မန်ယူအသင်းသည် ရီရဲကွင်းလယ်ကစားသမား လက်ဆာနာဒီယာရာအား စာချုပ်ခေါ်ယူရန် လေ့လာစုံစမ်းမှုများပြုလုပ်နေကြောင်း သို့သော်လည်း လီဗာပူးကမူ ရီရဲက ဒီယာရာ၏ ပြောင်းရွှေ့ကြေးကို ပေါင် ၁၇-သန်းဟု ဆိုထားသဖြင့် နောက်ဆုတ်သွားဖွယ်ရှိကြောင်း ဖော်ပြသည်။ (အင်တာနက်)
*** ဆားဘီးယားမှ ဆူဘိုတစ်အား ဒေါ့တမန် ခေါ်ယူ ***
ဘိုရုရှားဒေါ့တမန်အသင်းသည် မန်ယူက ပစ်မှတ်ထားနေသော အသက် (၂၁)နှစ်ရှိ ဆားဘီယားလက်ရွေးစင်အသင်း ဗဟိုခံစစ်မှူး နီဗင်ဆူဘိုတစ်အား ပြောင်းရွှေ့ကြေးပေါင် သန်း ၂၀-ပေးခေါ်ယူခဲ့ကြောင်း၊ ၄င်းအား အာဆင်နယ်နှင့် မန်စီးတီးတို့လည်း ခေါ်ယူလိုကြကြောင်း သိရသည်။ (အင်တာနက်)
*** တိုက်စစ်မှူး တီဗက်ဇ်အား မန်စီနီ ထွက်ခွာခွင့်ပြု ***
မန်စီးတီးမှ အာဂျင်တီးနားတိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်အနေဖြင့် အသင်းတွင် မပျော်ရွှင်ပါက ထွက်ခွာခွင့်ပြုကြောင်း မန်စီးတီးနည်းပြ မန်စီနီက ထုတ်ဖော်ပြောကြားလိုက်သည်။ (အင်တာနက်)
*** မိုဒရစ်အား စာချုပ်ခေါ်ယူရန် မန်ယူစီစဉ် ***
မန်ယူအသင်းသည် စပါးအသင်းမှ အသက် (၂၄)နှစ်ရှိ ခရိုအေးရှားကွင်းလယ်ကစားသမား လူကာမိုဒရစ်အား ယခု နွေရာသီတွင် နံပါတ်တစ် ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ပြောင်းရွှေ့ကြေး ပေါင် ၂၅-သန်းပေး ကမ်းလှမ်းစာချုပ်ခေါ်ယူရန် စီစဉ်ပြင်ဆင်နေသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်- ချစ်စိုးနိုင် ***
*** ရီရဲကွင်းလယ်မှ ဒီိယာရာအား မန်ယူ လေ့လာအကဲခတ်နေ ***

No comments:
Post a Comment