ဒီတနွေက ပူရှိန်မြင့်ခေါင်
နေကျဲလောင်လို့
ကျိုးပဲ့ကစင်း
ဟိုလယ်ကွင်းလည်း
ပတ်ကြားအက်နေ ငါ့ရွှေမြေ…..
**စမ်းရေခမ်းခြောက်
မိုးပေါက်လွှင့်စင်
မမြင်တိမ်သား
ရေငတ်နွားနှင့်
လူသားငရဲ ကပ်ထဲကပ်ဆိုက်
ရာသီမိုက်နေ ငါ့ရွှေပြည် …..
**လယ်ကွင်းပတ်ကြား
အငတ်သုံးပါးနှင့်နှပမ်းလုံးနေ
ငါ့ရွှေပြည်သား လူအများက
ကြိမ်မီးအုံးထား ရင်ပူမျှားဖြင့်
ယူထားတာဝန် မကျေပွန်သည့်
မင်းစိုးပဒေသရာဇ် ထိုစနစ်ကို
နွေမီးထိုးစွ ကြိမ်းမီးကြွ၍
ကျွမ်းလောင်ရှို့ဖျက် အဆုံးသက်မည်
ဒီနွေအပူ သက်သေတည်။ ။
** PKU**
**ရော်ရွက်စုံကြွေ
ဒီတနွေက ပူရှိန်မြင့်ခေါင်
နေကျဲလောင်လို့
ကျိုးပဲ့ကစင်း
ဟိုလယ်ကွင်းလည်း
ပတ်ကြားအက်နေ ငါ့ရွှေမြေ…..
**စမ်းရေခမ်းခြောက်
မိုးပေါက်လွှင့်စင်
မမြင်တိမ်သား
ရေငတ်နွားနှင့်
လူသားငရဲ ကပ်ထဲကပ်ဆိုက်
ရာသီမိုက်နေ ငါ့ရွှေပြည် …..
**လယ်ကွင်းပတ်ကြား
အငတ်သုံးပါးနှင့်နှပမ်းလုံးနေ
ငါ့ရွှေပြည်သား လူအများက
ကြိမ်မီးအုံးထား ရင်ပူမျှားဖြင့်
ယူထားတာဝန် မကျေပွန်သည့်
မင်းစိုးပဒေသရာဇ် ထိုစနစ်ကို
နွေမီးထိုးစွ ကြိမ်းမီးကြွ၍
ကျွမ်းလောင်ရှို့ဖျက် အဆုံးသက်မည်
ဒီနွေအပူ သက်သေတည်။ ။
** PKU**


No comments:
Post a Comment