စာသတင်းတွေနဲ့
အာခံတွင်းက ၀င်းဝင်းတောက်ပေမဲ့
ငါးပေါက်သံ ခြောက်ပေါက်သံ ဆိုဟဲ့
သံမှန် ခုနစ်သံချီ မဆိုနဲ့လို့
ဟိုကလှည့်ငေါက် သည်ကလှည့်ငေါက်နဲ့
ကြောက်လိုက်ရတာ ဖိန့်ဖိန့်တုန်။
**စာဆိုတော် ဘဝ
ငါပျော်လို လှပေမယ့်
မဆိုချင်တာ ဆိုရမို့
ငိုချင်းချချင်ရဲ့ စာဆိုတော်ဖြစ်ပုံ။
**ဦးပုညနဲ့ အချုပ်တန်း
အဖမ်းခံလို ခံရ
အသတ်ခံလို ခံရ
ရှေးက စာဆိုတော်များလိုပဲ
မတော်မတရား အစုံ အစုံ
စာဆိုဂုဏ်ဆိုတာ နတ္ထိ။
**အမှား ဘက်လိုက်
တရားပျက် ကြိုက်ကြတော့
စားအမှိုက် စာအလှေး
စာအသွေး စာအရောင် မပေါ်
စာဆိုတော် ကလောင်အတုတွေကို
ထောင်ဆုတွေ ပေးလိုပေး
ကြေးစားတွေ နေရာရသတဲ့
မင်းခတဲ့ ကလောင်စုတ် ကလောင်ပုပ်ကို
တောင်စမုတ်က ထောင်ထုပ် ချီးမြှင့်သတဲ့
နားဖွင့် မျက်စိဖွင့်
ရဲရင့်တဲ့ ကလောင်မင်းတွေကိုတော့
ထောင်သွင်း အကျဉ်းချ
မင်းဓားပြတွေက ညှဉ်းကြသတဲ့
ရှေးရှေးက ပဒေသရာဇ်
အခုခေတ် အုပ်စိုးသူ
အတူတူနဲ့ အနူနူမို့
ပြည်သူကို စံထား
အမှန်တရားကို ချဉ်းလေသမျှ
မင်းတွေက မကြည်ဖြူ
လူမဆန် မူမမှန်
တယူသန် ထိုထိုမင်းတွေကြောင့်
စာဆိုတော် ရေးဖော်တသင်းတို့မှာ
ဒုက္ခတွင်းဆီသို့
မုချ ဆင်းရလေကုန်၏။ ။
*** တင်မိုး ***
(၁၈၊ မေလ ၁၉၉၉၊ အင်္ဂါနေ့ နံနက်ခင်း)
**ကဗျာ သီချင်း
စာသတင်းတွေနဲ့
အာခံတွင်းက ၀င်းဝင်းတောက်ပေမဲ့
ငါးပေါက်သံ ခြောက်ပေါက်သံ ဆိုဟဲ့
သံမှန် ခုနစ်သံချီ မဆိုနဲ့လို့
ဟိုကလှည့်ငေါက် သည်ကလှည့်ငေါက်နဲ့
ကြောက်လိုက်ရတာ ဖိန့်ဖိန့်တုန်။
**စာဆိုတော် ဘဝ
ငါပျော်လို လှပေမယ့်
မဆိုချင်တာ ဆိုရမို့
ငိုချင်းချချင်ရဲ့ စာဆိုတော်ဖြစ်ပုံ။
**ဦးပုညနဲ့ အချုပ်တန်း
အဖမ်းခံလို ခံရ
အသတ်ခံလို ခံရ
ရှေးက စာဆိုတော်များလိုပဲ
မတော်မတရား အစုံ အစုံ
စာဆိုဂုဏ်ဆိုတာ နတ္ထိ။
**အမှား ဘက်လိုက်
တရားပျက် ကြိုက်ကြတော့
စားအမှိုက် စာအလှေး
စာအသွေး စာအရောင် မပေါ်
စာဆိုတော် ကလောင်အတုတွေကို
ထောင်ဆုတွေ ပေးလိုပေး
ကြေးစားတွေ နေရာရသတဲ့
မင်းခတဲ့ ကလောင်စုတ် ကလောင်ပုပ်ကို
တောင်စမုတ်က ထောင်ထုပ် ချီးမြှင့်သတဲ့
နားဖွင့် မျက်စိဖွင့်
ရဲရင့်တဲ့ ကလောင်မင်းတွေကိုတော့
ထောင်သွင်း အကျဉ်းချ
မင်းဓားပြတွေက ညှဉ်းကြသတဲ့
ရှေးရှေးက ပဒေသရာဇ်
အခုခေတ် အုပ်စိုးသူ
အတူတူနဲ့ အနူနူမို့
ပြည်သူကို စံထား
အမှန်တရားကို ချဉ်းလေသမျှ
မင်းတွေက မကြည်ဖြူ
လူမဆန် မူမမှန်
တယူသန် ထိုထိုမင်းတွေကြောင့်
စာဆိုတော် ရေးဖော်တသင်းတို့မှာ
ဒုက္ခတွင်းဆီသို့
မုချ ဆင်းရလေကုန်၏။ ။
*** တင်မိုး ***
(၁၈၊ မေလ ၁၉၉၉၊ အင်္ဂါနေ့ နံနက်ခင်း)


No comments:
Post a Comment