေါင်းအသင်းနှင့်
ဒူးရင်းသီး၀၀ တညင်းသီး၀၀၊ မစားရဟု
တောင့်တအာသာ၊ မပြေရှာခဲ့
သူ့ရွာသူ့မြေ၊ သာမောချေလည်း
မိတ်ဆွေမဲ့ကင်း လျှာမဲ့ကင်းသို့
သတင်းလည်းပျောက်၊ အလင်းပျောက်သို့
မိုးသောက်နေ၀င်၊ အိမ်ထဲဝင်၍
မီးကင်အာဟာရ၊ သူ မ၀ခဲ့
အလှပျောက်ကွယ်၊ သမီးငယ်မှာ
ငြီးငွေ့ဖွယ်၊ မျက်နှာငယ်သည်
မလွယ်ပါလှ၊ အိမ်လွမ်းဘ၀…။ ။
*** တင်မိုး ***
(၁၇၊ မေလ၊ ၁၉၉၉၊ တနင်္လာနေ့ နံနက်ခင်း)


No comments:
Post a Comment