ချဲလ်ဆီးအသင်းမှ ကပ်စေးနည်းသော ဒရော့ဘာနှင့် လမ်းပတ်တို့ ဘဏ်တစ်ခုအတွင်း ရောက်ရှိနေစဉ် ရုတ်တရက်ဓားပြများ ၀င်ရောက်လာသည်။ ဘဏ်အတွင်းရှိ ငွေများကိုသိမ်းယူရုံသာမက ဘဏ်တွင်းရှိလူများထံမှ ငွေနှင့်ပစ္စည်းများကိုလည်း လုယက်လေတော့သည်။ လူအားလုံးအထိတ်တလန့်နှင့် ပိုက်ဆံအိတ်များ တန်ဖိုးရှိပစ္စည်းများကို ချွတ်ပေးနေကြစဉ် ဒရော့ဘာမှာ ဓားပြများအလစ်တွင် လမ်းပတ်၏ ဘောင်းဘီအိတ်အတွင်းသို့ တစ်စုံတစ်ခု ထိုးထည့်လိုက်သည်။
`ဘာလဲကွ… မင်းထည့်လိုက်တာ´
`သြော်… မင်းကို ငါပေးစရာရှိတဲ့အကြွေး ဒေါ်လာ ၁၀၀-လေ ငါပြန်ဆပ်လိုက်ပြီနော်´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment