ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, May 11, 2010

မေလအတွင်း နိုင်ငံတကာထူးခြားသတင်းများ…

> *** ဂျာမနီ ကုန်တင်သင်္ဘော ဆိုမာလီဓားပြများ အပိုင်စီး ***
(နိုင်ရိုဘီ၊ မေလ ၉-ရက်)
အိုမန်နိုင်ငံ ဆာလာလာမြို့တောင်ဘက် မိုင် ၁၂၀-ခန့် အကွာ ကမ်းလွန်ပင်လယ်ပြင်၌ ဂျာမနီဓာတုဗေဒ ပစ္စည်း တင်သင်္ဘောတစ်စင်းကို ဆိုမာလီဓားပြများ ပြန်ပေးဆွဲခဲ့ကြောင်း ဥရောပသမဂ(အီးယူ)ရေတပ်က မေလ ၈-ရက်နေ့တွင် ပြောကြားသည်။ အဆိုပါ သင်္ဘောပေါ်တွင် အိန္ဒိယ ၁၉-ဦး၊ ယူကရိန်းတစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ် ၂-ဦး စုစုပေါင်း သင်္ဘောသား ၂၂-ဦးလိုက်ပါလာပြီး ကုန်ပစ္စည်းတန်ချိန် ၁၃၀၀၀-တင်ဆောင်လာသည်ဟု ဆိုသည်။ ယင်းသင်္ဘောကို ဓားပြများက စက်သေနတ်များ၊ လက်ပစ်ဗုံးများနှင့် ပစ်ခတ်တိုက်ခိုက်ကာ ပြန်ပေးဆွဲ သွားခြင်းဖြစ်သည်ဟု ဆိုသည်။ ပင်လယ်ဓားပြ နှိမ်နင်းရေးနှင့် ကုန်တင်သင်္ဘောများအား စောင့်ရှောက်ပေး ရန်အတွက် နေတိုးရေတပ်အပါအ၀င် အီးယူ၊ ရုရှား၊ တရုတ်၊ တောင်ကိုရီးယားနှင့် အိန္ဒိယရေတပ်များ ဆိုမာ လီကမ်းလွန် ပင်လယ်ပြင်အတွင်း တပ်ဖြန့်ချထားလျက်ရှိ သော်လည်း အဆိုပါဒေသ၌ ပင်လယ်ဓားပြမှုများ ဆက် လက်ဖြစ်ပွားလျက်ရှိနေသည်။ (ဆင်ဟွာ)

*** ကုသမဂ စားနပ်ရိက္ခာဆု ဘရားဇီးသမ္မတ ရရှိမည် ***
(ဘရာဆီးလီးယား၊ မေလ ၉-ရက်)
ဘရာဇီးသမ္မတ လူလာဒါဆီးလ်ဗားသည် ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ်(ဒဗလျူအက်ဖ်ပီ)က ချီးမြှင့်မည့် ငတ်မွတ်မှုတိုက်ဖျက်ရေးဆုတံဆိပ်ကို လာမည့် ရက်သတ္တပတ်အတွင်း လက်ခံရရှိမည်ဖြစ်ကြောင်း ဒေသခံမီဒီယာက မေလ ၇-ရက်နေ့တွင် ဖော်ပြသည်။ လူလာဒါဆီးလ်ဗားသည် သမ္မတ သက်တမ်းနှစ်ဆက်အတွင်း ငတ်မွတ်မှု တိုက်ဖျက်ရေးကို ဦးစားပေးဆောင်ရွက်ခဲ့သဖြင့် ၄င်းအား ဆုချီးမြှင့်ရန် ရွေးချယ်ခဲ့သည်ဟု ကုလသမဂ္ဂက ပြောကြားသည်။ ဒဗလျူအက်ဖ်ပီ အမှုဆောင်ညွှန်ကြားရေးမှူး ဂျိုးဇက်ရှီတန်ကလူလာက ဆုချီးမြှင့်မည်ဖြစ်ပြီး ဘရာဆီးလီးယားမြို့၌ ဆောင်ရွက်နေသည့် ဘရာဇီးအစိုးရ၏ ငတ်မွတ်မှုပပျောက်ရေးအပါအ၀င် အခြားအစီအစဉ်များကို သွားရောက်လေ့လာမည်ဖြစ်သည်။ (အင်တာနက်)

*** တရုတ်ပြည်တောင်ပိုင်း၌ ဆက်လက်မိုးသည်းထန် ***
တရုတ်ပြည်တောင်ပိုင်းတွင် လူ ၆၅-ဦးသေဆုံးစေခဲ့သည့် မိုးသည်းထန်စွာ ရွာသွန်းမှုမှာ နောက်ထပ် ၂-ရက်ဆက်တိုက်ဖြစ်ပေါ်နေပြီး အချို့ဒေသတို့၌ မိုးသည်းထန်ပြီး မိုးသီးများကျရောက်ဖွယ်ရှိကြောင်း တရုတ်အမျိုးသားမိုးလေ၀သဌာက မေလ ၉-ရက်နေ့တွင် ကြေညာသည်။ (အင်တာနက်)

*** အာချေးပြည်နယ်အနီး ငလျင်လှုပ် ***
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် ဆူမတြားကျွန်းအနီး ပင်လယ်ပြင်၌ ရစ်ခ်ျတာစကေး ၇ ဒသမ ၄-အဆင့်ရှိ ငလျင်တစ်ခု မေလ ၉-ရက်နေ့က လှုပ်ခဲ့သဖြင့် ဒေသဆိုင်ရာ မိုးလေ၀သဌာနက ဆူနာမီသတိပေးချက်ထုတ်ပြန်ကြေညာထားကြောင်း အင်တာနက်သတင်း၌ မေလ ၉-ရက်နေ့က ဖော်ပြသည်။ (အင်တာနက်)

*** မောင်းသူမဲ့လေယာဉ်ပစ်ခတ်မှု ပါကစ္စတန်၌ ၅-ဦးသေဆုံး ***
ပါကစ္စတန်နိုင်ငံ မြောက်ဝါဇီရစ္စတန်ဒေသတွင် မေလ ၉-ရက်နေ့က မောင်းသူမဲ့လေယာဉ်မှ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် အနည်းဆုံး ၅-ဦးသေဆုံးပြီး ၃-ဦးဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာသတင်း၌ ဖော်ပြသည်။ (အင်တာနက်)

*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***

*** ဂျာမနီ ကုန်တင်သင်္ဘော ဆိုမာလီဓားပြများ အပိုင်စီး ***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)