*** လုပ်ငန်းခွင်စိတ်ဖိစီးမှု နှလုံးရောဂါအဖြစ်များ ***
(လန်ဒန်၊ မေလ ၉-ရက်)
အသက် ၅၀-အောက် အမျိုးသမီးများသည် လုပ်ငန်းခွင်၌ စိတ်ဖိစီးမှုခံရ၍ နှလုံးရောဂါဖြင့်သေဆုံးမှုများ ပိုမိုများ ပြားလျက်ရှိကြောင်း သူနာပြုဆရာမများအား သုတေသနပြု လေ့လာတင်ပြထားသည်။ အသက်ငယ် ရွယ်သူ အမျိုးသမီးများသည် အသက် ၅၀-ကျော်၊ ၆၀-ကျော် အမျိုးသမီးများထက် လုပ်ငန်းခွင်၌ စိတ်ဖိစီးမှုပိုများ၍ နှလုံးရောဂါဖြင့်ပွားမှုများလာကြောင်း ဒိန်းမတ်သုသေသီများက လေ့လာတင်ပြခဲ့ခြင်း ဖြစ်သည်။ အဆိုပါ သုတေသီများက သူနာပြုဆရာမ ၁၂၀၀၀-အား တွေ့ဆုံမေးမြန်း သုတေသနပြုခဲ့ရာ အများစုမှာ လုပ်ငန်းခွင်တွင် စိတ်ဖိစီးမှုခံကြရကြောင်း၊ အချို့မှာနှလုံးရောဂါများခံစားနေကြရကြောင်း လေ့လာ တင်ပြထားသည်။ (အင်တာနက်)
*** ဆရာဝန်များ၏ ကုသမှုခံယူနေစဉ် လူနာများ နှလုံးခုန်သွေးတိုးမှုပိုမြန်ဟုဆို ***
ဆရာဝန်များကုသစစ်ဆေးနေချိန်အတွင်း လူနာများ၏ နှလုံးခုန်သွေးတိုးမှုမှာ ပိုမိုမြင့်တက်စေနိုင်ကြောင်း သုတေသီများက ပြောကြားသည်။ လူနာများအား ခွဲစိတ်ကုသရန်သော်လည်းကောင်း၊ ဆေးစစ်ဆေးကုသရန်သော်လည်းကောင်း၊ ဆရာဝန်များက စစ်ဆေးသည့်အခါ စိတ်လှုပ်ရှားမှုကြောင့် နှလုံးခုန်နှုန်းပိုမြန်စေခြင်းဖြစ်ကြောင်း သြစတြေးလျ သုတေသနအဖွဲ့က လေ့လာတင်ပြခဲ့သည်။ ဗြိတိန်နိုင်ငံရှိ အရွယ်ရောက်သူ ၄၀-ရာခိုင်နှုန်းမှာ သွေးတိုးစေနိုင်သည့် စွန့်စားမှုများရှိနေပြီး နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ လေဖြတ်ခြင်းတို့နှင့် ဆက်နွယ်နေသည်ဟု ဆိုသည်။ (အင်တာနက်)
*** Public Health ***

No comments:
Post a Comment