မန်ယူအသင်းနည်းပြကြီး ဖာဂူဆန်တစ်ယောက် အသင်းသားများ၏ ပတ်ဝန်းကျင်လေ့လာမှုအား ကောင်းစေရန် ဓာတုပညာရပ်များကို အသုံးပြုကာ ပို့ချနေသည်။
`ဒီဖန်ချောင်းထဲမှာ ဆီးတွေထည့်ထားတယ်။ ပါရဂူတစ်ယောက်ဖြစ်ဖို့ ဆိုရင်၊ အရည်တစ်ခုရဲ့အရောင်၊ အနံ့၊ အရသာပြင် အမြင်အာရုံကောင်းဖို့လည်း လိုတယ်။´
မပြောမဆိုနှင့် ဖန်ချောင်းထဲသို့ လက်တစ်ချောင်းထည့်ပြီး ပြန်ထုတ်ကာ ပါးစပ်ထဲထည့်လိုက်သည်။ တပည့်များအားလုံးလည်း ယင်းသို့ပြုလုပ်ခိုင်းရာ မ၀ံ့မရဲနှင့် လိုက်လုပ်ကြရလေသည်။ အားလုံးပြုလုပ်ပြီးသောအခါ ဖာဂူဆန်က… `မင်းတို့ကောင်တွေ ပတ်ဝန်းကျင်လေ့လာမှု တစ်ယောက်မှမကောင်းကြဘူး။ ငါကလက်ညှိုးနဲ့ ဖန်ချောင်းထဲထည့်ပြီး လက်ခလယ်နဲ့ ပါးစပ်ထဲထည့်လိုက်တာကွ။´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment