ရောင်စုံ အလံစုတ်ကလေး ချတ်ပြီး
အိပ်ပျော်နေရှာတဲ့ ရဲဘော်။
**အိပ်မှုန်စုံမွှားနဲ့
ကစမ်းက၀ါး ထ
ဒဿနတွေ တပိုင်းတစရွတ်
ရူးသွပ်မှု အထွေထွေနဲ့
အမှိုက်သရိုက်တွေ လွင့်ပါ
ယမကာနဲ့ တသင်းသင်းနဲ့
မိုးလင်းပြီနော်။
**တံခါးတွေ ပိတ်တော့
အမှားတွေ အဆိပ်တက်
အအိပ်ပျက် ယောင်ရမ်းအော်
မလျော်ကန်တဲ့ အသံစုံများ။
**ကုဗတုံး တွေနဲ့
လူ့ဘ၀ အရှုံးတွေ ပြလားပြရဲ့
သင်္ကေတတွေနဲ့ ညည်းလား ညည်းရဲ့
မီးရောင်တွေ ကွေ့ကောက်သွား
ဝိုးတ၀ါးနဲ့ မှောင်ထဲစမ်း
မျက်ကန်းတွေ လက်ဝှေ့ထိုးသတဲ့
ကိုးယို့ကားယား…။ ။
** တင်မိုး **
(၄၊ မေလ၊ ၁၉၉၉၊ အင်္ဂါနေ့ နံနက်ခင်း)
**သေတင်းကုပ်ထိပ်မှာ
ရောင်စုံ အလံစုတ်ကလေး ချတ်ပြီး
အိပ်ပျော်နေရှာတဲ့ ရဲဘော်။
**အိပ်မှုန်စုံမွှားနဲ့
ကစမ်းက၀ါး ထ
ဒဿနတွေ တပိုင်းတစရွတ်
ရူးသွပ်မှု အထွေထွေနဲ့
အမှိုက်သရိုက်တွေ လွင့်ပါ
ယမကာနဲ့ တသင်းသင်းနဲ့
မိုးလင်းပြီနော်။
**တံခါးတွေ ပိတ်တော့
အမှားတွေ အဆိပ်တက်
အအိပ်ပျက် ယောင်ရမ်းအော်
မလျော်ကန်တဲ့ အသံစုံများ။
**ကုဗတုံး တွေနဲ့
လူ့ဘ၀ အရှုံးတွေ ပြလားပြရဲ့
သင်္ကေတတွေနဲ့ ညည်းလား ညည်းရဲ့
မီးရောင်တွေ ကွေ့ကောက်သွား
ဝိုးတ၀ါးနဲ့ မှောင်ထဲစမ်း
မျက်ကန်းတွေ လက်ဝှေ့ထိုးသတဲ့
ကိုးယို့ကားယား…။ ။
** တင်မိုး **
(၄၊ မေလ၊ ၁၉၉၉၊ အင်္ဂါနေ့ နံနက်ခင်း)


No comments:
Post a Comment