အဲဗာတန်အသင်းသည် မန်စီးတီးအသင်း၏ အသက် ၂၃-နှစ်အရွယ်ရှိ စွယ်စုံရ ကစားသမား နီဒမ်အိုနျူ ယိုဟာအား ပြောင်းရွှေ့ကြေးပေါင် ၃ ဒသမ ၇၅-သန်းပေးကာ ခေါ်ယူရန် ကြိုးပမ်းနေသည်။ (အင်တာနက်)
*** ဂိုးသမား ဂိုမက်စ်အား ဘိုင်ယန် ပစ်မှတ်ထား ***
စပါးအသင်းဂိုးသမား ဟူရီလိုဂိုမက်စ်အား ဘွန်ဒက်စ်လီဂါထိပ်သီးအသင်း ဘိုင်ယန်မြူးနစ်က စာချုပ်ခေါ်ယူရန် ပစ်မှတ်ထားနေသည်။ (အင်တာနက်)

*** ၀ုဖ်ဘက်ဂ်ကွင်းလယ်မှ ဟာဆီဘီအား ဘာမင်ဂမ်ခေါ်ယူလို ***
ဘာမင်ဂမ်အသင်းသည် ဘွန်ဒက်စ်လီဂါအသင်း ၀ုဖ်ဘတ်ဂ်မှ အသက် ၂၆-နှစ်အရွယ်ရှိ ဂျပန်လက်ရွေးစင်ကွင်းလယ်ကစားသမား မာကိုတိုဟာဆီဘီအား ခေါ်ယူလိုသည်ဟုဆိုသည်။ (အင်တာနက်)
*** လီဗာပူးနည်းပြဖြစ်လာရန် ဟော့ဒ်ဆန် ရေပန်းစား ***
နည်းပြဘင်နီတက်ဇ် လီဗာပူးမှ ထွက်ခွာလျှင် ၄င်း၏ နေရာကို ဆက်ခံမည့်သူ အဖြစ် အသက် ၆၂-နှစ်အရွယ်ရှိ ဖူလ်ဟမ်နည်းပြ ရွိုင်ဟော့ဒ်ဆန်က ထိပ်ဆုံးမှ ရေပန်းစားနေကြောင်း၊ အကယ်၍ ယင်းတာဝန်ကို ယူဖြစ်ခဲ့ပါက နည်းပြလောကမှ အနားမယူမီ ကြီးကျယ်ခမ်းနားပြီး ကြီးလေးသော တာဝန်တစ်ခုကို ထမ်းဆောင်ခွင့်ရခြင်းဖြစ်မည်ဟု ဆွစ်ဇာလန် လက်ရွေးစင်အသင်းနှင့် အင်တာမီလန်နည်းပြဟောင်း ဟော့ဒ်ဆန်က ပြောကြားခဲ့ကြောင်း သိရသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-ချစ်စိုးနိုင် ***
*** အိုနျူယိုဟာအား ခေါ်ယူရန် အဲဗာတန်ကြိုးပမ်း ***

No comments:
Post a Comment